Friday, January 10, 2020

ဝန်ထမ်းများ ပင်စင်ယူသည့်အခါ ရာထူးလျော်ညီသည့် ကားများစီးနိုင်အောင် ကား ပါမစ်ထုတ်ပေးခြင်းသာဖြစ်ဟု စီး/ကူး အတွင်းဝန်ပြော

Image may contain: one or more people and indoor
ဝန်ထမ်းများလက်ရှိအသုံးပြုနေသည့် ကားများသည်ဟောင်းနွမ်းသည့်ကား များပြားလာသည့်အတွက် ပင်စင်ယူသည့်အခါတွင် ၎င်းတို့၏ရာထူးအဆင့်နှင့် လျော်ညီသည့် ကားများစီးနိုင်အောင် အခွန်သက်သာခွင့်ဖြင့် ကားတင်သွင်းခွင့်ပြုရန် စီစဉ် ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး က ပြောကြားလိုက်သည်။

"ကျွန်တော်တို့ အခုလိုစီစဉ်လိုက်တာကတော့ ဝန်ထမ်းတွေမှာလက်ရှိ အသုံးပြုနေတဲ့ ကားတွေကလည်း နှစ်ကြာပြီးတော့ ဟောင်းနွမ်းနေတဲ့ကားတွေ များလာတဲ့အတွက် ဝန်ထမ်းတွေမှာလည်း ကောင်းမွန်တဲ့ကားတွေ အသစ်လေးတွေစီးနိုင်အောင် နောက်တစ်ခါ ပင်စင်ယူသွားပြီးရင်လည်း သူ့ရဲ့အဆင့်နဲ့လျော်ညီတဲ့ကားလေး တွေစီးနိုင်အောင် စီစဉ်ပေးခြင်းဖြစ်ပါတယ်။ အဲ့ဒီဝန်ထမ်းတွေအတွက် နိုင်ငံတော်အနေနဲ့တတ်နိုင်တဲ့ဘက်က ချီးမြှင့်ခြင်းဖြစ်ပါတယ်" ဟု ဦးအောင်စိုးကပြောသည်။
နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ယနေ့ပြုလုပ်သည့် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ ဝန်ထမ်းများ မော်တော်ယာဉ်အရစ်ကျရောင်းချရေးအစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား အဖွင့်အမှာ စကား ပြောကြားရာတွင် ဦးအောင်စိုးကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တင်သွင်းခွင့်ကိစ္စနှင့်ပတ်သက်၍ ကားအရောင်းပြခန်းနှင့် အရောင်းစင်တာ လုပ်ငန်းရှင်များက ကားဈေးကွက်အခြေအနေကို စိုးရိမ်ပူပန်နေမှုများရှိနေသည်ကို ကြားသိရသည်ဟု ၎င်းကဆိုသည်။
နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်းများအား ကားတင်သွင်းခွင့်ပြုခြင်းဖြင့် ဈေးကွက်ကို ဆိုးဆိုးရွားရွားထိခိုက်နိုင်မည်မဟုတ်ကြောင်း ဦးအောင်စိုးက ရှင်းလင်းပြောကြားခဲ့သည်။
ဝန်ထမ်းများအနေဖြင့် မော်တော်ယာဉ်များကို မည်သည့်ပုံစံဖြင့် ဝယ်ယူမည်ကို ညှိနှိုင်းပေးသွားမည်ဖြစ်ဟု ဆိုသည်။
ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် မော်တော်ယာဉ် တင်သွင်းခွင့်ပြုသွားမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ ညွှန်ချုပ်နှင့်အထက်၊ ဒုတိယအဆင့်အနေဖြင့် ဒုညွှန်ချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူတွေကို ဆောင်ရွက်ပေးမယ်ဟု ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ဝန်ထမ်းများတင်သွင်းလိုသည့် မော်တော်ယာဉ်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ နှစ်စဉ်ထုတ်ပြန်သည့် ပြည်ပမှတင်သွင်းသည့် မော်တော်ယာဉ်များ၏ထုတ်လုပ်သည့်ခုနှစ် (Model Year) အမိန့်ကြော်ငြာစာပါ သတ်မှတ်ချက်နှင့် ကိုက်ညီရမည်ဖြစ်ကြောင်းသိရသည်။
(Zawgyi)
ဝန်ထမ်းများ ပင်စင်ယူသည့်အခါ ရာထူးလျော်ညီသည့် ကားများစီးနိုင်အောင် ကား ပါမစ်ထုတ်ပေးခြင်းသာဖြစ်ဟု စီး/ကူး အတွင်းဝန်ပြော
ဝန်ထမ်းများလက်ရှိအသုံးပြုနေသည့် ကားများသည်ဟောင်းနွမ်းသည့် ကားများပြား လာသည့်အတွက် ပင်စင်ယူသည့်အခါတွင် ၎င်းတို့၏ရာထူးအဆင့်နှင့် လျော်ညီ သည့် ကားများစီးနိုင်အောင် အခွန်သက်သာခွင့်ဖြင့် ကားတင်သွင်းခွင့်ပြုရန် စီစဉ် ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအ တွင်းဝန်ဦးအောင်စိုးက ပြောကြားလိုက်သည်။
"ကျွန်တော်တို့အခုလိုစီစဉ်လိုက်တာကတော့ ဝန်ထမ်းတွေမှာလက်ရှိ အသုံးပြုနေတဲ့ ကားတွေကလည်း နှစ်ကြာပြီးတော့ ဟောင်းနွမ်းနေတဲ့ကားတွေ များလာတဲ့အတွက် ဝန်ထမ်းတွေမှာလည်း ကောင်းမွန်တဲ့ကားတွေ အသစ်လေးတွေစီးနိုင်အောင် နောက် တစ်ခါ ပင်စင်ယူသွားပြီးရင်လည်း သူ့ရဲ့အဆင့်နဲ့လျော်ညီတဲ့ကားလေး တွေစီးနိုင် အောင် စီစဉ်ပေးခြင်းဖြစ်ပါတယ်။ အဲ့ဒီအတွက်ကို ဝန်ထမ်းတွေအတွက် နိုင်ငံတော် အနေနဲ့တတ်နိုင်တဲ့ဘက်က ချီးမြှင့်ခြင်းဖြစ်ပါတယ်" ဟု ဦးအောင်စိုးကပြောသည်။
နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ယနေ့ပြုလုပ် သည့် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်းများ မော်တော်ယာဉ်အရစ်ကျရောင်းချ ရေးအစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား အဖွင့်အမှာ စကား ပြောကြားရာတွင် ဦးအောင်စိုးကအထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ် သည်။
အဆိုပါတင်သွင်းခွင့်ကိစ္စနှင့်ပတ်သက်၍ ကားအရောင်းပြခန်းနှင့် အရောင်းစင်တာ လုပ်ငန်းရှင်များက ကားစျေးကွက်အခြေအနေကို စိုးရိမ်ပူပန်နေမှုများရှိနေသည်ကို ကြားသိရသည်ဟု ၎င်းကဆိုသည်။
နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်းများအား ကားတင်သွင်းခွင့်ပြုခြင်းဖြင့် စျေး ကွက်ကို ဆိုးဆိုးရွားရွားထိခိုက်နိုင်မည်မဟုတ်ကြောင်း ဦးအောင်စိုးက ရှင်းလင်း ပြောကြားခဲ့သည်။
ဝန်ထမ်းများအနေဖြင့် မော်တော်ယာဉ်များကို မည်သည့်ပုံစံဖြင့် ဝယ်ယူမည်ကို ညှိနှိုင်းပေးသွားမည်ဖြစ်ဟု ဆိုသည်။
ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် မော်တော်ယာဉ် တင်သွင်းခွင့်ပြုသွားမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ ညွှန်ချုပ်နှင့်အထက်၊ ဒုတိယ အဆင့်အနေဖြင့် ဒုညွှန်ချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံ ဆိပ်ရရှိသူတွေကို ဆောင်ရွက်ပေးမယ်ဟု ကြေညာချက် ထုတ်ပြန်ထားကြောင်း သိ ရသည်။
ဝန်ထမ်းများတင်သွင်းလိုသည့် မော်တော်ယာဉ်များကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနကနေ နှစ်စဉ်ထုတ်ပြန်သည့် ပြည်ပမှတင်သွင်းသည့် မော်တော် ယာဉ်များ၏ထုတ်လုပ်သည့်ခုနှစ် (Model Year) အမိန့်ကြော်ငြာစာပါ သတ်မှတ် ချက်နှင့် ကိုက်ညီရမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment

My Blog List