Friday, January 10, 2020

မြန်မာနိုင်ငံ၌ တတိယအကြီးဆုံးဖြစ်လာမည့် ကြေးသွန်းခေါင်းလောင်းကြီးအား မန္တလေးမြို့တွင် စတင်သွန်းလောင်း

Image may contain: one or more people, people standing and outdoorImage may contain: one or more people, tree and outdoor
မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးဖြစ်လာမည့် ကြေးပိဿာချိန် ၁၆၀ဝ၀ ကျော်ရှိ ခေါင်းလောင်းကြီးအား ဇန်နဝါရီ ၉ ရက်(ပြာသိုလပြည့်နေ့) နံနက် ၉ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် တံတိုင်းရှည်ရွာ ရွှေခေါင်းလောင်းခြံတွင် စတင်ကြေးသွန်းလောင်းလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါခေါင်းလောင်းကြီးကို စစ်ကိုင်းမြို့ သီရိသုမနချောင် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာဆရာတော် ဦးသုမနမှ မှာယူလှူဒါန်းပြုလုပ်ခြင်းဖြစ်ပြီး ၎င်းခေါင်းလောင်းကြီးကို ကြေးသွန်းလောင်းရန် လွန်ခဲ့သည့် ခုနစ်လကျော်မှစတင်ပြင်ဆင်ခဲ့ရကာ ခေါင်းလောင်းချိတ်ဆွဲနိုင်သည်အထိ အချိန်ကာလကို တစ်နှစ်နှင့်နှစ်လ သတ်မှတ်ထား၍ စုစုပေါင်း သိန်း ၆၀ဝ၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း ရွှေခေါင်းလောင်း ကြေးသွန်းလုပ်ငန်းမှ ကြေးသွန်းပညာရှင် ကိုအောင်သန်းမော်က ပြောသည်။
“ဆရာတော်ကြီးက ဒီခေါင်းလောင်းကြီးကို သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့ သိရီသုမနချောင် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာမှာ ထားရှိသွားမှာပါ။ ကျွန်တော်က တန်ခူးလမတိုင်ခင် ခေါင်းလောင်းကြီးကို အပြီးချိတ်ဆွဲနိုင်ဖို့ သွန်းလောင်းပေးရမှာပါ။ မြန်မာပြည်မှာတော့ လက်ရှိ ပထမအကြီးဆုံးခေါင်းလောင်းကြီးက ကြေးပိဿာချိန် ၅၅၅၅၅ ရှိတဲ့ မင်းကွန်းခေါင်းလောင်းကြီးဖြစ်ပြီး ဒုတိယအကြီးဆုံးအနေနဲ့ ရွှေတိဂုံစေတီတော်က ကြေးပိဿာချိန် ၂၆၀ဝ၀ ရှိတဲ့ သာယာဝတီမင်းခေါင်းလောင်းဖြစ်ပါတယ်။ အခုဒီခေါင်းလောင်းကြီးကတော့ မြန်မာနိုင်ငံမှာ တတိယအကြီးဆုံးဖြစ်လာမှာပါ။ ပြာသိုလပြည့်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ကစပြီး သွန်းလောင်းမှာပါ။ ဒီခေါင်းလောင်းကြီးတစ်ခုလုံးအတွက် ည ၁၂ နာရီမှာ သွန်းလောင်းမှုပြီးစီးမှာပါ။ သွန်းလောင်းမှု အဆင်ပြေဖို့နဲ့ အသံမြည်အောင် အဓိကဦးစားပေးပြီး ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ပြောသည်။
ယခုသွန်းလောင်းနေသည့် ကြေးပိဿာချိန် ၁၆၀ဝ၀ ရှိ ခေါင်းလောင်းကြီးမှာ အဝအကျယ် ၉ ပေ၊ အမြင့် ၁၅ ပေရှိပြီး အဆိုပါရွှေခေါင်းလောင်း ကြေးသွန်းလုပ်ငန်းမှ ၂၀၁၅ ခုနှစ်တွင် ထားဝယ်မြို့၌ ထားရှိသည့် ကြေးပိဿာချိန် ၁၂၀ဝ၀ ရှိ ခေါင်းလောင်းနှင့် ၂၀၁၆ ခုနှစ်တွင် သီတဂူဆရာတော်ကြီး၏ သက်တော် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့ သီတဂူဝိပဿနာရိပ်သာတွင် ထားရှိရန် ကြေးပိဿာချိန် ၈၀ဝ၀ ရှိ ခေါင်းလောင်းကြီးများ သွန်းလုပ်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
{Myanmar Digital News 

No comments:

Post a Comment

My Blog List