ရည်းစားဟောင်းဖြစ်သူမှ သရုပ်ဆောင် မိုးအောင်ရင်အား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ တတိယအကြိမ်မြောက် ရုံးချိန်းကို ယနေ့၊ ဇန်နဝါရီလ ၇ ရက်နေ့၊ နံနက် ၉ နာရီ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အမှုကိုတော့ ရက်ပေါင်း ၁၈၀ အတွင်းမှာ အပြီးစစ်ဆေးသွားမှာ ဖြစ်တယ်လို့ ရန်ကင်းမြို့နယ် တရားရုံး သတင်းပြန်ကြာရေး အရာရှိ ဦးထွန်းနိုင်ဝင်းက မီဒီယာများကို ပြောပါတယ်။ နောက်ထပ် ရုံးချိန်းကိုတော့ လာမယ့် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကြားနာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ယခုအမှုမှာတော့ သရုပ်ဆောင် မိုးအောင်ရင်က ဒုတိယအကြိမ် ရုံးချိန်းမှာ ငွေကျပ် သိန်း ၁၀၀ နဲ့ အာမခံ ရယူထားပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
သတင်းနှင့် ဓာတ်ပုံ - ချစ်ပိုး/ဧရာဝတီ
No comments:
Post a Comment