Tuesday, January 07, 2020

စစ်ပွဲများကို အမြန်ဆုံးရပ်တန့်စေချင်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုပြော

Image may contain: 3 people, eyeglasses
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကိုအပြန်ဆုံး ရပ်တန့်စေချင်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုလိုက်သည်။

“ကျနော်တို့ကလည်း စစ်ပွဲတွေတော့ အမြန်ဆုံးရပ်စေချင်တာပေ့ါ။ ပြည်သူတွေကလည်း ဒါပဲ ဆန္ဒရှိတာပဲလေ။ ကျနော်တို့ကလည်း လုပ်နိုင်သလောက် လုပ်ပေးနေပါတယ်။ အဓိကတော့ ပြည်ထောင်စုကပဲ လုပ်နေတာပေါ့”ဟု ဝန်ကြီးချုပ်ဦးညီပုက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ရသေ့တောင်မြို့နယ်မှ စစ်တွေမြို့ပေါ်သို့ ထွက်ပြေးတိမ်ရှောင်လာသည့် စစ်ဘေးရှောင် ၅ဝဝ ကျော်အတွက် ဇန်နဝါရီလ ၆ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တစ်လစာ စားနပ်ရိက္ခာ သွားရောက်ထောက်ပံ့ပေးခဲ့စဉ် ဝန်ကြီးချုပ်က သတင်းထောက်များကို ပြောခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းနှင့် ချင်းပြည်နယ်ပလက်ဝမြို့တို့တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်အထိ ကြာမြင့်လာနေပြီဖြစ်သည်။
ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာမှ စစ်တွေမြို့တွင် ဝင်ရောက်ခိုလှုံနေသူ ဒေါ်အေးလှသိန်းက "စစ်မဖြစ်ရအောင် အားလုံးကိုတောင်းဆိုချင်ပါတယ်။ ကိုယ့်အိမ်ကိုယ်ယာနဲ့နေချင်တာပေါ့လေ။ အခုက ငြိမ်းချမ်းရေးအကြောင်းကို ပြောလာပြီးဆိုရင် ပိုဆိုးတယ်။ ဟိုကပစ်၊ ဒီကပစ်လိုက်နဲ့ ကျမတို့က ငြိမ်းချမ်းရေးလို့ ပြောသံကြားရင် ဝမ်းသာတယ်။ ဒါပေမယ့်လည်း မိုးမချုပ်ဘူး။ ပစ်သံတွေကြားနေရပြီ။ အဲဒါဘယ်လိုငြိမ်းချမ်းရေး ရနိုင်မှာလဲ။"ဟု မေးခွန်းထုတ်သည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်အထိရှိလာနေပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင်လည်း စစ်ဘေးရှောင်ဦးရေ ထောင်နှင့်ချီရှိနေပြီဟု အရပ်ဘက်အဖွဲ့အစည်းများ၏စာရင်းများအရ သိရသည်။ ယင်းအပြင် အပြစ်မဲ့အရပ်သားများ သေဆုံးဒဏ်ရာရရှိမှုများလည်း ရှိနေသည်ဟု သိရသည်။
နောင်ခိုင်အောင်
နိရဥၥရာ
Unicode -
စစ်ပွဲများကို အမြန်ဆုံးရပ်တန့်စေချင်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုပြော
နောင်ခိုင်အောင်
နိရဉ်စရာ၊ ဇနျနဝါရီ ၇/ ၂၀၂၀

No comments:

Post a Comment

My Blog List