Friday, January 10, 2020

ပြည်နယ်ဝန်ကြီးချုပ်ကို ထိရောက်သည့်အရေးယူမှုပြုရန် ဒေသခံများလိုလား

Image may contain: 2 people, food
ရှမ်းပြည်နယ် အရှေ့တောင်တိုင်း တာချီလိတ်မြို့နယ်အတွက်းရှိ ဒေသခံပြည်သူများကိုမတရားအနိုင်ကျင့်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အား ပြည်ထောင်စုအစိုးရတာဝန်ရှိသူများအနေဖြင့် ထိရောက်သည့် အရေးယူမှုများဆောင်ရွက်ပေးရန် ဒေသခံများကလိုလားလျက်ရှိကြောင်းသိရသည်။

"ကျွန်တော်တို့နေရာမှမဟုတ်ပါဘူး နယ်စပ်ဒေသတစ်လျှောက်မြို့တိုင်းရွာတိုင်းမှာနေထိုင်ကြတဲ့တိုင်းရင်းသားဒေသခံတွေဟာ တစ်နည်းမဟုတ်တနည်းနဲ့အနို်င်ကျင့်ခံနေရပါတယ် ကျွန်တော်တို့ဆိုလည်းအကြောင်းပြချက်အမျိုးမျိုးနဲ့ ပြည်နယ်အစိုးရဝန်ကြီးချုပ်ရဲ့ မတရားနိုင်ထက်စီးနင်းမှုတွေကို ခံနေရပါတယ် ဒါကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ကတာဝန်ရှိသူတွေအနေနဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရဲ့ ဒေသခံတွေအပေါ်အနိုင်ကျင့်မှုကိုတာဝန်ယူမှုတာဝန်ခံမှုနဲ့ထိရောက်တဲ့ အရေးယူမှုတွေလုပ်ကြပါလို့တောင်းဆိုပါတယ် ဒေသခံတွေကလိုလားလျက်ရှိနေတာကိုသိစေချင်ပါတယ်"ဟုဒေသခံတစ်ဦးဖြစ်သူ ဦးယောရှုက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်အတွင်းရှိ CityStarဟိုတယ်တွင် ဇန်နဝါရီလ ၉ရက်ကပြုလုပ်သည့် တာချီလိတ်မြို့နယ်နစ်နာသည့်ဒေသခံများ၏သတင်းစာရှင်းလင်းပွဲတွင် ဒေသခံများကယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ် ဆန်ဆိုင်းရပ်ကွက်အတွင်းရှိကွင်းအမှတ်၅၃ငါးကန်၃၁.၃၇ဧကနှင့် မြေလွတ်မြေရီုင်းလုပ်ကိုင်ခွင့်ရ ဧက ၉၃.၁၉စုစုပေါင်း၁၂၄.၆ဧကကို ဦးတင်စိန်နှင့်ဒေါ်နန်းခမ်းတစ်ပ် တို့လျောှက်ထားချက်အပေါ် ၁၉၈၈ခုနှစ်တွင် ရှမ်းပြည် နယ်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်ပြုရေးအက်ဥပဒေပုဒ်မ ၃၉အရ နှစ်၃၀ နှစ်ရှည်လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ယင်းမှ၂၀၁၂ခုနှစ်တွင်ရှမ်းပြည်နယ် သားငါးဖွံဖြိုးတိုးတက်ရေးအဖွဲ့စာချုပ်ဖြင့်မွေးမြူရေးခြံတစ်စိတ်တစ်ဒေသကို ဦးကိုကိုအောင်ဆိုသူအား ငွေကျပ်သိန်းသုံးရာဖြင့် ရောင်းစားခဲ့ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် ၂၀၁၃ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံ ရမှုစုံစမ်းစစ်ဆေးရေးကော်မရှင်မှဥပဒေ နှင့်မညီသော တစ်ဆင့်လွဲပြောင်းရောင်းရမှုကို တားမြစ်ရန်ပြည်နယ်ဝန်ကြီးချုပ်ကိုညွှန်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်မှုမရှိခဲ့ကြောင်း၊ယင်းမှတစ်ဆင့် ၂၀၁၆ခုနှစ် မေလတွင် နိုင်ငံတော်သမ္မတရုံးမှ ဒေသခံဖြစ်သူ ဦးယောရှုမှတင်ပြလာသည့်ကိစ္စအား စိစစ်ဆောင်ရွက်ပေးရန် ရည်ညွှန်းစာဖြင့် ပြည်နယ်ဝန်ကြီးချုပ်အား အကြောင်းကြားခဲ့ကြောင်နှင့်းယင်းကဲ့သို့နိုင်ငံတော်သမ္မတရုံးမှအကြောင်းကြားမှုကို ပြည်နယ်ဝန်ကြီးချုပ်က တစ်စုံတစ်ရာဖြေရှင်းဆောင်ရွက်ပေးမှုမရှိပဲ ၂၀၁၈ခုနှစ်တွင် အစိုးရအဖွဲ့၏ စီမံခန့်ခွဲခွင့်ရှိသောမြေအဖြစ်သတ်မှတ်လိုက်ပြီး ပြည်နယ်အစိုးရပိုင်သိမ်းဆည်းလိုက်မှုကြောင့်ဒေသခံပြည်သူများမှာနစ်နာဆုံးရှုံးမှုများရင်ဆိုင်နေရကာ စားဝတ်နေရေး အခက်အခဲများရင်ဆိုင်လျက်ရှိနေကြောင်းဒေသခံများကပြောသည်။
"ကျွန်တော်တို့ဘယ်လိုနားလည်ပြီးဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူး ဒီမိုကရေစီ အစိုးရလက်ထက်မှာအခုလိုမြေသိမ်းတဲ့လုပ်ရပ်တွေက မဖြစ်သင့်ဘူး တာချိီလိတ်မှာဒေသခံတွေအနေနဲ့အနိုင်ကျင့်ခံရမှုတွေကအများကြီးရှိသေးတယ်"ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးအောင်နိုင်ကပြောသည်။
ယင်းကိစ္စနှင့်ပတ်သတ်၍တာချီလိတ်မြို့နယ်
လွှတ်တော်ကိုယ်စားလှယ်များထံဆက်သွယ်မေးမြန်းရာဆက်သွယ်မှုမရခဲ့သလို ရှမ်းပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူများထံသို့ဆက်သွယ်ရာတွင်လည်း ဖုန်းစက်ပိ်တ်ထားမှုကြောင့် ဆက်သွယ်မှုမရခဲ့ပေ ။

ကိုဖူးသစ်
<Zawgyi>
ပြည်နယ်ဝန်ကြီးချုပ်ကို ထိရောက်သည့်အရေးယူမှုပြုရန် ဒေသခံများလိုလား


ရှမ်းပြည်နယ် အရှေ့တောင်တိုင်း တာချီလိတ်မြို့နယ် အတွက်းရှိ ဒေသခံပြည်သူများကိုမတရားအနိုင်ကျင့်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အား ပြည်ထောင်စုအစိုးရတာဝန်ရှိသူများအနေဖြင့် ထိရောက်သည့် အရေးယူမှုများဆောင်ရွက်ပေးရန် ဒေသခံများကလိုလားလျက်ရှိကြောင်းသိရသည်။
"ကျွန်တော်တို့နေရာမှမဟုတ်ပါဘူး နယ်စပ်ဒေသတစ်လျှောက်မြို့တိုင်းရွာတိုင်းမှာနေထိုင်ကြတဲ့တိုင်းရင်းသားဒေသခံတွေဟာ တစ်နည်းမဟုတ်တနည်းနဲ့အနိုင်ကျင့်ခံနေရပါတယ် ကျွန်တော်တို့ဆိုလည်းအကြောင်းပြချက်အမျိုးမျိုးနဲ့ ပြည်နယ်အစိုးရဝန်ကြီးချုပ်ရဲ့ မတရားနိုင်ထက်စီးနင်းမှုတွေကို ခံနေရပါတယ် ဒါကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ကတာဝန်ရှိသူတွေအနေနဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရဲ့ ဒေသခံတွေအပေါ်အနိုင်ကျင့်မှုကိုတာဝန်ယူမှုတာဝန်ခံမှုနဲ့ထိရောက်တဲ့ အရေးယူမှုတွေလုပ်ကြပါလို့တောင်းဆိုပါတယ် ဒေသခံတွေကလိုလားလျက်ရှိနေတာကိုသိစေချင်ပါတယ်"ဟုဒေသခံတစ်ဦးဖြစ်သူ ဦးယောရှုက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်အတွင်းရှိ CityStarဟိုတယ်တွင် ဇန်နဝါရီလ ၉ရက်ကပြုလုပ်သည့် တာချီလိတ်မြို့နယ်နစ်နာသည့်ဒေသခံများ၏သတင်းစာရှင်းလင်းပွဲတွင် ဒေသခံများကယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ် ဆန်ဆိုင်းရပ်ကွက်အတွင်းရှိကွင်းအမှတ်၅၃ငါးကန်၃၁.၃၇ဧကနှင့် မြေလွတ်မြေရီုင်းလုပ်ကိုင်ခွင့်ရ ဧက ၉၃.၁၉စုစုပေါင်း၁၂၄.၆ဧကကို ဦးတင်စိန်နှင့်ဒေါ်နန်းခမ်းတစ်ပ် တို့လျောှက်ထားချက်အပေါ် ၁၉၈၈ခုနှစ်တွင် ရှမ်းပြည် နယ်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်ပြုရေးအက်ဥပဒေပုဒ်မ ၃၉အရ နှစ်၃၀ နှစ်ရှည်လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ယင်းမှ၂၀၁၂ခုနှစ်တွင်ရှမ်းပြည်နယ် သားငါးဖွံဖြိုးတိုးတက်ရေးအဖွဲ့စာချုပ်ဖြင့်မွေးမြူရေးခြံတစ်စိတ်တစ်ဒေသကို ဦးကိုကိုအောင်ဆိုသူအား ငွေကျပ်သိန်းသုံးရာဖြင့် ရောင်းစားခဲ့ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် ၂၀၁၃ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံ ရမှုစုံစမ်းစစ်ဆေးရေးကော်မရှင်မှဥပဒေ နှင့်မညီသော တစ်ဆင့်လွဲပြောင်းရောင်းရမှုကို တားမြစ်ရန်ပြည်နယ်ဝန်ကြီးချုပ်ကိုညွှန်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်မှုမရှိခဲ့ကြောင်း၊ယင်းမှတစ်ဆင့် ၂၀၁၆ခုနှစ် မေလတွင် နိုင်ငံတော်သမ္မတရုံးမှ ဒေသခံဖြစ်သူ ဦးယောရှုမှတင်ပြလာသည့်ကိစ္စအား စိစစ်ဆောင်ရွက်ပေးရန် ရည်ညွှန်းစာဖြင့် ပြည်နယ်ဝန်ကြီးချုပ်အား အကြောင်းကြားခဲ့ကြောင်နှင့်းယင်းကဲ့သို့နိုင်ငံတော်သမ္မတရုံးမှအကြောင်းကြားမှုကို ပြည်နယ်ဝန်ကြီးချုပ်က တစ်စုံတစ်ရာဖြေရှင်းဆောင်ရွက်ပေးမှုမရှိပဲ ၂၀၁၈ခုနှစ်တွင် အစိုးရအဖွဲ့၏ စီမံခန့်ခွဲခွင့်ရှိသောမြေအဖြစ်သတ်မှတ်လိုက်ပြီး ပြည်နယ်အစိုးရပိုင်သိမ်းဆည်းလိုက်မှုကြောင့်ဒေသခံပြည်သူများမှာနစ်နာဆုံးရှုံးမှုများရင်ဆိုင်နေရကာ စားဝတ်နေရေး အခက်အခဲများရင်ဆိုင်လျက်ရှိနေကြောင်းဒေသခံများကပြောသည်။
"ကျွန်တော်တို့ဘယ်လိုနားလည်ပြီးဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူး ဒီမိုကရေစီ အစိုးရလက်ထက်မှာအခုလိုမြေသိမ်းတဲ့လုပ်ရပ်တွေက မဖြစ်သင့်ဘူး တာချီလိတ်မှာဒေသခံတွေအနေနဲ့အနိုင်ကျင့်ခံရမှုတွေကအများကြီးရှိသေးတယ်"ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးအောင်နိုင်ကပြောသည်။
ယင်းကိစ္စနှင့်ပတ်သတ်၍တာချီလိတ်မြို့နယ်
လွှတ်တော်ကိုယ်စားလှယ်များထံဆက်သွယ်မေးမြန်းရာဆက်သွယ်မှုမရခဲ့သလို ရှမ်းပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူများထံသို့ဆက်သွယ်ရာတွင်လည်း ဖုန်းစက်ပိတ်ထားမှုကြောင့် ဆက်သွယ်မှုမရခဲ့ပေ ။

ကိုဖူးသစ်

No comments:

Post a Comment

My Blog List