Wednesday, January 08, 2020

လွှတ်တော်ကိုယ်စားလှယ်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ တစ်ထောင်တန်တစ်ရွက်ဆီ ပေးဝေ

Image may contain: 1 person, closeup
မြ၀တီမြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်အောင်က နှစ်ဦးအမှတ်တရအနေနဲ့ သူ့ရဲ့လစာတစ်လရရှိတဲ့ ၅သိန်းကျပ်ကို ပြည်သူတွေကိုတစ်ဦးကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ တစ်ထောင်တန်တစ်ရွက်ဆီကို ပေးဝေခဲ့ပါတယ်။
သူက'' ငွေတစ်ထောင်တန်ဖိုးကဘယ်လောက်မှမရှိပေမယ့် ပိုက်ဆံမှာပါတဲ့ရုပ်ပုံက တန်ဖိုးဖြတ်လို့မရဘူးလေ ဒါကြောင့်ပြည်သူတွေကလိုချင်နေကြတာလေ ဒါကြောင့်အဝေးကနေလာယူကြတာ အရမ်းကို၀မ်းသာနေကြတယ် ကျွန်တော်အရမ်းကို၀မ်းသာတယ်။ သည်ထက် မကတောင်ဝေချင်သေးတာ''လို့ပြောပါတယ်။
သည်ကနေ့ထွက်ရှိတဲ့ မြန်မာ့လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော်ရဲ့ ဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း(ပုံပါ)ငွေစက္ကူများထဲမှ တစ်ဦးလျှင်(၁၀၀၀)ကျပ်တန် တစ်ရွက် ပေးမယ်လို့ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်ကနေကြေညာအပြီး မြစန္ဒီပန်းခြံနဲ့ သူရှိရာနေရာကို ကားတွေဆိုင်ကယ်တွေနဲ့ လာရောက်ယူကြတယ်လို့ ပြောပါတယ်။

လွတ်လပ်ရေးနေ့ကစတင် ထုတ်ဝေတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူများကို မြန်မာ့စီးပွားရေးဘဏ်ခွဲတွေမှာ သည်ကနေ့ကစပြီး လူပုဂ္ဂိုလ်တစ်ဦးကို ၁၀ ရွက်နှုန်း၊ ကျပ် တစ်သောင်းဖိုးထိ လဲလှယ် ပေးနေတာကြောင့် ပြည်သူတွေစိတ်၀င်စားစွာလာရောက်လဲလှယ်နေကြတယ်လို့ သိရပါတယ်။
Image may contain: 8 people, people smiling, people standing and outdoor
Image may contain: 5 people, people smiling, people sitting and indoor
အေးအေးအောင်

No comments:

Post a Comment

My Blog List