Thursday, January 09, 2020

အတိုင်ပင်ခံပုဂ္ဂိုလ် မြစ်ကြီးနား ရောက်ရှိ

Image may contain: 4 people, people smiling, people standing
မနက်ဖြန် ကျင်းပမယ့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်က မြစ်ကြီးနားမြို့ကို ရောက်ရှိလာပါတယ်။

အဲဒီအခမ်းအနားခေါင်းစဉ်နဲ့ပတ်သက်ရင် ဂျိန်းဖောမုန်းဒေါ့်အဲန်ထွဲနဲ့ ကချင်မုန်းဒေါ့်အဲန်ထွဲ ဆိုပြီးရေးသားဖို့ အရင်နှစ်တွေက အငြင်းပွားခဲ့ကြတာဖြစ်ပါတယ်။
ပြည်နယ် အစိုးရက ဂျိန်းဖော ဘာသာစကားနဲ့ ဂျိန်းဖောမုန်းဒေါ့်အဲန်ထွဲ (Jinghpaw Mungdaw Nhtoi) လို့ မသုံးဘဲ မြန်မာဘာသာနဲ့ပဲ ကချင်မနောပွဲတော်ဆိုပြီး အသုံးပြုဖို့ စီစဉ်ထားတဲ့အတွက် ဇန်နဝါရီလ ၇ ရက်နေ့က မြစ်ကြီးနားမြို့ ဒေသခံတွေ ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။
အဲဒီလို ဆန္ဒပြပြီး နောက်မှာတော့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို မူလအတိုင်း Jinghpaw MungDaw Nhtoi ဂျိန်းဖောမုန်းဒေါ့်အဲန်ထွဲ ဆိုတဲ့ အမည်နာမကို ပြောင်းလဲသုံးစွဲဖို့ အစိုးရက ပြန်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီလို ဂျိန်းဖောမုန်းဒေါ့်အဲန်ထွဲ ဆိုတဲ့ အမည်နာမကို ပြောင်းလဲလိုက်တဲ့အတွက် တဘက်ကလည်း ကန့်ကွက်တာတွေ ရှိနေပါတယ်။ ဂျိန်းဖောလို့ သုံးနှုန်းလိုက်တဲ့အတွက် ကချင်မျိုးနွယ်စုအားလုံးကို ကိုယ်စားမပြုဘူးဆိုပြီး မနက်ဖြန်ကျင်းပမယ့် ပွဲတော်ကို မတက်ရောက်ဖို့ လော်ဝေါ်စာပေနဲ့ ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ၊ မြန်မာနိုင်ငံ ရဝမ်စာပေနဲ့ ယဉ်ကျေးမှုအသင်း၊ လာချိဒ်စာပေနဲ့ ယဉ်ကျေးမှုဗဟိုကော်မတီ၊ ဇိုင်ဝါး စာပေနဲ့ ယဉ်ကျေးမှုဗဟို ကော်မတီ၊ ကချင်ပြည်နယ် လီဆူစာပေနဲ့ ရိုးရာယဉ်ကျေးမှုအဖွဲ့၊ မြန်မာနိုင်ငံလီဆူစာပေနဲ့ ယဉ်ကျေးမှုဗဟို ကော်မတီတွေက ဇန်နဝါရီလ ၈ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန် တိုက်တွန်းထားပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောင်ပွဲကို ဂျိန်းဖောမုန်းဒေါ့်အဲန်ထွဲ ဟူသောခေါင်းစည်းနဲ့ ကျင်းပမယ်ဆိုရင် လော်ဝေါ်၊ ရဝမ်၊ လာချိဒ်၊ ဇိုင်ဝါးနဲ့ လီဆူမျိုးနွယ်စုတွေအနေနဲ့ မတက်ရောက်ကြဖို့၊ တက်ရောက်တဲ့ အခြားမျိုးနွယ်စုတွေအနေနဲ့လည်း ဒီမျိုးနွယ်စု ငါးစု ရဲ့ ရိုးရာဝတ်စုံတွေကို မဝတ်ဆင်ကြဖို့ တိုက်တွန်းထားတာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်ကတည်းကတော့ ဂျိန်းဖော မုန်းဒေါ့်အဲန်ထွဲ လို့ပဲ သုံးနှုန်းခဲ့ကြတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ကချင် လို့ သုံးနှုန်းခဲ့တာကြောင့် ပွဲတော်မုခ်ဦး မီးရှို့ခံခဲ့ရတဲ့အတွက် ဂျိန်းဖော့ လိုပဲ ပြောင်းလဲသုံးစွဲခဲ့ကြပါတယ်။
ဒီလိုနာမည်ပေး ပြဿနာရှိနေတဲ့ အခမ်းအနား ပြီးခဲ့တဲ့နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
ဒီနေ့ မြစ်ကြီးနားကိုရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာတော့ မြို့တော်ခန်းမမှာ လူထုတွေ့ဆုံပွဲ ပြုလုပ်သွားမှာဖြစ်ပြီး ဘာသာရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်။
Image may contain: 4 people, people standing, crowd and outdoor
Image may contain: 4 people, people smiling, crowd and outdoor
Photo: Elizabeth/ RFA
Unicode

အတိုင်ပင်ခံပုဂ္ဂိုလ် မြစ်ကြီးနား ရောက်ရှိ
~~~~~~~~~~

- Zawgyi
~~~~~~~~~~~~~

Photo: Elizabeth/ RFA

No comments:

Post a Comment

My Blog List