Wednesday, January 08, 2020

NCA တွင် မိမိနှစ်သက်သည့် အပိုင်းကိုပဲ ရွေးချယ်ပြီး အကောင်အထည် မဖော်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ သတိပေး

Image may contain: 3 people

NCA စာချုပ်တွင် ပါဝင်သည့် အစုအဖွဲ့များအနေဖြင့် NCA ကို အကောင် အထည် ဖော်ရာတွင် မိမိတို့ နှစ်သက်သည့်အပိုင်းကိုပဲ ရွေးချယ်ပြီး အကောင်အထည် မဖော်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်သည်။

ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ NRPC ၌ ကျင်းပပြုလုပ်နေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတော် အတိုင်ပင်ခံက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဒီစာချုပ်ထဲကမှ ကိုယ်ကြိုက်တာကိုပဲ ယူမယ်။ ကိုယ် မကြိုက်တာကို မယူဘူး။ ကိုယ် သဘောကျတဲ့ အပိုင်းကိုပဲ အကောင်အထည် ဖော်မယ်။ သဘောမကျလို့ရှိရင် အကောင်အထည် မဖော်ဘူးဆိုတာမျိုးတွေကို ရှောင်ကျဉ်ကြဖို့ ကျွန်မအနေနဲ့ အလေးအနက် သတိပေးလိုပါတယ်" ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် NCA လက်မှတ်ထိုး အပစ်ရပ် ၁၀ ဖွဲ့မှ ခေါင်းဆောင်များ ပါဝင်သည့် JICM အစည်းအဝေးသည် NCA စာချုပ်တွင် အမြင့်ဆုံး ယန္တရား တစ်ခုလည်း ဖြစ်သည်။
NCA စာချုပ်ကို အကောင်အထည်ဖော်ရာတွင် အချို့အပိုင်းများ၌ ၎င်းတို့နှင့် အစိုးရ၊ တပ်မတော်ကြား အမြင်မတူညီမှုများ ရှိနေကြောင်းကို အပစ်ရပ် ၁၀ ဖွဲ့မှ ပြောဆိုခွင့်ရှိသူများက မကြာခဏဆိုသလို သတင်းမီဒီယာများကို ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကမူ NCA ကို အကောင်အထည် ဖော်ရာတွင် မိမိလိုချင်သည်ကို ယူပြီး မိမိမကြိုက်သည်များကို ရှောင်လွှဲနေမည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျပ်အတည်းများ ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။
"အစုအဖွဲ့ တစ်ဖွဲ့ဖွဲ့က ဒီလိုပုံစံမျိုး လိုချင်တာကိုပဲ ကွက်ပြီးယူမယ်၊ မကြိုက်တာကို ဆိုလို့ရှိရင် ရှောင်လွှဲနေမယ်ဆိုရင် ကျန်တဲ့ အစုအဖွဲ့တွေ အားလုံးမှာလည်း အခက်အခဲတွေ ဖြစ်လာနိုင်စေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကျပ်အတည်းတွေ ဆက်တိုက် ဖြစ်ပေါ်စေနိုင်ပါတယ်" ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေး အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။
JICM အစည်းအဝေး မကျင်းပနိုင်သည်မှာ တစ်နှစ်ကျော် ကြာပြီဖြစ်ပြီး ယနေ့ JICM အစည်းအဝေးတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အပစ်ရပ် ၁၀ ဖွဲ့ကိုယ်စား RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တို့ကလည်း အဖွင့်အမှာစကားများ ပြောကြားသည်။
အောင်ရဲနောင်
The Ladies News
NCA တွင် မိမိနှစ်သက်သည့် အပိုင်းကိုပဲ ရွေးချယ်ပြီး အကောင်အထည် မဖော်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ သတိပေး
--- --- ---

NCA စာချုပ်တွင် ပါဝင်သည့် အစုအဖွဲ့များအနေဖြင့် NCA ကို အကောင် အထည် ဖော်ရာတွင် မိမိတို့ နှစ်သက်သည့်အပိုင်းကိုပဲ ရွေးချယ်ပြီး အကောင်အထည် မဖော်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်သည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ NRPC ၌ ကျင်းပပြုလုပ်နေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတော် အတိုင်ပင်ခံက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဒီစာချုပ်ထဲကမှ ကိုယ်ကြိုက်တာကိုပဲ ယူမယ်။ ကိုယ် မကြိုက်တာကို မယူဘူး။ ကိုယ် သဘောကျတဲ့ အပိုင်းကိုပဲ အကောင်အထည် ဖော်မယ်။ သဘောမကျလို့ရှိရင် အကောင်အထည် မဖော်ဘူးဆိုတာမျိုးတွေကို ရှောင်ကျဉ်ကြဖို့ ကျွန်မအနေနဲ့ အလေးအနက် သတိပေးလိုပါတယ်" ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် NCA လက်မှတ်ထိုး အပစ်ရပ် ၁၀ ဖွဲ့မှ ခေါင်းဆောင်များ ပါဝင်သည့် JICM အစည်းအဝေးသည် NCA စာချုပ်တွင် အမြင့်ဆုံး ယန္တရား တစ်ခုလည်း ဖြစ်သည်။
NCA စာချုပ်ကို အကောင်အထည်ဖော်ရာတွင် အချို့အပိုင်းများ၌ ၄င်းတို့နှင့် အစိုးရ၊ တပ်မတော်ကြား အမြင်မတူညီမှုများ ရှိနေကြောင်းကို အပစ်ရပ် ၁၀ ဖွဲ့မှ ပြောဆိုခွင့်ရှိသူများက မကြာခဏဆိုသလို သတင်းမီဒီယာများကို ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကမူ NCA ကို အကောင်အထည် ဖော်ရာတွင် မိမိလိုချင်သည်ကို ယူပြီး မိမိမကြိုက်သည်များကို ရှောင်လွှဲနေမည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျပ်အတည်းများ ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။
"အစုအဖွဲ့ တစ်ဖွဲ့ဖွဲ့က ဒီလိုပုံစံမျိုး လိုချင်တာကိုပဲ ကွက်ပြီးယူမယ်၊ မကြိုက်တာကို ဆိုလို့ရှိရင် ရှောင်လွှဲနေမယ်ဆိုရင် ကျန်တဲ့ အစုအဖွဲ့တွေ အားလုံးမှာလည်း အခက်အခဲတွေ ဖြစ်လာနိုင်စေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကျပ်အတည်းတွေ ဆက်တိုက် ဖြစ်ပေါ်စေနိုင်ပါတယ်" ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေး အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။
JICM အစည်းအဝေး မကျင်းပနိုင်သည်မှာ တစ်နှစ်ကျော် ကြာပြီဖြစ်ပြီး ယနေ့ JICM အစည်းအဝေးတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အပစ်ရပ် ၁၀ ဖွဲ့ကိုယ်စား RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တို့ကလည်း အဖွင့်အမှာစကားများ ပြောကြားသည်။
အောင်ရဲနောင်
The Ladies News

No comments:

Post a Comment

My Blog List