Wednesday, January 08, 2020

JICM အစည်းအဝေးကနေ ဝမ်းသာကျေနပ်စရာတွေ ဖြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Image may contain: 2 people, people sitting and indoor
သည်ကနေ့ ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)ကနေ ဝမ်းသာကျေနပ်စရာတွေ ဖြစ်ခဲ့တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သည်ကနေ့ နေပြည်တော်ရှိ NNPC မှာ ကျင်းပတဲ့ (၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာနမှ ဥက္ကဌ ၊အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က" ဒီနှစ်ရဲ့ ပထမဦးဆုံးအစည်းအဝေးမှာ အောင်မြင်မှုတွေ ဝမ်းသာစရာတွေ ကျေနပ်စရာတွေ အများကြီးဖြစ်ခဲ့တာဟာ ကောင်တဲ့နိမိတ်ဖြစ်လို့ ဒီမင်္ဂလာနှစ်သစ်ကူးဟာ တကယ့်မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်တစ်ခု ဖြစ်မယ်လို့ ကျွန်မယုံကြည်ပါတယ်"လို့ ပြောပါတယ်။
သည်ကနေ့ အစည်းအဝေးကနေ သဘောတူညီချက် ၈ ချက် ရရှိခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခဲ့တဲ့ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၊ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း အဆင်ပြေပြေ ဆွေးနွေးနိုင်ခဲ့တယ်လို့ အစည်းအဝေးအပြီးမှာ မှတ်ချက်ပြုပြောဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် အရေးပါတဲ့ JICM အစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ နောက်ဆုံးကျင်းပထားခဲ့ဖြစ်တာပြီး တစ်နှစ်ကျော်ကြာ မှ အခုလို ပြန်လည်း ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
သည်ကနေ့ အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့(PPST)ရဲ့ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်အပါအဝင်
NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့မှ ခေါင်းဆောင်တွေ နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
Image may contain: 5 people, people smiling, people standing and outdoor
Image may contain: 1 person, indoor
Image may contain: 5 people, people smiling, people standing
Image may contain: one or more people and people standing
Image may contain: 3 people, people sitting
Image may contain: 6 people, people standing
Image may contain: 7 people, people standing and indoor
Image may contain: 4 people, people standing and suit
Image may contain: 2 people, people smiling, people standing

Author/Photo - မာရီခိုင်

No comments:

Post a Comment

My Blog List