Friday, January 10, 2020

ဝန်ထမ်းများအား ကားတင်သွင်းခွင့်ပြုခြင်း ရွေးကောက်ပွဲနှင့်မသက်ဆိုင်ဟုဆို


Image may contain: 4 people, people sitting

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ ဝန်ထမ်းများအား ကားတင်သွင်းခွင့်ပြု ခြင်းသည် ရွေးကောက်ပွဲနှင့် မသက်ဆိုင် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးတွင် ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"အဲဒါကတော့ ဝေဖန်သုံးသပ်တာ ရှိတယ်လေ။ ကိုယ်တိုင် သုံးသပ်လေ။ ဒါကတော့ အမြင်အမျိုးမျိုးရှိတာပေါ့။ ဒီရည်ရွယ်ချက်တော့မရှိပါဘူး။ အစိုးရ အနေနဲ့ ရွေးကောက်ပွဲနီးမှ ဒီလိုလုပ်တာ မျိုးတော့ မရှိပါဘူး။ သို့သော် လုပ်သင့်လုပ် ထိုက်တာတော့ လုပ်တယ်လေ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိမယ် ဆိုရင်သာ လုပ်တာပါ။ ရွေးကောက်ပွဲအတွက်၊ပါတီအတွက်ဆိုပြီး လုပ်တာမရှိပါဘူး။ ရွေးကောက်ပွဲနဲ့တော့ ဘာမှမသက်ဆိုင်ပါဘူး"ဟု ၎င်းက ပြောဆိုသည်။
အခြားနိုင်ငံများတွင်လည်း နိုင်ငံတော်အစိုးရက ထိုကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမှုများရှိနေပြီး ယင်းသို့ ဆောင် ရွက် မှုသည်လည်း ဝန်ထမ်းများအား နိုင်ငံတော်က သက်သာချောင်ချိမှုပေးသည့်သဘောသာဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။
"ကိုယ့်နိုင်ငံက တတ်နိုင်သမျှဝန်ထမ်းတွေကို ဒီလိုသက်သာချောင်ချိမှုပေးတဲ့သဘောပါပဲ။ သို့သော် ဝန်ထမ်းအကြီးအကဲဆိုတော့ ဝန်ထမ်းအကြီးအကဲအတွက် အစိုးရဌာနကပေးတဲ့ ကားတွေလည်း ရှိတာပေါ့။ ဒါကိုတော့လည်းဟိုတုန်းကတော့ ပြောကြတယ်ပေါ့။ ကားတွေကို လိုတာထက် ပိုယူထားတယ်ဆိုပြီးတော့ ဒါလည်း စိစစ်သုံးသပ်ပြီးတော့တင်းကျပ်မှုတွေ ရှိပါတယ်။ ရုံးကားကရုံးလုပ်ငန်းသုံးပေါ့။ လူမှုရေးကျတော့၊ကိုယ့်စီးပွားရေးကျတော့ ကိုယ်ပိုင်ကားသုံးပေါ့။ ဒီသဘောတရားပါပဲ"ဟု ၎င်းကပြောဆိုသည်။
ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ်အရစ်ကျရောင်းချရေးအစီအစဉ်နှင့်ပတ်သက်၍ပထမအဆင့်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့်ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက်(၂၅)နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ ဝန်ထမ်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဝန်ထမ်းများအား အခွန်သက်သာစွာဖြင့် ကားတင်သွင်းခွင့်ပြုလိုက်သည့်အတွက် အခွန်အကောက်ဝင်ငွေ နည်းသွားမည်ဖြစ်သော်လည်းဝန်ထမ်းများအနေဖြင့် ၎င်းတို့ရှိသည့်ငွေဖြင့် ကားဝယ်ယူပါက ငွေကြေးလည်ပတ်သွားမည်ဖြစ်ေြကာင်း ဝန်ကြီးကပြောဆိုသည်။
"တစ်ဖက်က အခွန်အကောက်လျှော့လိုက်လို့ အခွန်အကောက်ဝင်ငွေနည်းသွားမယ်။ သို့သော် တစ်ဖက်ကဝန်ထမ်းတွေရှိတဲ့ငွေနဲ့ ကားဝယ်မယ်ဆိုရင် Generated Money ပေါ့။ငွေကြေးက လည်ပတ်သွားမယ်။ လည်ပတ်သွားရင် ဒါကစီးပွားရေးက လုပ်လို့ရတဲ့သဘောပေါ့။ ငွေက ကိုယ့်လက်ထဲထားသုံးခြင်းအားဖြင့် တက်သွားမယ်။ခုနလို သူတို့တစ်ဖက်က ဝန်ထမ်းတွေအနေနဲ့ Social Service အရ လုပ်မယ်ဆိုရင် ပိုပြီးတော့ လူမှုရေးမှာရှိတာပေါ့လေ။ တွက်ရတာတော့ ခက်တာပေါ့။သို့သော် ငွေကြေးတစ်ခုတည်းတော့ တွက်လို့ မရဘူးလေ။ သက်သာချောင်ချိမှုအပိုင်းကို ထည့်စဉ်းစားမယ်ဆိုရင် ငွေကြေးအပိုင်းကို ထည့်စဉ်းစားတဲ့အခါကျတော့မျှမျှတတ စဉ်းစားမယ်ဆိုရင် ငွေကြေးတစ်ခုတည်းကို၊Money value တစ်ခုတည်းကို ပြောလို့မရဘူးလေ"ဟု ၎င်းက ပြောဆိုသည်။

ယနေ့တွင်လည်း နေပြည်တော်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးတွင် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် အရစ်ကျရောင်းချရေး အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကိုကားအရောင်းပြခန်း၊ အရောင်းစင်တာလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။

သတင်း - မင်းမင်းထွန်း
(Unicode Version)
ဝန်ထမ်းများအား ကားတင်သွင်းခွင့်ပြုခြင်း ရွေးကောက်ပွဲနှင့်မသက်ဆိုင်ဟုဆို

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ ဝန်ထမ်းများအား ကားတင်သွင်းခွင့်ပြု ခြင်းသည် ရွေးကောက်ပွဲနှင့် မသက်ဆိုင် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးတွင် ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"အဲဒါကတော့ ဝေဖန်သုံးသပ်တာ ရှိတယ်လေ။ ကိုယ်တိုင် သုံးသပ်လေ။ ဒါကတော့ အမြင်အမျိုးမျိုးရှိတာပေါ့။ ဒီရည်ရွယ်ချက်တော့မရှိပါဘူး။ အစိုးရ အနေနဲ့ ရွေးကောက်ပွဲနီးမှ ဒီလိုလုပ်တာ မျိုးတော့ မရှိပါဘူး။ သို့သော် လုပ်သင့်လုပ် ထိုက်တာတော့ လုပ်တယ်လေ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိမယ် ဆိုရင်သာ လုပ်တာပါ။ ရွေးကောက်ပွဲအတွက်၊ပါတီအတွက်ဆိုပြီး လုပ်တာမရှိပါဘူး။ ရွေးကောက်ပွဲနဲ့တော့ ဘာမှမသက်ဆိုင်ပါဘူး"ဟု ၎င်းက ပြောဆိုသည်။

အခြားနိုင်ငံများတွင်လည်း နိုင်ငံတော်အစိုးရက ထိုကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမှုများရှိနေပြီး ယင်းသို့ ဆောင် ရွက် မှုသည်လည်း ဝန်ထမ်းများအား နိုင်ငံတော်က သက်သာချောင်ချိမှုပေးသည့်သဘောသာဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။

"ကိုယ့်နိုင်ငံက တတ်နိုင်သမျှဝန်ထမ်းတွေကို ဒီလိုသက်သာချောင်ချိမှုပေးတဲ့သဘောပါပဲ။ သို့သော် ဝန်ထမ်းအကြီးအကဲဆိုတော့ ဝန်ထမ်းအကြီးအကဲအတွက် အစိုးရဌာနကပေးတဲ့ ကားတွေလည်း ရှိတာပေါ့။ ဒါကိုတော့လည်းဟိုတုန်းကတော့ ပြောကြတယ်ပေါ့။ ကားတွေကို လိုတာထက် ပိုယူထားတယ်ဆိုပြီးတော့ ဒါလည်း စိစစ်သုံးသပ်ပြီးတော့တင်းကျပ်မှုတွေ ရှိပါတယ်။ ရုံးကားကရုံးလုပ်ငန်းသုံးပေါ့။ လူမှုရေးကျတော့၊ကိုယ့်စီးပွားရေးကျတော့ ကိုယ်ပိုင်ကားသုံးပေါ့။ ဒီသဘောတရားပါပဲ"ဟု ၎င်းကပြောဆိုသည်။
ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ်အရစ်ကျရောင်းချရေးအစီအစဉ်နှင့်ပတ်သက်၍ပထမအဆင့်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့်ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက်(၂၅)နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ ဝန်ထမ်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဝန်ထမ်းများအား အခွန်သက်သာစွာဖြင့် ကားတင်သွင်းခွင့်ပြုလိုက်သည့်အတွက် အခွန်အကောက်ဝင်ငွေ နည်းသွားမည်ဖြစ်သော်လည်းဝန်ထမ်းများအနေဖြင့် ၎င်းတို့ရှိသည့်ငွေဖြင့် ကားဝယ်ယူပါက ငွေကြေးလည်ပတ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးကပြောဆိုသည်။
"တစ်ဖက်က အခွန်အကောက်လျှော့လိုက်လို့ အခွန်အကောက်ဝင်ငွေနည်းသွားမယ်။ သို့သော် တစ်ဖက်ကဝန်ထမ်းတွေရှိတဲ့ငွေနဲ့ ကားဝယ်မယ်ဆိုရင် Generated Money ပေါ့။ငွေကြေးက လည်ပတ်သွားမယ်။ လည်ပတ်သွားရင် ဒါကစီးပွားရေးက လုပ်လို့ရတဲ့သဘောပေါ့။ ငွေက ကိုယ့်လက်ထဲထားသုံးခြင်းအားဖြင့် တက်သွားမယ်။ခုနလို သူတို့တစ်ဖက်က ဝန်ထမ်းတွေအနေနဲ့ Social Service အရ လုပ်မယ်ဆိုရင် ပိုပြီးတော့ လူမှုရေးမှာရှိတာပေါ့လေ။ တွက်ရတာတော့ ခက်တာပေါ့။သို့သော် ငွေကြေးတစ်ခုတည်းတော့ တွက်လို့ မရဘူးလေ။ သက်သာချောင်ချိမှုအပိုင်းကို ထည့်စဉ်းစားမယ်ဆိုရင် ငွေကြေးအပိုင်းကို ထည့်စဉ်းစားတဲ့အခါကျတော့မျှမျှတတ စဉ်းစားမယ်ဆိုရင် ငွေကြေးတစ်ခုတည်းကို၊Money value တစ်ခုတည်းကို ပြောလို့မရဘူးလေ"ဟု ၎င်းက ပြောဆိုသည်။
ယနေ့တွင်လည်း နေပြည်တော်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးတွင် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် အရစ်ကျရောင်းချရေး အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကိုကားအရောင်းပြခန်း၊ အရောင်းစင်တာလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။

သတင်း - မင်းမင်းထွန်း

No comments:

Post a Comment

My Blog List