Tuesday, January 07, 2020

နှစ်ဖက်လက်ခံနိုင်သည့် ဆုံးဖြတ်ချက်နှင့် လုပ်ငန်းစဉ်ချမှတ်ရေး အားလုံးမှာတာဝန်ရှိဟု RCSS ခေါင်းဆောင်ပြောဆို

Image may contain: 2 people
JICM အစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို တရားဝင်ပြန်လည်စတင်နိုင်ရန် အတွက် အရေးပါသည့် အစည်းအဝေးဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ရာတွင် လက်ရှိအခြေအနေအရပ်ရပ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် လုပ်ငန်းစဉ်တွေဖြစ်ရန် လိုအပ်ပြီး နှစ်ဖက်လက်ခံနိုင်သည့် ဆုံးဖြတ်ချက်နှင့် လုပ်ငန်းစဉ်ချမှတ်ရေးအတွက် အားလုံးတာဝန်ရှိသည်ဟု RCSS ခေါင်းဆောင်ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောဆိုလိုက်သည်။

"ရှေ့လုပ်ငန်းစဉ်တွေချမှတ်ရာမှာ လက်ရှိအခင်းအကျင်းအခြေအနေအရပ်ရပ်နဲ့လိုက်လျောညီထွေဖြစ်စေမယ့် လုပ်ငန်းစဉ်တွေဖြစ်ဖို့လိုအပ်ပါတယ်။ လက်တွေ့ကျတဲ့ ပကတိဖြစ်ရပ်တွေနဲ့ကိုက်ညီတဲ့ လုပ်ငန်းစဉ်တွေဖြစ်ရပါမယ်။ ဒါမှသာအကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာအောင်မြင်မှာဖြစ်ပါတယ်။''ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအ ဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel ၌ ပြုလုပ်ခဲ့ပြီး အဖွင့်မိန့် ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများဖြစ်သည့်အတွက် NCA ပါပြဋ္ဌာန်း ချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲများ၏ ရလာဒ်များနှင့်အညီ ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်သွားကြရန်နှင့် ယနေ့အစည်းအဝေးမှတစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက်ကောင်းမွန် သည့်ရလဒ်များရရှိရန်အတွက်ကြိုး ပမ်းဆွေးနွေးကြရန် ၎င်းတိုက်တွန်းပြောဆိုသည်။
ဇန်နဝါရီလ ၈ရက်နေ့တွင် နေပြည်တော်ရှိ NRPC တွင်၈ ကြိမ်မြောက် JICM အစည်းအဝေးကိုပြု လုပ်မည်ဖြစ်သည်။
JICM အစည်းအဝေးသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ တက်ရောက်သည့် အစည်းအဝေးဖြစ်သည်။
(Zawgyi)
နှစ်ဖက်လက်ခံနိုင်သည့် ဆုံးဖြတ်ချက်နှင့် လုပ်ငန်းစဉ်ချမှတ်ရေး အားလုံးမှာတာဝန်ရှိဟု RCSS ခေါင်းဆောင်ပြောဆို
ဇန္နဝါရီ ၇
ယဉ်ကေနွယ်

JICM အစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို တရားဝင်ပြန်လည်စတင်နိုင်ရန် အတွက် အရေးပါသည့် အစည်းအဝေးဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ရာတွင် လက်ရှိအခြေအနေအရပ်ရပ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် လုပ်ငန်းစဉ်တွေဖြစ်ရန် လိုအပ်ပြီး နှစ်ဖက်လက်ခံနိုင်သည့် ဆုံးဖြတ်ချက်နှင့် လုပ်ငန်းစဉ်ချမှတ်ရေးအတွက် အားလုံးတာဝန်ရှိသည်ဟု RCSS ခေါင်းဆောင်ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောဆိုလိုက်သည်။
"ရှေ့လုပ်ငန်းစဉ်တွေချမှတ်ရာမှာ လက်ရှိအခင်းအကျင်းအခြေအနေအရပ်ရပ်နဲ့လိုက်လျောညီထွေဖြစ်စေမယ့် လုပ်ငန်းစဉ်တွေဖြစ်ဖို့လိုအပ်ပါတယ်။ လက်တွေ့ကျတဲ့ ပကတိဖြစ်ရပ်တွေနဲ့ကိုက်ညီတဲ့ လုပ်ငန်းစဉ်တွေဖြစ်ရပါမယ်။ ဒါမှသာအကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာအောင်မြင်မှာဖြစ်ပါတယ်။''ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအ ဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel ၌ ပြုလုပ်ခဲ့ပြီး အဖွင့်မိန့် ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများဖြစ်သည့်အတွက် NCA ပါပြဋ္ဌာန်း ချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲများ၏ ရလာဒ်များနှင့်အညီ ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်သွားကြရန်နှင့် ယနေ့အစည်းအဝေးမှတစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက်ကောင်းမွန် သည့်ရလဒ်များရရှိရန်အတွက်ကြိုး ပမ်းဆွေးနွေးကြရန် ၎င်းတိုက်တွန်းပြောဆိုသည်။
ဇန်နဝါရီလ ၈ရက်နေ့တွင် နေပြည်တော်ရှိ NRPC တွင်၈ ကြိမ်မြောက် JICM အစည်းအဝေးကိုပြု လုပ်မည်ဖြစ်သည်။
ပြီးခဲ့သည့် NCA လက်မှတ်ရေးထိုးခြင်း(၄)နှစ်ပြည့် အခမ်းအနားအပြီးတွင် JICM အစည်းအဝေးကို တဆက်တည်းပြုလုပ်ရန်ရှိသော်လည်း RCSS ခေါင်းဆောင်တက်ရောက်နိုင်ခြင်းမရှိေသောကြောင့် အစည်းအဝေးမပြုလုပ်ခဲ့ရပေ။
JICM အစည်းအဝေးသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ တက်ရောက်သည့် အစည်းအဝေးဖြစ်သည်။

No comments:

Post a Comment

My Blog List