Wednesday, January 08, 2020

အီရတ်မှာရှိတဲ့ ကန် လေတပ်အခြေစိုက်စခန်း ၂ ခုကို အီရန်တိုက်ခိုက်

al-Asad လေတပ် အခြေစိုက်စခန်း
အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေ စခန်းချထားတဲ့ လေတပ်အခြေစိုက်စခန်းနှစ်ခုကို ပဲ့ထိန်းဒုံးကျည် ၁၂ စင်းကျော်နဲ့ ပစ်ခတ် တိုက်ခိုက်ခံရတယ်ဆိုတာ ပန်တဂွန်စစ်ဌာနချုပ်က အတည်ပြု ထုတ်ပြန်ပါတယ်။

အဲဒီ ပဲ့ထိန်းဒုံးကျည်တွေကို အီရန်နိုင်ငံတွင်းကနေ ဝါရှင်တန်စံတော်ချိန် အင်္ဂါညနေ ၅ နာရီခွဲက ပစ်ခတ် တိုက်ခိုက်တာလို့ ပန်တဂွန်စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုဖြစ်သွားတဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ သမ္မတ Donald Trump နဲ့ အရေးပေါ် စည်းဝေးပွဲ ကျင်းပဖို့ ဝါရှင်တန်ဒေသစံတော်ချိန် ည ၇ နာရီကျော်လောက်မှာ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ၊ ကာကွယ်ရေးဝန်ကြီး Mike Esper ၊ အမေရိကန် ပူးတွဲ စစ်ဦးချုပ်များရဲ့ အကြီးအကဲနဲ့ တခြား အမျိုးသားလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေ သမ္မတ အိမ်ဖြူတော်ကို ရောက်သွားကြပြီ ဖြစ်ပါတယ်။
VOA
[Unicode]
အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေ စခန်းချထားတဲ့ လေတပ်အခြေစိုက်စခန်းနှစ်ခုကို ပဲ့ထိန်းဒုံးကျည် ၁၂ စင်းကျော်နဲ့ ပစ်ခတ် တိုက်ခိုက်ခံရတယ်ဆိုတာ ပန်တဂွန်စစ်ဌာနချုပ်က အတည်ပြု ထုတ်ပြန်ပါတယ်။
အဲဒီ ပဲ့ထိန်းဒုံးကျည်တွေကို အီရန်နိုင်ငံတွင်းကနေ ဝါရှင်တန်စံတော်ချိန် အင်္ဂါညနေ ၅ နာရီခွဲက ပစ်ခတ် တိုက်ခိုက်တာလို့ ပန်တဂွန်စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုဖြစ်သွားတဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ သမ္မတ Donald Trump နဲ့ အရေးပေါ် စည်းဝေးပွဲ ကျင်းပဖို့ ဝါရှင်တန်ဒေသစံတော်ချိန် ည ၇ နာရီကျော်လောက်မှာ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ၊ ကာကွယ်ရေးဝန်ကြီး Mike Esper ၊ အမေရိကန် ပူးတွဲစစ်ဦးချုပ်များရဲ့ အကြီးအကဲနဲ့ တခြား အမျိုးသားလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေ သမ္မတ အိမ်ဖြူတော်ကို ရောက်သွားကြပြီ ဖြစ်ပါတယ်။

(ဒီသတင်းဟာ ဆက်လက်ဖြစ်ပေါ်နေဆဲ အခြေအနေဖြစ်ပြီး နောက်ထပ် အချက်အလက်သစ်တွေ ထပ်သိရချိန်မှာ ဖော်ပြပေးသွားပါမယ်။)

No comments:

Post a Comment

My Blog List