Friday, January 10, 2020

စက်သုံးဆီဈေး မြင့်တက်လာသော်လည်း ပြည်တွင်း CNG ဈေးနှုန်း မြင့်တက်ရန် မရှိဟုဆို


No photo description available.
အမေရိကန်နှင့် အီရန်ဆက်ဆံရေး တင်းမာမှုကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာသော်လည်း မြန်မာ နိုင်ငံအနေဖြင့် လတ်တလောတွင် သဘာဝဓာတ်ငွေ့ (CNG) ဈေးနှုန်း မြင့်တက်ရန် မရှိသေးကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ သိရှိရသည်။
လက်ရှိ ပြည်တွင်း၌ စက်သုံးဆီ/ဒီဇယ် တစ်ဂါလံနှင့် ညီမျှသည့် သဘာဝဓါတ်ငွေ့ ၃ ဒဿမ ၆၆ ကီလိုဂရမ်လျှင် ၁၀၀၀ ကျပ်ဖြင့်သာ ရောင်းချပေးနေပြီး အစိုးရအနေဖြင့် အရှုံးခံ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓါတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးက ပြောသည်။
"ဒီလိုပြောင်းလဲလိုက်တဲ့အချိန်မှာ ဓာတ်ဆီ/ဒီဇယ် တစ်ဂါလံနဲ့ညီမျှတဲ့ သဘာဝဓာတ်ငွေ့ကို တစ်ထောင်ကျပ်နဲ့ ရောင်းတာဖြစ်ပါတယ်။ အခု ဓာတ်ဆီ/ဒီဇယ် တစ်ဂါလံ ပြင်ပပေါက်ဈေးဟာ ၃၅၀၀ ကျပ်လောက်ရှိမယ်။ အဲ့တော့ ဝန်ကြီးဌာနအနေနဲ့ အရှုံးခံပြီးတော့ ရောင်းပေးနေတာပါ"ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးက ပြောသည်။
သဘာဝဓါတ်ငွေ့ ဈေးနှုန်းအား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်းက ၅ ကြိမ်မြောက်အဖြစ် နောက်ဆုံး‌ ဈေးနှုန်း ပြောင်းလဲထား‌ကြောင်း သိရသည်။
CNG နေ့စဉ်သုံးစွဲမှုမှာ ကုဗပေ ၂၄ သန်း ကျော်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို သယ်ယူပို့ဆောင်ပေးနေသော YBS ယာဉ်များအတွက် ကုဗပေ ၁၃ သန်းကျော်၊ အငှားယာဉ်များအတွက် ကုဗပေ ၈ သန်းခန့်နှင့် အခြားယာဉ်များအတွက် ကုဗပေ ၂ သန်းခန့် သုံးစွဲလျက်ရှိ ကြောင်း သိရသည်။
"CNG ဈေးနှုန်းကတော့ အခုထိ ပြင်လို့ အဆင်မပြေသေးပါဘူး။ ဈေးနှုန်းပြင်လိုက်မယ်ဆိုရင် ပြည်သူအပေါ်မှာ သက်ရောက်မှု ကြီးသွားနိုင်တဲ့အတွက် ဝန်ကြီးဌာနအနေနဲ့ကတော့ ချက်ချင်းကြီး မပြင်သေးပါဘူး။"ဟု ဦးလှဝင်းဌေးက ပြောသည်။
ရန်ကုန်မြို့အတွင်း၌ CNG အရောင်းဆိုင် ၄၁ ဆိုင် ရှိပြီး ယင်း CNG အရောင်းဆိုင်များတွင် တပ်ဆင်အသုံး ပြုလျက်ရှိသော စက်ပစ္စည်းများကိုလည်း ကြံ့ခိုင်မှု‌ကောင်းမွန်စေရန်နှင့် စွမ်းဆောင်ရည် မြင့်မားစေရန်အတွက် အရေးပေါ်ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ ၁ နှင့် ပုံမှန်ပြုပြင် ထိန်းသိမ်းရေးအဖွဲ့ ၂ တို့ဖြင့် ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် ရန်ကုန်မြို့တွင်းရှိ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် CNG စီမံကိန်းကို ၂၀၁၄ ခုနှစ်က တိုးချဲ့ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မှုံလေး (မြစ်မခ)
zawgyi

စက်သုံးဆီဈေး မြင့်တက်လာသော်လည်း ပြည်တွင်း CNG ဈေးနှုန်း မြင့်တက်ရန် မရှိဟုဆို

အမေရိကန်နှင့် အီရန်ဆက်ဆံရေး တင်းမာမှုကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာသော်လည်း မြန်မာ နိုင်ငံအနေဖြင့် လတ်တလောတွင် သဘာဝဓာတ်ငွေ့ (CNG) ဈေးနှုန်း မြင့်တက်ရန် မရှိသေးကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငေွ့ဌာနမှ သိရှိရသည်။
လက်ရှိ ပြည်တွင်း၌ စက်သုံးဆီ/ဒီဇယ် တစ်ဂါလံနှင့် ညီမျှသည့် သဘာဝဓါတ်ငွေ့ ၃ ဒဿမ ၆၆ ကီလိုဂရမ်လျှင် ၁၀၀၀ ကျပ်ဖြင့်သာ ရောင်းချပေးနေပြီး အစိုးရအနေဖြင့် အရှုံးခံ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓါတ်ငေွ့ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးက ပြောသည်။
"ဒီလိုပြောင်းလဲလိုက်တဲ့အချိန်မှာ ဓာတ်ဆီ/ဒီဇယ် တစ်ဂါလံနဲ့ညီမျှတဲ့ သဘာဝဓာတ်ငွေ့ကို တစ်ထောင်ကျပ်နဲ့ ရောင်းတာဖြစ်ပါတယ်။ အခု ဓာတ်ဆီ/ဒီဇယ် တစ်ဂါလံ ပြင်ပပေါက်ဈေးဟာ ၃၅၀၀ ကျပ်လောက်ရှိမယ်။ အဲ့တော့ ဝန်ကြီးဌာနအနေနဲ့ အရှုံးခံပြီးတော့ ရောင်းပေးနေတာပါ"ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးက ပြောသည်။
သဘာဝဓါတ်ငွေ့ ဈေးနှုန်းအား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်းက ၅ ကြိမ်မြောက်အဖြစ် နောက်ဆုံး‌ ဈေးနှုန်း ပြောင်းလဲထား‌ကြောင်း သိရသည်။
CNG နေ့စဉ်သုံးစွဲမှုမှာ ကုဗပေ ၂၄ သန်း ကျော်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို သယ်ယူပို့ဆောင်ပေးနေသော YBS ယာဉ်များအတွက် ကုဗပေ ၁၃ သန်းကျော်၊ အငှားယာဉ်များအတွက် ကုဗပေ ၈ သန်းခန့်နှင့် အခြားယာဉ်များအတွက် ကုဗပေ ၂ သန်းခန့် သုံးစွဲလျက်ရှိ ကြောင်း သိရသည်။
"CNG ဈေးနှုန်းကတော့ အခုထိ ပြင်လို့ အဆင်မပြေသေးပါဘူး။ ဈေးနှုန်းပြင်လိုက်မယ်ဆိုရင် ပြည်သူအပေါ်မှာ သက်ရောက်မှု ကြီးသွားနိုင်တဲ့အတွက် ဝန်ကြီးဌာနအနေနဲ့ကတော့ ချက်ချင်းကြီး မပြင်သေးပါဘူး။"ဟု ဦးလှဝင်းဌေးက ပြောသည်။
ရန်ကုန်မြို့အတွင်း၌ CNG အရောင်းဆိုင် ၄၁ ဆိုင် ရှိပြီး ယင်း CNG အရောင်းဆိုင်များတွင် တပ်ဆင်အသုံး ပြုလျက်ရှိသော စက်ပစ္စည်းများကိုလည်း ကြံ့ခိုင်မှု‌ကောင်းမွန်စေရန်နှင့် စွမ်းဆောင်ရည် မြင့်မားစေရန်အတွက် အရေးပေါ်ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ ၁ နှင့် ပုံမှန်ပြုပြင် ထိန်းသိမ်းရေးအဖွဲ့ ၂ တို့ဖြင့် ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် ရန်ကုန်မြို့တွင်းရှိ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် CNG စီမံကိန်းကို ၂၀၁၄ ခုနှစ်က တိုးချဲ့ဖော်ဆောင်ခဲ့ခြင်းြဖစ်ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List