Tuesday, January 07, 2020

မူလတာဝန်နှင့်လုံးဝမသက်ဆိုင်သည့် အပိုတာဝန်များကို ဥပဒေ နှင့်အညီငြင်းပယ်သွားမည်ဟု MTFထုတ်ပြန်

မတ်လကုန်အထိကျောင်းတက်ရက်သတ်မှတ်ချက်အားပညာရေးဝန်ကြီးဌာနအနေဖြင့်ပြန်လည်ဆွေးနွေးသုံးသပ်အဖြေရှခြင်းမလုပ်ပါကဆရာဆရာမများအနေဖြင့် မူလနိုင်ငံ့တာဝန်နှင့်သက်ဆိုင်သောအလုပ်များကို မခိုမကပ်ထမ်းဆောင်မည်ဖြစ်သော်လည်း၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲရုံတာဝန်ကဲ့သို့မူလတာဝန်နှင့်လုံးဝမသက်ဆိုင်သောအပိုတာဝန်များကိုဥပဒေနှင့်အညီငြင်းပယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ ဆရာမ များအဖွဲ့ချုပ် (MTF)က ဇန်နဝါရီ်လ ၅ရက်တွင် သဘောထားကြေညာချက်ထုတ်ပြန်ကြေညာခဲ့သည်။

"အောက်ခြေ ကဆရာ ဆရာမတွေအသံကိုမလေးမစားပြုတယ်ဆိုရင်ဒီမိုကရေစီစနစ်မှာဆရာတွေဘက်ကလည်းမူလတာဝန်ဖြစ်တဲ့
တာဝန်တွေကျေပွန်အောင်ထမ်းဆောင်မယ်။သို့သော်မူလတာဝန်နဲ့မဆိုင်တဲ့အပိုတာဝန်တွေကိုငြင်းမယ်။ဥပဒေနဲ့အညီငြင်းမယ်"ဟု
MTFအတွင်းရေးမှုးဒေါက်တာဇော်မျိုးလှိုင်ကပြောသည်။

မတ်လကုန်အထိကျောင်းတက်ရက်သတ်မှတ်ချက်ပြင်ဆင်ပေးရန် မြေပြင်အခြေအနေခုနှစ်ချက်ကိုထောက်ပြကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ရက် ရက်စွဲဖြင့် MTFကသဘောထားကြေညာချက်ထုတ်ပြန်ထားသော်လည်း ပညာရေးဝန်ကြီးဌာနက လျစ်လျူရှု ခဲ့ခြင်းကြောင့်ယခုကဲ့သို့ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိရေးဆွဲထားသည့်သင်ရိုးသည် ဖေဖော်ဝါရီလကုန် အထိသာရေးဆွဲထားသည့်အပြင် စာသင်ကာလတိုးခြင်းသည်ကျောင်းသားကျောင်းသူများ၏ ပညာအရည်အသွေးကို ထူးခြားစွာ တိုးတက်မြင့်မားစေလိမ့်မည်မဟုတ်ကြောင်း မတ်လအတွင်းအမှန်တစ်ကယ်စာသင်ရက် ငါးရက်သာရှိပြီး ကျောင်းတစ်လတိုးဖွင့်ခြင်းထက်စာမေးပွဲရွှေ့ဆိုင်းသည့် သဘောသာသက်ရောက်ကြောင်း ကျောင်းသား မိဘ ဆရာများ၏ အခက်အခဲ ကိုလျစ်လျုရှုကာ အောက်ခြေသဘောထားမပါဝင်ပဲ စာသင်ကာလအတင်းအဓမ္မတိုးခြင်းသည် ဒီမိုကရေစီ စနစ်ကိုဆန့်ကျင်ရာရောက်ပြီး ရွေးကောက်ခံအစိုးရ၏ ပုံရိပ်ကိုကျဆင်းစေနိုင်ကြောင်း မတ်လကုန်အထိ ကျောင်းတက်ရက်သတ်မှတ်ချက်ကို ပညာရေးဝန်ကြီးဌာနက ပြင်ဆင်မပေးပါက ၂၀၂၀ရွေးကောက်ပွဲ၌ မဲရုံတာဝန်များထမ်းဆောင်မည်မဟုတ်ကြောင်းMTF၏ ဇန်နဝါရီ ၅ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်ကို အခြေခံပညာရေး အဆင့်မြင့်ပညာရေး ဘုန်တော်ကြီးသင်ပညာရေး ပုဂ္ဂလိကပညာရေးဟူသော အလွှာလေးလွှာဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးတွင် အဃြေံပညာဆရာဆရာမလေးသိန်းကျော်ပါဝင်ခြင်းရှိကြောင်းသိရသည်။
ကိုဖူးသစ်

No comments:

Post a Comment

My Blog List