Thursday, January 09, 2020

လက်နက်ကိုင်ပြီး အားသာချက်ယူကာ ဖြေရှင်းခြင်းသည် စိတ်ကူးယဉ်မှုမျိုးဖြင့် ပြဿနာကို ဖြေရှင်း၍မရဟု နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် သတိပေးပြောကြား

Image may contain: 3 people, people sitting

လက်နက်ကိုင်ပြီး အာသားချက်ယူကာ ဖြေရှင်းခြင်းသည် စိတ်ကူးယဉ်မှုမျိုးဖြင့် ပြဿနာကို ဖြေရှင်း၍ မရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်သည်။

ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော JICM အစည်းအဝေးတွင် အဖွင့် အမှာစကား ပြောကြားရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ဖြစ်သည်။
နှစ်ပေါင်း ၇၀ ကျော် ရှည်ကြာခဲ့ပြီဖြစ်သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကနေ နိုင်ငံရေးအ ရတွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းသည်သာ လက်တွေ့ကျပြီး ထိရောက်နိုင်မည်ဆိုသည်ကို သင်ခန်းစာ ရရှိခဲ့ကြပြီဟု သူမကဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က "မမျှော်လင့်ဘဲ လက်နက်ကိုင်တိုက်ခိုက်မှုတွေ များလာတဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း ကျွန်မအနေနဲ့ သတိပေးချင်ပါတယ်။ လက်နက်ကိုင်ပြီး အားသာချက်ယူတာမျိုး၊ ဖြေရှင်းချက် အသစ်တွေကို စိတ်ကူး ယဉ်တာမျိုးတွေနဲ့ ကျွန်မတို့ နိုင်ငံ ပြသာနာကို ဖြေရှင်းလို့မရနိုင်ပါဘူး" ဟု ပြောကြားသည်။
နိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော် ဒဏ်ရာဒဏ်ချက်များ၊ တိုင်းရင်းသား ပြည်သူများ၊ အပြစ်မဲ့ကလေးငယ်များ၏ ဒုက္ခ သံသရာ လည်နေခြင်းများသည် လက်နက်ကိုင်ပဋိပက္ခ၏ ဆိုးကျိုးကို မျက်မြင်ကိုယ်တွေ့ သက်သေပြနေသည်ဟု ဆိုသည်။
`လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ရတယ်။ ကျေးရွာတွေ ထိခိုက်ရတယ်။ ပြည်သူတွေ ဒုက္ခသည်စခန်းတွေမှာ ဆင်းဆင်းရဲရဲ နေကြရတယ်။ ဒါတွေက မြင်သာတဲ့ ဆိုးကျိုးတွေပါ။ မမြင်သာတဲ့ ဆိုးကျိုးတွေက ဒေသ၊ ဒေသခံ တိုင်းရင်းသားတွေရဲ့ အနာဂတ်တွေ မှေးမှိန် ပျောက်ကွယ်သွားရတာပဲ ဖြစ်ပါတယ်` ဟု နိုင်ငံတော်၏ အတိုင်ပင်ခံက ပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံက `ရေတို ခဏကာလမှာတော့ မာန်မာနတွေ၊ အာဃာတတွေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေမှာ စီးမျောနေကြပါလိမ့်မယ်။ ရေရှည် ကာလမှာတော့ ဒီလက်နက်ကိုင်တိုက် ပွဲတွေရဲ့ နောက်ကွယ်မှာ ပေးဆပ်လိုက်ရတာက ကျွန်မတို့ တိုင်းရင်းသားတွေ၊ ကျွန်မတို့ တိုင်းရင်းသား ဒေသတွေဆိုတာကို တဖြည်းဖြည်းချင်း အထင်အရှား တွေ့မြင်လာကြရပါလိမ့်မယ်` ဟု ဆိုသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးသည် နှစ်ပါင်း ၇၀ ကျော် မြန်မာ့နိုင်ငံရေး သမိုင်းက သတ်မှတ် ပြဌာန်း ပေးလိုက်သည့် နိုင်ငံ၏ ထွက်ပေါက် ဖြစ်ကြောင်း၊ ဤသည်ကို နိုင်ငံရေး လှုပ်ရှားမှုများ၊ လက်နက်ကိုင် လှုပ်ရှားမှု များက နှစ်ပေါင်းများစွာ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ကာ အဖြေတွက်လာခြင်းဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားသည်။
"ဒါကြောင့် နိုင်ငံရေး စားပွဲဝိုင်းတွေမှာမှာ ဝင်ထိုင်ပြီး ကိုယ်ရဲ့လိုအင်ဆန္ဒ၊ ကိုယ်ရဲ့လိုလားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး၊ ကျွန်မတို့နဲ့ ဆွေးနွေးလိုပါတယ်။ ဒီလို ဆွေးနွေးနိုင်ဖို့အတွက်လည်း ကျွန်မတို့ ငြိမ်းချမ်းရေးတံခါး ဖွင့်ပေးထားတာ ဖြစ်ပါတယ်။ ဖွင့်လှစ်ထားတဲ့ ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိက္ခာရှိရှိ၊ ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းခဲ့ကြဖို့ ကျွန်မအနေနဲ့ အလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်" ဟု နိုင်ငံတော်၏ အတိုင်ပင်ခံက အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြား သွားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် NCA တွင် လက်မှတ်ရေးထိုးထားခြင် းမရှိသည့် မြောက်ပိုင်း ၇ ဖွဲ့အား NCA တွင် လက်မှတ်ရေးထိုးရန် မကြာခဏ တိုက်တွန်း ပြောကြားလေ့ရှိသည်။
လတ်တလောတွင် အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် KTA, TNLA, AA, MNDAA အဖွဲ့တို့ ပဏာမ အပစ်ရပ်စာချုပ် Bilateral တွင် လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးမှုများပြုလုပ်ထားပြီး ယခုလအတွင်း၌လည်း ထပ်မံဆွေးနွေးမှု ပြုလုပ် မည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
တစ်ဖက်တွင်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး လက်ရှိ အခြေအနေတွင်လည်း စစ်ရေးအခြေအနေမှာ တင်းမာနေဆဲဖြစ်သည်။
Image may contain: 3 people
Image may contain: 1 person, sitting, table and indoor
အောင်ရဲနောင်
The Ladies News

လက်နက်ကိုင်ပြီး အားသာချက်ယူကာ ဖြေရှင်းခြင်းသည် စိတ်ကူးယဉ်မှုမျိုးဖြင့် ပြဿနာကို ဖြေရှင်း၍မရဟု နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် သတိပေးပြောကြား
--- --- ---

လက်နက်ကိုင်ပြီး အာသားချက်ယူကာ ဖြေရှင်းခြင်းသည် စိတ်ကူးယဉ်မှုမျိုးဖြင့် ပြဿနာကို ဖြေရှင်း၍ မရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်သည်။
ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော JICM အစည်းအဝေးတွင် အဖွင့် အမှာစကား ပြောကြားရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ဖြစ်သည်။
နှစ်ပေါင်း ၇၀ ကျော် ရှည်ကြာခဲ့ပြီဖြစ်သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကနေ နိုင်ငံရေးအ ရတွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းသည်သာ လက်တွေ့ကျပြီး ထိရောက်နိုင်မည်ဆိုသည်ကို သင်ခန်းစာ ရရှိခဲ့ကြပြီဟု သူမကဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က "မမျှော်လင့်ဘဲ လက်နက်ကိုင်တိုက်ခိုက်မှုတွေ များလာတဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း ကျွန်မအနေနဲ့ သတိပေးချင်ပါတယ်။ လက်နက်ကိုင်ပြီး အားသာချက်ယူတာမျိုး၊ ဖြေရှင်းချက် အသစ်တွေကို စိတ်ကူး ယဉ်တာမျိုးတွေနဲ့ ကျွန်မတို့ နိုင်ငံ ပြသာနာကို ဖြေရှင်းလို့မရနိ်ုင်ပါဘူး" ဟု ပြောကြားသည်။
နိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော် ဒဏ်ရာဒဏ်ချက်များ၊ တိုင်းရင်းသား ပြည်သူများ၊ အပြစ်မဲ့ကလေးငယ်များ၏ ဒုက္ခ သံသရာ လည်နေခြင်းများသည် လက်နက်ကိုင်ပဋိပက္ခ၏ ဆိုးကျိုးကို မျက်မြင်ကိုယ်တွေ့ သက်သေပြနေသည်ဟု ဆိုသည်။
`လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ရတယ်။ ကျေးရွာတွေ ထိခိုက်ရတယ်။ ပြည်သူတွေ ဒုက္ခသည်စခန်းတွေမှာ ဆင်းဆင်းရဲရဲ နေကြရတယ်။ ဒါတွေက မြင်သာတဲ့ ဆိုးကျိုးတွေပါ။ မမြင်သာတဲ့ ဆိုးကျိုးတွေက ဒေသ၊ ဒေသခံ တိုင်းရင်းသားတွေရဲ့ အနာဂတ်တွေ မှေးမှိန် ပျောက်ကွယ်သွားရတာပဲ ဖြစ်ပါတယ်` ဟု နိုင်ငံတော်၏ အတိုင်ပင်ခံက ပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံက `ရေတို ခဏကာလမှာတော့ မာန်မာနတွေ၊ အာဃာတတွေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေမှာ စီးမျောနေကြပါလိမ့်မယ်။ ရေရှည် ကာလမှာတော့ ဒီလက်နက်ကိုင်တိုက် ပွဲတွေရဲ့ နောက်ကွယ်မှာ ပေးဆပ်လိုက်ရတာက ကျွန်မတို့ တိုင်းရင်းသားတွေ၊ ကျွန်မတို့ တိုင်းရင်းသား ဒေသတွေဆိုတာကိ်ု တဖြည်းဖြည်းချင်း အထင်အရှား တွေ့မြင်လာကြရပါလိမ့်မယ်` ဟု ဆိုသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးသည် နှစ်ပါင်း ၇၀ ကျော် မြန်မာ့နိုင်ငံရေး သမိုင်းက သတ်မှတ် ပြဌာန်း ပေးလိုက်သည့် နိုင်ငံ၏ ထွက်ပေါက် ဖြစ်ကြောင်း၊ ဤသည်ကို နိုင်ငံရေး လှုပ်ရှားမှုများ၊ လက်နက်ကိုင် လှုပ်ရှားမှု များက နှစ်ပေါင်းများစွာ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ကာ အဖြေတွက်လာခြင်းဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားသည်။
"ဒါကြောင့် နိုင်ငံရေး စားပွဲဝိုင်းတွေမှာမှာ ဝင်ထိုင်ပြီး ကိုယ်ရဲ့လိုအင်ဆန္ဒ၊ ကိုယ်ရဲ့လိုလားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး၊ ကျွန်မတို့နဲ့ ဆွေးနွေးလိုပါတယ်။ ဒီလို ဆွေးနွေးနိုင်ဖို့အတွက်လည်း ကျွန်မတို့ ငြိမ်းချမ်းရေးတံခါး ဖွင့်ပေးထားတာ ဖြစ်ပါတယ်။ ဖွင့်လှစ်ထားတဲ့ ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိက္ခာရှိရှိ၊ ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းခဲ့ကြဖို့ ကျွန်မအနေနဲ့ အလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်" ဟု နိုင်ငံတော်၏ အတိုင်ပင်ခံက အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြား သွားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် NCA တွင် လက်မှတ်ရေးထိုးထားခြင် းမရှိသည့် မြောက်ပိုင်း ၇ ဖွဲ့အား NCA တွင် လက်မှတ်ရေးထိုးရန် မကြာခဏ တိုက်တွန်း ပြောကြားလေ့ရှိသည်။
လတ်တလောတွင် အစိုးရငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် KTA, TNLA, AA, MNDAA အဖွဲ့တို့ ပဏာမ အပစ်ရပ်စာချုပ် Bilateral တွင် လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးမှုများပြုလုပ်ထားပြီး ယခုလအတွင်း၌လည်း ထပ်မံဆွေးနွေးမှု ပြုလုပ် မည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
တစ်ဖက်တွင်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး လက်ရှိ အခြေအနေတွင်လည်း စစ်ရေးအခြေအနေမှာ တင်းမာနေဆဲဖြစ်သည်။
အောင်ရဲနောင်
The Ladies News
#zawgyi

No comments:

Post a Comment

My Blog List