Thursday, January 09, 2020

နိုင်ငံတော်သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်၍ Food Court ဆောက်လုပ်မှုနဲ့ ပတ်သက်၍ ကျောင်းသားသပိတ်မှောက်လှုပ်ရှားမှု ပြန်လည်စတင်

Image may contain: 1 person, standing, child, tree and outdoorImage may contain: 4 people, people standing and outdoor
မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အနေဖြင့် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်ပြီး ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့် ပေးသည့်ကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီလ(၉) ရက်က ကျောင်းသားသပိတ်မှောက် လှုပ်ရှားမှုကို ပြန်လည်စတင်ခဲ့သည် ။

ထိုသို့ လုပ်ပိုင်ခွင့်ပေးမှုအား ပြင်းထန်စွာအရေးယူပေးရေး တိုင်ကြားထားသည့် ကိစ္စ ကိုပညာရေးဝန်ကြီးဌာန ပြည်ထောင်စုအဆင့်ဒုဝန်ကြီးပါသည့် စစ်ဆေးရေးအဖွဲ့က ၂၀၁၉ ခုနှစ် စက်တင်ဘာလ(၇) ရက်က စတင်စစ်ဆေးမှုများပြုလုပ်နေပြီး စစ်ဆေးမှု အခြေအနေများကို မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက်ဦး ဆောင်ကော်မတီက စုံစမ်းမေးမြန်းသော်လည်း တစ်စုံတစ်ရာဖြေကြားခြင်းမရှိ ကြောင်း သိရသည် ။
“အခုဆို ၂၀၂၀ ဇန်နဝါရီထဲရောက်နေပြီ။ အခုထိအပြီးသတ်ရလဒ်ကထွက်ပေါ်လာ ခြင်းမရှိသေးဘူး။ စုံစမ်စစ်ဆေးမှုရလဒ်မထွက်မခြင်း ဒီနေရာမှာသပိတ်စခန်း ထပ် ထားမယ်”ဟု မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက် ဦးဆောင် ကော်မတီမှ ကိုဝေယံထက်က ပြောသည်။
နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင် သော ကျောင်းအုပ်ချူပ်ရေးအဖွဲ့ကို စီစစ်အရေးယူပေးရေးအတွက် မန္တလေးတက္က သိုလ်ကျောင်းသား/သူများ၏ သပိတ်မှောက်ဆန္ဒပြတောင်းဆိုခဲ့ရာ စုံစမ်းစစ်ဆေးမှု များပြုလုပ်နေသည့် ကာလဖြစ်သည့်အတွက် စက်တင်ဘာလ ၉ ရက်မှစ၍ သပိတ် မှောက် ဆန္ဒပြမှုကို ခေတ္တရပ်နားခဲ့သည် ။
အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွှန့်နှင့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန် တို့ပါဝင်သည်။
မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်ထားသည့် Food Court ကို မန္တလေးတ က္ကသိုလ်ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့် သမ္မတ၏ ညွှန်ကြားချက်ဖြစ် သည့် ၁/၂၀၁၇ ကိုဖောက်ဖျက်ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လကတည်းက တင်ဒါခေါ်ယူ ခြင်းမရှိပဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည် ။
ထို့အပြင် အဆိုပါ Food Court ဆောက်လုပ်မှုအား ကျောင်းသားသမဂ္ဂအနေဖြင့် ထောက်ခံသည့်ပုံစံ အတုအယောင်များ လုပ်ဆောင်ထားခြင်းများ ရှိသည့်အတွက် အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ် ကျောင်းအုပ်ချူပ်ရေးအဖွဲ့ ကို စီစစ်အရေးယူပေးရေးအတွက် နိုင်ငံတော်သမ္မတနှင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားကြောင်း သိရသည်။
Image may contain: 3 people, people standing and hat
Image may contain: 1 person, standing, tree and outdoor

(Zawgyi)
နိုင်ငံတော်သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်၍ Food Court ဆောက်လုပ်မှုနဲ့ ပတ်သက်၍ ကျောင်းသားသပိတ်မှောက်လှုပ်ရှားမှု ပြန်လည်စတင်
ဇန္နဝါရီ ၉
နိုင်လင်းဦး

မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အနေဖြင့် နိုင်ငံတော်သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်ပြီး ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့် ပေးသည့်ကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီလ(၉) ရက်က ကျောင်းသားသပိတ်မှောက် လှုပ်ရှားမှုကို ပြန်လည်စတင်ခဲ့သည် ။
ထိုသို့ လုပ်ပိုင်ခွင့်ပေးမှုအား ပြင်းထန်စွာအရေးယူပေးရေး တိုင်ကြားထားသည့် ကိစ္စ ကိုပညာရေးဝန်ကြီးဌာန ပြည်ထောင်စုအဆင့်ဒုဝန်ကြီးပါသည့် စစ်ဆေးရေးအဖွဲ့က ၂၀၁၉ ခုနှစ် စက်တင်ဘာလ(၇) ရက်က စတင်စစ်ဆေးမှုများပြုလုပ်နေပြီး စစ်ဆေးမှု အခြေအနေများကို မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက်ဦး ဆောင်ကော်မတီက စုံစမ်းမေးမြန်းသော်လည်း တစ်စုံတစ်ရာဖြေကြားခြင်းမရှိ ကြောင်း သိရသည် ။
“အခုဆို ၂၀၂၀ ဇန်နဝါရီထဲရောက်နေပြီ။ အခုထိအပြီးသတ်ရလဒ်ကထွက်ပေါ်လာ ခြင်းမရှိသေးဘူး။ စုံစမ်စစ်ဆေးမှုရလဒ်မထွက်မခြင်း ဒီနေရာမှာသပိတ်စခန်း ထပ် ထားမယ်”ဟု မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်မှောက် ဦးဆောင် ကော်မတီမှ ကိုဝေယံထက်က ပြောသည်။
နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင် သော ကျောင်းအုပ်ချူပ်ရေးအဖွဲ့ကို စီစစ်အရေးယူပေးရေးအတွက် မန္တလေးတက္က သိုလ်ကျောင်းသား/သူများ၏ သပိတ်မှောက်ဆန္ဒပြတောင်းဆိုခဲ့ရာ စုံစမ်းစစ်ဆေးမှု များပြုလုပ်နေသည့် ကာလဖြစ်သည့်အတွက် စက်တင်ဘာလ ၉ ရက်မှစ၍ သပိတ် မှောက် ဆန္ဒပြမှုကို ခေတ္တရပ်နားခဲ့သည် ။
အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွှန့်နှင့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန် တို့ပါဝင်သည်။
မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်ထားသည့် Food Court ကို မန္တလေးတ က္ကသိုလ်ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့် သမ္မတ၏ ညွှန်ကြားချက်ဖြစ် သည့် ၁/၂၀၁၇ ကိုဖောက်ဖျက်ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လကတည်းက တင်ဒါခေါ်ယူ ခြင်းမရှိပဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည် ။
ထို့အပြင် အဆိုပါ Food Court ဆောက်လုပ်မှုအား ကျောင်းသားသမဂ္ဂအနေဖြင့် ထောက်ခံသည့်ပုံစံ အတုအယောင်များ လုပ်ဆောင်ထားခြင်းများ ရှိသည့်အတွက် အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ် ကျောင်းအုပ်ချူပ်ရေးအဖွဲ့ ကို စီစစ်အရေးယူပေးရေးအတွက် နိုင်ငံတော်သမ္မတနှင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားကြောင်း သိရသည်။

No comments:

Post a Comment

My Blog List