Wednesday, January 08, 2020

ဗိုလ်ချုပ်ပုံပါ ၁၀၀၀ ကျပ်တန် ငွေစက္ကူအသစ်များ စတင်အသုံးပြု

Image may contain: 1 person
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံပါ ၁၀၀၀ကျပ်တန် ငွေစက္ကူ များကို အများပြည်သူထံသို့ မြန်မာ့စီးပွားရေး ဘဏ်က ဇန်နဝါရီ ၇ ရက်တွင် လဲလှယ်ပေး လျက်ရှိပြီး စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်း၏ ရုပ်ပုံဖြင့် ၁၀၀၀ ကျပ်တန် ငွေစက္ကူ အသစ်များကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက် တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာ ခဲ့ပြီး ရုံးပိတ်ရက်များဖြင့် တိုက်ဆိုင်နေသည့် အတွက် ဇန်နဝါရီ ၇ ရက်တွင် ပြည်သူများ ထံသို့ လဲလှယ်ဖြန့်ချိပေးခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ပုံပါ ၁၀၀၀ ကျပ်တန် ငွေစက္ကူ အသစ် စတင်ထုတ်ပေးသည့်နေ့တွင် အမြို့ မြို့အနယ်နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ များတွင် လာရောက်လဲလှယ်သူများ အများ အပြားရှိခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန်ငွေစက္ကူအရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာရှိပြီး ငွေစက္ကူသည် ပေါ်လွင်သောအပြာရောင်ရှိကာ ငွေစက္ကူ၏ အပေါ်ဘက်တွင် "မြန်မာနိုင်ငံတော် ဗဟိုဘဏ်"စာတန်းရိုက်နှိပ်ထားသည်။
တစ်ထောင်ကျပ်တန်ငွေစက္ကူ၏မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံရိုက်နှိပ်ထားပြီး ငွေစက္ကူ၏လက်ယာဘက်တွင် ငွေစက္ကူ၏တန်ဖိုးကို မြန်မာစာသားဖြင့် " တစ်ထောင်ကျပ်"ဟု ဖော်ပြထားကာ ထောင့်သုံးထောင့်တွင်လည်းငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားသည်။
ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ၊မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ၊ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိပြီးငွေစက္ကူတွင် လုံခြုံရေးကြိုးကို ဒေါင်လိုက်မြှုပ်နှံထည့်သွင်းထားသည်။
ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားကာ တစ်ထောင်ကျပ်တန် ငွေစက္ကူ၏ကျောဘက်တွင် လွှတ်တော်အဆောက်အအုံပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌"CENTRAL BANK OF MYANMAR"စာတန်းအောက်ပိုင်း၌ "ONETHOUSAND KYATS" ဟူသော စာတန်းများ ရိုက်နှိပ်ထားသည်။
ဗိုလ်ချုပ်ပုံပါ တစ်ထောင်ကျပ်တန်ငွေ စက္ကူအသစ်များ ထုတ်ဝေခဲ့သော်လည်း လက်ရှိသုံးစွဲလျက်ရှိသော တစ်ထောင် ကျပ်တန် ငွေစက္ကူများသည်လည်းတရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမည် ဖြစ်သည်။
သတင်း - မင်းမင်းထွန်း
(Unicode Version)

No comments:

Post a Comment

My Blog List