Thursday, January 09, 2020

အီရန်နိုင်ငံရှိ ထိုင်းအလုပ်သမားတွေကို ပြန်ခေါ်ယူဖို့ ထိုင်းဝန်ကြီး ချုပ် အမိန့်ပေး

Image may contain: skyscraper, sky, car and outdoor
ဒေသအတွင်း တင်းမာမှုတွေကြောင့် လိုအပ်လာမယ်ဆိုရင် အီရန် နိုင်ငံရှိ ထိုင်းနိုင်ငံသားတွေကို ဘေးလွှတ်ရာကို အမြန်ဆုံးပြန်ခေါ်ယူဖို့ အီရန်ရှိ ထိုင်းသံရုံးကို ထိုင်းဝန်ကြီးချုပ်က အမိန့်ပေးထားကြောင်း ထိုင်းသတင်းတွေကဖော်ပြပါတယ်။ 
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန် ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် အီရန်ဗိုလ်ချုပ်ဆိုလေမာနီ သေဆုံးပြီးနောက် အီရန် နဲ့ အမေရိကန်ကြား တင်းမာမှုအရှိန်မြင့်တက် လာခဲ့ရပါတယ်။ 

အရေးပေါ်အခြေနေကြုံလာမယ်ဆိုရင် အီရန်ရှိ ထိုင်းနိုင်ငံသားနဲ့ ထိုင်းအလုပ်သမား တွေကိုခေါ်ယူဖို့ ခရီးသည်တင်လေယာဉ်တွေနဲ့ စစ်ဘက်သုံးလေယာဉ်တွေ အသုံးပြုဖို့ခွင့်ပေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ချန်အိုချာက ဆိုပါတယ်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနေနဲ့ အီရန်နဲ့အမေရိကန်ကြား ဖြစ်နေတဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး အီရန်နဲ့ အမေရိကန်ကြားတင်းမာမှု ပိုမို ဖြစ်လာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

ထိုင်းအလုပ်သမားဝန်ကြီးကလည်း အီရန်နိုင်ငံ Riyadh နဲ့ Abu Dhabi မြို့ရှိ ထိုင်းအလုပ်သမားသံရုံးတွေကို ဆက်သွယ်ထားပြီး ထိုင်းအလုပ်သမား တွေ ဘေးလွှတ်ရာကိုရွှေ့ပြောင်းဖို့ နဲ့ပြန်ခေါ်ယူဖို့ ညွှန်ကြားထားပါတယ်။ ထိုင်းအလုပ်သမား ဥပဒေ နဲ့ အညီ ထိုင်း အလုပ်ကိုင်ရှာဖွေရေးဌာန အနေနဲ့ ထိုင်းအလုပ်သမားတွေကို ပြန်ခေါ်ယူရေး ကူညီပံ့ပိုး ပေးသွားမှာဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကဆိုပါတယ်။ 

အီရန်နိုင်ငံမှာ ထိုင်းအလုပ်သမား ဦးရေ ၂၅၇ ဦး နဲ့ အီရတ်မှာ ၂၅ ဦးရှိနေကြောင်း ၊ ထိုင်းအလုပ်သမားတွေ ဟာအဆိုပါ နှစ်နိုင်ငံမှာ နည်းပညာပိုင်း၊ ငါးဖမ်းလုပ်ငန်း၊ စာဖိုမှူး၊ ဂဟေဆော်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
ကောင်းထက် ( အကုန်သိ သတင်းဌာန )
<<< Unicode Version >>>

အီရန်နိုင်ငံရှိ ထိုင်းအလုပ်သမားတွေကို ပြန်ခေါ်ယူဖို့ ထိုင်းဝန်ကြီး ချုပ် အမိန့်ပေး

---- ကောင်းထက် (အကုန်သိ သတင်းဌာန) -----

ဒေသအတွင်း တင်းမာမှုတွေကြောင့် လိုအပ်လာမယ်ဆိုရင် အီရန် နိုင်ငံရှိ ထိုင်းနိုင်ငံသားတွေကို ဘေးလွှတ်ရာကို အမြန်ဆုံးပြန်ခေါ်ယူဖို့ အီရန်ရှိ ထိုင်းသံရုံးကို ထိုင်းဝန်ကြီးချုပ်က အမိန့်ပေးထားကြောင်း ထိုင်းသတင်းတွေကဖော်ပြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန် ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် အီရန်ဗိုလ်ချုပ်ဆိုလေမာနီ သေဆုံးပြီးနောက် အီရန် နဲ့ အမေရိကန်ကြား တင်းမာမှုအရှိန်မြင့်တက် လာခဲ့ရပါတယ်။ အရေးပေါ်အခြေနေကြုံလာမယ်ဆိုရင် အီရန်ရှိ ထိုင်းနိုင်ငံသားနဲ့ ထိုင်းအလုပ်သမား တွေကိုခေါ်ယူဖို့ ခရီးသည်တင်လေယာဉ်တွေနဲ့ စစ်ဘက်သုံးလေယာဉ်တွေ အသုံးပြုဖို့ခွင့်ပေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ချန်အိုချာက ဆိုပါတယ်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနေနဲ့ အီရန်နဲ့အမေရိကန်ကြား ဖြစ်နေတဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး အီရန်နဲ့ အမေရိကန်ကြားတင်းမာမှု ပိုမို ဖြစ်လာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ထိုင်းအလုပ်သမားဝန်ကြီးကလည်း အီရန်နိုင်ငံ Riyadh နဲ့ Abu Dhabi မြို့ရှိ ထိုင်းအလုပ်သမားသံရုံးတွေကို ဆက်သွယ်ထားပြီး ထိုင်းအလုပ်သမား တွေ ဘေးလွှတ်ရာကိုရွှေ့ပြောင်းဖို့ နဲ့ပြန်ခေါ်ယူဖို့ ညွှန်ကြားထားပါတယ်။ ထိုင်းအလုပ်သမား ဥပဒေ နဲ့ အညီ ထိုင်း အလုပ်ကိုင်ရှာဖွေရေးဌာန အနေနဲ့ ထိုင်းအလုပ်သမားတွေကို ပြန်ခေါ်ယူရေး ကူညီပံ့ပိုး ပေးသွားမှာဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကဆိုပါတယ်။ အီရန်နိုင်ငံမှာ ထိုင်းအလုပ်သမား ဦးရေ ၂၅၇ ဦး နဲ့ အီရတ်မှာ ၂၅ ဦးရှိနေကြောင်း ၊ ထိုင်းအလုပ်သမားတွေ ဟာအဆိုပါ နှစ်နိုင်ငံမှာ နည်းပညာပိုင်း၊ ငါးဖမ်းလုပ်ငန်း၊ စာဖိုမှူး၊ ဂဟေဆော်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

No comments:

Post a Comment

My Blog List