Friday, January 10, 2020

အီရန်၏ ဒုံးပျံဖြင့် မှားယွင်းပစ်ခတ်မှုကြောင့် ယူကရိန်းခရီးသည်တင်လေယာဉ် ပျက်ကျဟု အမေရိကန်ယုံကြည်

Image may contain: one or more people
အီရန်နိုင်ငံမှ ထွက်ခွာလာသော ခရီးသည် ၁၇၆ ဦးလိုက်ပါလာသည့် ယူကရိန်းလေယာဉ်ပျက်ကျမှုသည် အီရန်နိုင်ငံ၏ ဒုံးပျံဖြင့် မှားယွင်းပစ်ခတ်မှုကြောင့် ပျက်ကြသည်ဟု အမေရိကန်က ယုံကြည်ကြောင်း အမေရိကန် အစိုးရ အရာရှိများက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဂြိုလ်တုမှရရှိသော အချက်အလက်များ၊ လေယာဉ်ဆိုင်ရာ အချက်အလက်များအရ အီရန်၏ ဒုံးပျံဖြင့် မှားယွင်းပစ်ခတ်မှုကြောင့် ဖြစ်ကြောင်း အမေရိကန်မှလာသော သတင်းများတွင် ဖော်ပြထားသည်။
ယူကရိန်းလေယာဉ်သည် ဇန်နဝါရီလ ၈ ရက်နေ့ အီရန်က အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို ဒုံးကျည်ဖြင့် ပစ်ခတ်လိုက်သည်ဟု ကြေညာပြီးနောက် လေယာဉ်ပျက်ကျမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အီရန်သည် အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးပျံ ၂၂ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အီရန်အာဏာပိုင်များက ယူကရိန်းလေယာဉ်၏ အချက်အလက်များကို မှတ်တမ်းတင်ထားသော Black Box ကို ရရှိထားပြီး ယင်း Black Box ကို အမေရိကန်အာဏာပိုင်များ( သို့မဟုတ်) လေယာဉ်ထုတ်လုပ်သော အမေရိကန်ဘိုးအင်းကုမ္ပဏီသို့လည်းကောင်း လွှဲပြောင်းပေးရန် မရှိဟု ပြောဆိုသည်။
Image may contain: one or more people, shoes, sky, outdoor and nature
Image may contain: 4 people
Photo Credit - CNN

No comments:

Post a Comment

My Blog List