Friday, January 10, 2020

မိမိတို့နိုင်ငံတွင် အလိုအပ်ဆုံးမှာ ငြိမ်းချမ်းရေးပင်ဖြစ် ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်မှ အောင်မြင်နိုင်မည်


Image may contain: 8 people, people smiling, people standing
ပြည်ထောင်စုဆိုတဲ့ အနှစ်သာရအဓိပ္ပာယ်ကို ယုံကြည်စေချင်ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားများ၊မတူညီတဲ့ သဘောထားများနဲ့ စုပေါင်းပြီးတော့ ထူထောင်ထားတဲ့ပြည်ထောင်စုဆိုတာကို ဂုဏ်ယူစေချင်တယ်။ ပြည်ထောင်စုကြီးခိုင်မြဲအောင်၊ တိုးတက်အောင်၊ ဖွံ့ ဖြိုးအောင် ဝိုင်းဝန်းပြီး လုပ်ပေးနိုင်တဲ့ ကိုယ့်ရဲ့ကဏ္ဍကို တန်ဖိုးထားစေချင်ပါတယ်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆေွ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက မြစ်ကြီးနား လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကချင်ပြည်နယ်မှ ဘာသာရေး ခေါင်းဆောင်များ၊ မျိုးနွယ်စုကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် မြစ်ကြီးနားမြို့ Plam Spring ဟိုတယ်၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကချင်ပြည်နယ်သို့ မိမိအနေ ဖြင့် ကချင်ပြည်နယ်နေ့နှင့် တိုက်ဆိုင်သည့်အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရာတွင် အရေးအကြီးဆုံးမှာ မိမိကိုယ်ကို မိမိယုံကြည်ခြင်းပင်ဖြစ်ပါေကြာင်း၊ မိမိတို့နိုင်ငံတွင် အလိုအပ်ဆုံးမှာ ငြိမ်းချမ်းရေးဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့်မြို့မိမြို့ဖ ဦးပေါ်ဦးက ကချင်လူမျိုးများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေခဲ့မှု၊ မြို့မိမြို့ဖ ဒေါက်တာတူးဂျာကIDP စခန်းများပိတ်သိမ်းပြီး မူလနေရာပြန်လည်နေရာချထားနိုင်ရေး၊ ရွှေ့ပြောင်းလုပ်သားများကိစ္စ စနစ်တကျဖြေရှင်းပေးရေးနှင့်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးလဘန်ဂမ်အောင်က မူးယစ်ဆေးဝါးပြဿနာ ဝိုင်းဝန်းဖြေရှင်းပေးရေး၊ ကလေးပျောက်ဆုံးမှုပြဿနာဖြေရှင်းပေးရေးနှင့် စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးရေး၊ လီဆူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှဦးအားဖူက လီဆူအမည် အမှန်ခေါ်ဝေါ်သုံးစွဲပေးရေး၊ မြို့မိမြို့ဖဦးလခရိဇော်ဘောက်က မြစ်ကြီးနားကလေးဆေးရုံ တည်ဆောက်ပေးရေးနှင့် မြစ်ကြီးနားဆေးတက္ကသိုလ် တည်ဆောက်ဖွင့်လှစ်ပေးရေး၊ ကချင်တိုင်းရင်းသားစီးပွားေရးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းရင်းသားစီးပွားရေးလုပ်ငန်း ရှင်အသင်းများ အောင်မြင်အောင် ကူညီဆောင်ရွက်ပေးရေး၊ ငြိမ်းချမ်းမေတ္တာအဖွဲ့မှ ကျောင်းအမြန်ဖွင့်လှစ်ပေးရေး၊ဇိုင်ဝါးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးကွမ်းရှောင်က တိုင်းရင်းသားရေးရာဝန်ကြီးဌာနများအတွက် ရန်ပုံငွေတိုးချဲ့ခွင့်ပြုေပးရေး၊ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ ဦးယွပ်ဇော်ခေါင်က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးရရှိရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေမှုတို့နှင့် စပ်လျဉ်း၍တင်ပြကြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကငြိမ်းချမ်းရေးအမှန်တကယ် ရရှိရန်အတွက် ပထမဉီးဆုံး ဆောင်ရွက်ရမည်မှာ NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် လိုအပ်ပါကြောင်း၊ IDP စခန်းများ ပိတ်သိမ်းရေးအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းလုပ်သားကိစ္စဖြေရှင်းရာတွင် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကလေးပျောက်ဆုံးမှုကိစ္စကို မိဘ၊ ဆရာ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးကိစ္စဖြေရှင်းရေးမှာ အစိုးရတစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်၍ မရနိုင်ပါကြောင်း၊ ပြည်သူလူထုပါဝင်မှ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ စာသင်ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရန် ငြိမ်းချမ်းရေးလိုအပ်ပါကြောင်း၊ နယ်မြေမငြိမ်းချမ်း၍ ရွေးကောက်ပွဲမကျင်းပနိုင်ပါက နိုင်ငံသားများ၏ အရေးအကြီးဆုံး အခွင့်အရေးဆုံးရှုံးနိုင်ပါေကြာင်း၊ ကျန်းမာရေးကိစ္စ တင်ပြချက်များကိုလည်း စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘာသာရေးခေါင်းဆောင်များ၊ မျိုးနွယ်စုကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြစ်ကြီးနား မြို့တော်ခန်းမ၌ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ကျွန်မတို့ ဒီကနေ့ မြစ်ကြီးနားမြို့ကို လာပြီးတော့ ပြည်သူလူထုနဲ့တွေ့ဆုံနိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြည်သူလူထုနဲ့ကျွန်မတို့ ထိတွေ့မှု အမြဲရှိနေဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီပြည်ထောင်စုထူထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှိနေတယ်ဆိုတဲ့အခါကျတော့ကျွန်မတို့ ပြည်သူနဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရအကြားမှာ ဆိုရင် ဆက်စပ်မှုအမြဲပဲရှိဖို့လိုပါတယ်။
"ကျွန်မတို့အားလုံးက ပြည်ထောင်စုသားချင်းတွေပါ။ကိုယ့်ကိုယ်ကိုယ် ငါတို့တစ်တွေကအားလုံး ပြည်ထောင်စုသားချင်းတွေဆိုတဲ့ စိတ်ဓာတ်ထားရင် ဒီနိုင်ငံမှာ စည်းလုံးညီညွတ်မှုမရှိစရာအေြကာင်းမရှိပါဘူး။ အစကတည်းက ငါက ဗမာ၊ ငါကရှမ်း၊ ငါက ကချင်ဆိုရင် ပြည်ထောင်စုက ဘယ်ရောက်သွားပြီလဲ။ပြည်ထောင်စုက ဒုတိယဘယ်တော့မှ ဖြစ်လို့မဖြစ်ပါဘူး။ ပြည်ထောင်စုဆိုတာ ပထမပဲဖြစ်ရမယ်။ ပထမလည်း ပြည်ထောင်စု၊ဒုတိယလည်းပြည်ေထာင်စု၊ တတိယလည်းပြည်ထောင်စု။ဒီပြည်ထောင်စုအတွင်းမှာမှ ကျွန်မတို့ရဲ့ မတူညီတဲ့လူမျိုးများ၊မတူညီတဲ့ဘာသာစကားပြောသူများ။ မတူညီတဲ့ ကိုးကွယ်တဲ့ ဘာသာမတူသူများ ရှိနိုင်မှာဖြစ်ပါတယ်။
"အခု ကချင်ပြည်နယ်မှာဆိုရင် ငြိမ်းချမ်းရေးဆိုတာ မရသေးပါဘူး။ တစ်ဦးနဲ့ တစ်ဦးတစ်ခါတလေမှာ စိတ်သဘောထားမတူညီတဲ့ဟာတွေကို ပြေပြေလည်လည် ညှိနှိုင်းတဲ့နေရာမှာအားနည်းချက်တွေလည်း ရှိပါသေးတယ်။ သဘောထားဆိုတာတစ်သဘောထားချည်းဖြစ်ဖို့မလိုပါဘူး။ တူဖို့လည်းမလိုပါဘူး။မတူမှုေတွကို ညှိနှိုင်းနိုင်တဲ့ အရည်အချင်းရှိဖို့လိုပါတယ်။ ညှိနှိုင်းနိုင်တဲ့ အရည်အချင်းဆိုတာဟာ အပေးအယူစိတ်ဓာတ်ပါပဲ။ ကိုယ်ပေးသင့်တဲ့နေရာမှာ ပေးရမယ်။ ယူသင့်တဲ့နေရာမှာ ယူရမယ်။ ယူတတ်ရမယ်။ ပေးတတ်ရမယ်။ ပေးတတ်ရမယ်ဆိုတာဟာ လက်ခံတဲ့သူ လက်ခံချင်အောင်လို့၊ လက်ခံတဲ့သူကနေပြီးတော့ တန်ဖိုးထားအောင်လို့၊ ကျေးဇူးတင်အောင်လို့ ပေးတတ်ရမယ်။ ယူတဲ့နေရာမှာလည်း ထိုနည်းလည်းကောင်းပဲ၊ ပေးသာပေးလိုက်ရတယ်။ ဘာမှလည်းအကျိုးမရှိဘူး။ ကျေးဇူးလည်းအတင်မခံရဘူး။ မပေးလိုက်ရရင်အကောင်းသားဆိုတဲ့ စိတ်ဓာတ်ဖြစ်သွားရင် ဘယ်ကောင်းမလဲ။ အဲဒီတော့ ကျွန်မတို့က အားလုံးအပေးအယူဆိုတဲ့ စိတ်ဓာတ်ရှိရမယ်။
"ပြည်ထောင်စုဆိုတဲ့ အနှစ်သာရအဓိပ္ပာယ်ကို ယုံကြည်စေချင်ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားများ၊ မတူညီတဲ့သဘောထားများနဲ့ စုပေါင်းပြီးတော့ ထူထောင်ထားတဲ့ ပြည်ထောင်စုဆိုတာကို ဂုဏ်ယူစေချင်တယ်။ ပြည်ထောင်စုကြီးခိုင်မြဲအောင်၊တိုးတက်အောင်၊ ဖွံ့ဖြိုးအောင်ဝိုင်းဝန်းပြီး လုပ်ပေးနိုင်တဲ့ ကိုယ့်ရဲ့ကဏ္ဍကို တန်ဖိုးထားစေချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ လုပ်ပေးနိုင်တဲ့အရည်အချင်းရှိပါတယ်။ ကိုယ်လုပ်ပေးတာ မလုပ်ပေးတာ နောက်ဆုံးကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ အစိုးရဝန်ထမ်းမို့လို့၊ အစိုးရအဖွဲ့ဝင်မို့လို့ အလိုလိုနိုင်ငံတာဝန်ကိုထမ်းဆောင်နေတာမဟုတ်ပါဘူး။ အစိုးရအဖွဲ့ဝင်များ၊ ဝန်ထမ်းများဟာ တာဝန်မကျေရင် နိုင်ငံ့တာဝန်ထမ်းဆောင်တာမေရာက်တဲ့အပြင် နိုင်ငံကိုအန္တရာယ်ပြုတယ်လို့တောင် ပြောလို့ရပါတယ်။ဒါကြောင့်မို့ ကိုယ့်နေရာက အဓိကမဟုတ် ဘူး။ ကိုယ့်ရဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့လုပ်ကိုင်မှုကသာ အဓိကပါ"ဟု ပြောကြားသွားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြစ်ကြီးနားမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)သို့ ရောက်ရှိပြီးအဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွမ်၊အတွင်းေရးမှူးသိက္ခာတော်ရ ဖော်ယောင်တူးမိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် အတွင်းရေးမှူးက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် KBC အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် KBC ဥက္ကဋ္ဌက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ပါဝင်ဆောင်ရွက်ေနသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) နှင့် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ(KHCC) တို့ ပူးပေါင်းဆောင်ရွက်နေသည့် နေရပ်စွန့်ခွာသူများ၏ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေးနှင့် ၎င်းတို့ကို နေရာချထားရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် KIA, KIO အဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံအား ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း သဘောတူညီခဲ့သည်များကိုအကောင်အထည်ဖော်ပေးစေလိုကြောင်း၊ ငြိမ်းချမ်းရေးအတွက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကြိုးပမ်းဆောင်ရွက်ချက်များကို အားပေးပါကြောင်း၊ ခရစ်ယာန်ဘာသာရေးအဆောက်အအုံများ သိမ်းဆည်းခံထားရသည့် အခြေအနေများကို ပြန်လည်စိစစ်ပေးစေလိုကြောင်း ပြောကြားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အားလည်းကောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း ဆုတောင်းပေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က IDP စခန်းနေပြည်သူများ နေရပ်ပြန်ရေး၊ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ရေးမှာ အရေးကြီးကြောင်း၊ ပြည်သူပြည်သားများ၏ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးနိုင်ရေးအတွက် လုံခြုံရေးမှာအရေးကြီးကြောင်းချမ်းသာကြွယ်ဝမှုထက် လုံခြုံမှုက ပိုမိုအရေးကြီးကြောင်း၊ ဖွံ့ဖြိုးရေးဟုဆိုရာတွင် ရုပ်ပိုင်းသာမက စိတ်ပိုင်းအရ မြင့်မားသည့်ပြည်သူပြည်သားများ ဖြစ်စေလိုကြောင်း၊ KBC သည် ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကို နာခံကြသူများဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် အဓိကလုပ်ဆောင်ကြသည့် ငြိမ်းချမ်းအောင်လုပ်ဆောင်သူများအဖြစ် အလေးထားပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုးကွယ်သည့် ဘာသာများမတူညီကြကြောင်း၊ ယင်းကို မိမိအနေဖြင့်ဂုဏ်ယူကြောင်း၊ ဘာသာတရားများတွင် အခြေခံမှာ မေတ္တာတရားပင် ဖြစ်ကြောင်း၊ KBC အနေဖြင့်Prince of Peace ဟုခေါ်ဆိုကြသည့် ခရစ်တော်၏ ဆုံးမသွန်သင်မှုများအတိုင်းလုပ်ဆောင်ပေးစေလိုကြောင်း၊ (၂၁)ရာစု ပင်လုံညီလာခံဟုဘာကြောင့် ခေါ်တွင်စေသည်ကို အခွင့်ကြုံခိုက်ရှင်းပြလိုေကြာင်း၊၁၉၄၇ ခုနှစ် ပင်လုံညီလာခံသည် (၂၀)ရာစု ပင်လုံဖြစ်ကြောင်း၊လက်ရှိအချိန်တွင် ရာစုနှစ်တစ်ခု ပြောင်းလဲသွားပြီဖြစ်သော်လည်း အားလုံးမျှော်လင့်ခဲ့သည့် ပြည်ထောင်စုကို မတည်ဆောက်နိုင်သေးကြောင်း၊ ရာစုနှစ်တစ်ခုအတွင်း ကမ္ဘာကြီးတွင်အကြီးအကျယ် ပြောင်းလဲသွားပြီဖြစ်ကြောင်း၊ ခေတ်သစ်၊ ရာစုနှစ်အသစ်တွင် အတွေးအခေါ်၊ အယူအဆအသစ်များဖြင့် ဆောင်ရွက်ရမည်ဟု ခံယူသဖြင့် (၂၁)ရာစုပင်လုံဟု ခေါ်တွင်စေခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုတည်ဆောက်ရေးမှာ မပြီးဆုံးသေးကြောင်း၊ ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်မှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ KBC ကို မေတ္တာရပ်ခံလိုသည်မှာ နိုင်ငံတော်အေးချမ်းအောင် ကူညီပေးကြစေလိုကြောင်း၊ လူငယ်များ၏နှလုံးသားတွင် မေတ္တာတရားဆိုသည်ကို စွဲမြဲနေအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ငြိမ်းချမ်းသည့်နည်းဖြင့် ရယူသည့်ငြိမ်းချမ်းရေးသာလျှင် စစ်မှန်သည့် ငြိမ်းချမ်းရေးဖြစ်ကြောင်း၊KBC ကို ယုံကြည်အားကိုးသူများအားလုံး ငြိမ်းချမ်းရေးတွင်ပါဝင်လာေအာင် ကြိုးပမ်းပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC)အတွက် အလှူငွေများပေးအပ်လှူဒါန်းသည်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် KBC ဥက္ကဋ္ဌ၊ အတွင်းရေးမှူး။ အဖွဲ့ဝင်များနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
(Unicode Version)

မိမိတို့နိုင်ငံတွင် အလိုအပ်ဆုံးမှာ ငြိမ်းချမ်းရေးပင်ဖြစ်
ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်မှ အောင်မြင်နိုင်မည်

ပြည်ထောင်စုဆိုတဲ့ အနှစ်သာရအဓိပ္ပာယ်ကို ယုံကြည်စေချင်ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားများ၊မတူညီတဲ့ သဘောထားများနဲ့ စုပေါင်းပြီးတော့ ထူထောင်ထားတဲ့ပြည်ထောင်စုဆိုတာကို ဂုဏ်ယူစေချင်တယ်။ ပြည်ထောင်စုကြီးခိုင်မြဲအောင်၊ တိုးတက်အောင်၊ ဖွံ့ ဖြိုးအောင် ဝိုင်းဝန်းပြီး လုပ်ပေးနိုင်တဲ့ ကိုယ့်ရဲ့ကဏ္ဍကို တန်ဖိုးထားစေချင်ပါတယ်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလျခြုပျကွီးရဲအောငျ၊ ဦးမင်းသူ၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက မြစ်ကြီးနား လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကချင်ပြည်နယ်မှ ဘာသာရေး ခေါင်းဆောင်များ၊ မျိုးနွယ်စုကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် မြစ်ကြီးနားမြို့ Plam Spring ဟိုတယ်၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကချင်ပြည်နယ်သို့ မိမိအနေ ဖြင့် ကချင်ပြည်နယ်နေ့နှင့် တိုက်ဆိုင်သည့်အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရာတွင် အရေးအကြီးဆုံးမှာ မိမိကိုယ်ကို မိမိယုံကြည်ခြင်းပင်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အလိုအပ်ဆုံးမှာ ငြိမ်းချမ်းရေးဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့်မြို့မိမြို့ဖ ဦးပေါ်ဦးက ကချင်လူမျိုးများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေခဲ့မှု၊ မြို့မိမြို့ဖ ဒေါက်တာတူးဂျာကIDP စခန်းများပိတ်သိမ်းပြီး မူလနေရာပြန်လည်နေရာချထားနိုင်ရေး၊ ရွှေ့ပြောင်းလုပ်သားများကိစ္စ စနစ်တကျဖြေရှင်းပေးရေးနှင့်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးလဘန်ဂမ်အောင်က မူးယစ်ဆေးဝါးပြဿနာ ဝိုင်းဝန်းဖြေရှင်းပေးရေး၊ ကလေးပျောက်ဆုံးမှုပြဿနာဖြေရှင်းပေးရေးနှင့် စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးရေး၊ လီဆူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှဦးအားဖူက လီဆူအမည် အမှန်ခေါ်ဝေါ်သုံးစွဲပေးရေး၊ မြို့မိမြို့ဖဦးလခရိဇော်ဘောက်က မြစ်ကြီးနားကလေးဆေးရုံ တည်ဆောက်ပေးရေးနှင့် မြစ်ကြီးနားဆေးတက္ကသိုလ် တည်ဆောက်ဖွင့်လှစ်ပေးရေး၊ ကချင်တိုင်းရင်းသားစီးပွားရေးလုပျငနျးရှငျမြားအသငျးဥက်ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းရင်းသားစီးပွားရေးလုပ်ငန်း ရှင်အသင်းများ အောင်မြင်အောင် ကူညီဆောင်ရွက်ပေးရေး၊ ငြိမ်းချမ်းမေတ္တာအဖွဲ့မှ ကျောင်းအမြန်ဖွင့်လှစ်ပေးရေး၊ဇိုင်ဝါးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးကွမ်းရှောင်က တိုင်းရင်းသားရေးရာဝန်ကြီးဌာနများအတွက် ရန်ပုံငွေတိုးချဲ့ခွင့်ပြုပေးရေး၊ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ ဦးယွပ်ဇော်ခေါင်က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးရရှိရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေမှုတို့နှင့် စပ်လျဉ်း၍တင်ပြကြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကငြိမ်းချမ်းရေးအမှန်တကယ် ရရှိရန်အတွက် ပထမဉီးဆုံး ဆောင်ရွက်ရမည်မှာ NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် လိုအပ်ပါကြောင်း၊ IDP စခန်းများ ပိတ်သိမ်းရေးအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းလုပ်သားကိစ္စဖြေရှင်းရာတွင် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကလေးပျောက်ဆုံးမှုကိစ္စကို မိဘ၊ ဆရာ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးကိစ္စဖြေရှင်းရေးမှာ အစိုးရတစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်၍ မရနိုင်ပါကြောင်း၊ ပြည်သူလူထုပါဝင်မှ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ စာသင်ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရန် ငြိမ်းချမ်းရေးလိုအပ်ပါကြောင်း၊ နယ်မြေမငြိမ်းချမ်း၍ ရွေးကောက်ပွဲမကျင်းပနိုင်ပါက နိုင်ငံသားများ၏ အရေးအကြီးဆုံး အခွင့်အရေးဆုံးရှုံးနိုင်ပါကြောင်း၊ ကျန်းမာရေးကိစ္စ တင်ပြချက်များကိုလည်း စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘာသာရေးခေါင်းဆောင်များ၊ မျိုးနွယ်စုကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြစ်ကြီးနား မြို့တော်ခန်းမ၌ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ကျွန်မတို့ ဒီကနေ့ မြစ်ကြီးနားမြို့ကို လာပြီးတော့ ပြည်သူလူထုနဲ့တွေ့ဆုံနိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြည်သူလူထုနဲ့ကျွန်မတို့ ထိတွေ့မှု အမြဲရှိနေဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီပြည်ထောင်စုထူထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှိနေတယ်ဆိုတဲ့အခါကျတော့ကျွန်မတို့ ပြည်သူနဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရအကြားမှာ ဆိုရင် ဆက်စပ်မှုအမြဲပဲရှိဖို့လိုပါတယ်။
"ကျွန်မတို့အားလုံးက ပြည်ထောင်စုသားချင်းတွေပါ။ကိုယ့်ကိုယ်ကိုယ် ငါတို့တစ်တွေကအားလုံး ပြည်ထောင်စုသားချင်းတွေဆိုတဲ့ စိတ်ဓာတ်ထားရင် ဒီနိုင်ငံမှာ စည်းလုံးညီညွတ်မှုမရှိစရာအကြောင်းမရှိပါဘူး။ အစကတည်းက ငါက ဗမာ၊ ငါကရှမ်း၊ ငါက ကချင်ဆိုရင် ပြည်ထောင်စုက ဘယ်ရောက်သွားပြီလဲ။ပြည်ထောင်စုက ဒုတိယဘယ်တော့မှ ဖြစ်လို့မဖြစ်ပါဘူး။ ပြည်ထောင်စုဆိုတာ ပထမပဲဖြစ်ရမယ်။ ပထမလည်း ပြည်ထောင်စု၊ဒုတိယလည်းပြည်ထောင်စု၊ တတိယလည်းပြည်ထောင်စု။ဒီပြည်ထောင်စုအတွင်းမှာမှ ကျွန်မတို့ရဲ့ မတူညီတဲ့လူမျိုးများ၊မတူညီတဲ့ဘာသာစကားပြောသူများ။ မတူညီတဲ့ ကိုးကွယ်တဲ့ ဘာသာမတူသူများ ရှိနိုင်မှာဖြစ်ပါတယ်။
"အခု ကချင်ပြည်နယ်မှာဆိုရင် င်ြိမ်းချမ်းရေးဆိုတာ မရသေးပါဘူး။ တစ်ဦးနဲ့ တစ်ဦးတစ်ခါတလေမှာ စိတ်သဘောထားမတူညီတဲ့ဟာတွေကို ပြေပြေလည်လည် ညှိနှိုင်းတဲ့နေရာမှာအားနည်းချက်တွေလည်း ရှိပါသေးတယ်။ သဘောထားဆိုတာတစ်သဘောထားချည်းဖြစ်ဖို့မလိုပါဘူး။ တူဖို့လည်းမလိုပါဘူး။မတူမှုတွေကို ညှိနှိုင်းနိုင်တဲ့ အရည်အချင်းရှိဖို့လိုပါတယ်။ ညှိနှိုင်းနိုင်တဲ့ အရည်အချင်းဆိုတာဟာ အပေးအယူစိတ်ဓာတ်ပါပဲ။ ကိုယ်ပေးသင့်တဲ့နေရာမှာ ပေးရမယ်။ ယူသင့်တဲ့နေရာမှာ ယူရမယ်။ ယူတတ်ရမယ်။ ပေးတတ်ရမယ်။ ပေးတတ်ရမယ်ဆိုတာဟာ လက်ခံတဲ့သူ လက်ခံချင်အောင်လို့၊ လက်ခံတဲ့သူကနေပြီးတော့ တန်ဖိုးထားအောင်လို့၊ ကျေးဇူးတင်အောင်လို့ ပေးတတ်ရမယ်။ ယူတဲ့နေရာမှာလည်း ထိုနည်းလည်းကောင်းပဲ၊ ပေးသာပေးလိုက်ရတယ်။ ဘာမှလည်းအကျိုးမရှိဘူး။ ကျေးဇူးလည်းအတင်မခံရဘူး။ မပေးလိုက်ရရင်အကောင်းသားဆိုတဲ့ စိတ်ဓာတ်ဖြစ်သွားရင် ဘယ်ကောင်းမလဲ။ အဲဒီတော့ ကျွန်မတို့က အားလုံးအပေးအယူဆိုတဲ့ စိတ်ဓာတ်ရှိရမယ်။
"ပြည်ထောင်စုဆိုတဲ့ အနှစ်သာရအဓိပ္ပာယ်ကို ယုံကြည်စေချင်ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားများ၊ မတူညီတဲ့သဘောထားများနဲ့ စုပေါင်းပြီးတော့ ထူထောင်ထားတဲ့ ပြည်ထောင်စုဆိုတာကို ဂုဏ်ယူစေချင်တယ်။ ပြည်ထောင်စုကြီးခိုင်မြဲအောင်၊တိုးတက်အောင်၊ ဖွံ့ဖြိုးအောင်ဝိုင်းဝန်းပြီး လုပ်ပေးနိုင်တဲ့ ကိုယ့်ရဲ့ကဏ္ဍကို တန်ဖိုးထားစေချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ လုပ်ပေးနိုင်တဲ့အရည်အချင်းရှိပါတယ်။ ကိုယ်လုပ်ပေးတာ မလုပ်ပေးတာ နောက်ဆုံးကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ အစိုးရဝန်ထမ်းမို့လို့၊ အစိုးရအဖွဲ့ဝင်မို့လို့ အလိုလိုနိုင်ငံတာဝန်ကိုထမ်းဆောင်နေတာမဟုတ်ပါဘူး။ အစိုးရအဖွဲ့ဝင်များ၊ ဝန်ထမ်းများဟာ တာဝန်မကျေရင် နိုင်ငံ့တာဝန်ထမ်းဆောင်တာမရောက်တဲ့အပြင် နိုင်ငံကိုအန္တရာယ်ပြုတယ်လို့တောင် ပြောလို့ရပါတယ်။ဒါကြောင့်မို့ ကိုယ့်နေရာက အဓိကမဟုတ် ဘူး။ ကိုယ့်ရဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့လုပ်ကိုင်မှုကသာ အဓိကပါ"ဟု ပြောကြားသွားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက် သည်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြစ်ကြီးနားမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)သို့ ရောက်ရှိပြီးအဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွမ်၊အတွင်းရေးမှူးသိက္ခာတော်ရ ဖော်ယောင်တူးမိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် အတွင်းရေးမှူးက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် KBC အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် KBC ဥက္ကဋ္ဌက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ပါဝင်ဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) နှင့် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ(KHCC) တို့ ပူးပေါင်းဆောင်ရွက်နေသည့် နေရပ်စွန့်ခွာသူများ၏ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေးနှင့် ၎င်းတို့ကို နေရာချထားရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် KIA, KIO အဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံအား ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း သဘောတူညီခဲ့သည်များကိုအကောင်အထည်ဖော်ပေးစေလိုကြောင်း၊ ငြိမ်းချမ်းရေးအတွက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကြိုးပမ်းဆောင်ရွက်ချက်များကို အားပေးပါကြောင်း၊ ခရစ်ယာန်ဘာသာရေးအဆောက်အအုံမြား သိမျးဆညျးခံထားရသညျ့ အခွအေနမြေားကို ပွနျလညျစိစစျပေးစလေိုကွောငျး ပြောကြားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အားလည်းကောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း ဆုတောင်းပေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က IDP စခန်းနေပြည်သူများ နေရပ်ပြန်ရေး၊ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ရေးမှာ အရေးကြီးကြောင်း၊ ပြည်သူပြည်သားများ၏ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးနိုင်ရေးအတွက် လုံခြုံရေးမှာအရေးကြီးကြောင်းချမ်းသာကြွယ်၀မှုထက် လုံခြုံမှုက ပိုမိုအရေးကြီးကြောင်း၊ ဖွံ့ဖြိုးရေးဟုဆိုရာတွင် ရုပ်ပိုင်းသာမက စိတ်ပိုင်းအရ မြင့်မားသည့်ပြည်သူပြည်သားမြား ဖွစျစလေိုကွောငျး၊ KBC သညျ ငွိမျးခမြျးရေးနှငျ့ မတေ်တာတရားကို နာခံကွသူမြားဖွစျကွောငျး၊ ငွိမျးခမြျးရေးအတှကျ အဓိကလုပျဆောငျကွသညျ့ ငွိမျးခမြျးအောငျလုပျဆောငျသူများအဖြစ် အလေးထားပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုးကွယ်သည့် ဘာသာများမတူညီကြကြောင်း၊ ယင်းကို မိမိအနေဖြင့်ဂုဏ်ယူကြောင်း၊ ဘာသာတရားများတွင် အခြေခံမှာ မေတ္တာတရားပင် ဖြစ်ကြောင်း၊ KBC အနေဖြင့်Prince of Peace ဟုခေါ်ဆိုကြသည့် ခရစ်တော်၏ ဆုံးမသွန်သင်မှုများအတိုင်းလုပ်ဆောင်ပေးစေလိုကြောင်း၊ (၂၁)ရာစု ပင်လုံညီလာခံဟုဘာကြောင့် ခေါ်တွင်စေသည်ကို အခွင့်ကြုံခိုက်ရှင်းပြလိုကြောင်း၊၁၉၄၇ ခုနှစ် ပင်လုံညီလာခံသည် (၂၀)ရာစု ပင်လုံဖြစ်ကြောင်း၊လက်ရှိအချိန်တွင် ရာစုနှစ်တစ်ခု ပြောင်းလဲသွားပြီဖြစ်သော်လည်း အားလုံးမျှော်လင့်ခဲ့သည့် ပြည်ထောင်စုကို မတည်ဆောက်နိုင်သေးကြောင်း၊ ရာစုနှစ်တစ်ခုအတွင်း ကမ္ဘာကြီးတွင်အကြီးအကျယ် ပြောင်းလဲသွားပြီဖြစ်ကြောင်း၊ ခေတ်သစ်၊ ရာစုနှစ်အသစ်တွင် အတွေးအခေါ်၊ အယူအဆအသစ်များဖြင့် ဆောင်ရွက်ရမည်ဟု ခံယူသဖြင့် (၂၁)ရာစုပင်လုံဟု ခေါ်တွင်စေခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုတည်ဆောက်ရေးမှာ မပြီးဆုံးသေးကြောင်း၊ ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်မှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ KBC ကို မေတ္တာရပ်ခံလိုသည်မှာ နိုင်ငံတော်အေးချမ်းအောင် ကူညီပေးကြစေလိုကြောင်း၊ လူငယ်များ၏နှလုံးသားတွင် မေတ္တာတရားဆိုသည်ကို စွဲမြဲနေအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ငြိမ်းချမ်းသည့်နည်းဖြင့် ရယူသည့်ငြိမ်းချမ်းရေးသာလျှင် စစ်မှန်သည့် ငြိမ်းချမ်းရေးဖြစ်ကြောင်း၊KBC ကို ယုံကြည်အားကိုးသူများအားလုံး ငြိမ်းချမ်းရေးတွင်ပါဝင်လာအောင် ကြိုးပမ်းပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC)အတွက် အလှူငွေများပေးအပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် KBC ဥက္ကဋ္ဌ၊ အတွင်းရေးမှူး။ အဖွဲ့ဝင်များနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

No comments:

Post a Comment

My Blog List