Wednesday, January 08, 2020

ရခိုင်ပြည်နယ်အတွင်း IRC ရဲ့ တက်လမ်းစီမံချက် ရပ်ဆိုင်း

Image may contain: 5 people, people smiling, outdoorImage may contain: 2 people, people standing
ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာ ဆောင်ရွက်ခဲ့သော အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IRC ရဲ့ အသက် မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေးစီမံကိန်း တက်လမ်းစီမံချက်ကို ဇန်နဝါရီ ၆ ရက် စတင်ရပ်ဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

IRC ရဲ့ တက်လမ်းစီမံချက်ဟာ မြေပုံနဲ့ မင်းပြားမြို့နယ်တွေက ကျေးရွာပေါင်း ၁၀၂ ရွာက လူဦးရေ ငါးသောင်းခြောက်ထောင်ကျော်ကို စားနပ်ရိက္ခာဖူလုံရေးနဲ့ အသက်မွေးဝမ်းကျောင်း အကူအညီတွေ ငါး နှစ်ကြာ လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရက အဲဒီလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ၂၀၁၈ ခုနှစ်မှာ ညွှန်ကြားခဲ့ပြီးနောက် ခရီး သွားလာခွင့်တွေလည်း တစ်နှစ်ခန့် မရရှိခဲ့တော့တာကြောင့် စီမံကိန်းကို မူလသတ်မှတ်ထားတာထက် တစ်နှစ်စောပြီး ရပ်ဆိုင်းခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအကြောင်းအရာအနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နဲ့ IRC အဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
တက်လမ်းစီမံချက်အတွင်း ရေငန်တား တာတမံဆောက်လုပ်ပေးတာ၊ ရေတံခါး ၂၄ ခု တည် ဆောက်ပေးတာ၊ ဆားငန်ရေဒါဏ်ခံ စပါးမျိုးစေ့နဲ့ နည်းပညာတွေကို ဖြန့်ဝေပေးခဲ့တာ၊ ကျေးရွာပေါင်း ၉၇ ရွာက အမျိုးသမီးပေါင်း ၂၅၀၀ ကျော်တို့ကို ငွေကြေးစီမံခန့်ခွဲ သင်တန်းတွေပေးပြီး အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေကို ရင်းနှီးလုပ်ကိုင်စေခဲ့တာတွေကို လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ တစ်နှစ်ကျော် ကြာနေပြီဖြစ်ပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်အထိ ရှိနေပြီလို့ ရခိုင်အရပ်ဖက်အသင်းတွေက ထုတ်ပြန်ထားကြပါတယ်။

RFA

Unicode
ရခိုင်ပြည်နယ်အတွင်း IRC ရဲ့ တက်လမ်းစီမံချက် ရပ်ဆိုင်း


ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာ ဆောင်ရွက်ခဲ့သော အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IRC ရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေးစီမံကိန်း တက်လမ်းစီမံချက်ကို ဇန်နဝါရီ ၆ ရက် စတင်ရပ်ဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

IRC ရဲ့ တက်လမ်းစီမံချက်ဟာ မြေပုံနဲ့ မင်းပြားမြို့နယ်တွေက ကျေးရွာပေါင်း ၁၀၂ ရွာက လူဦးရေ ငါးသောင်းခြောက်ထောင်ကျော်ကို စားနပ်ရိက္ခာဖူလုံရေးနဲ့ အသက်မွေးဝမ်းကျောင်း အကူအညီတွေ ငါး နှစ်ကြာ လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရက အဲဒီလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ၂၀၁၈ ခုနှစ်မှာ ညွှန်ကြားခဲ့ပြီးနောက် ခရီး သွားလာခွင့်တွေလည်း တစ်နှစ်ခန့် မရရှိခဲ့တော့တာကြောင့် စီမံကိန်းကို မူလသတ်မှတ်ထားတာထက် တစ်နှစ်စောပြီး ရပ်ဆိုင်းခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအကြောင်းအရာအနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နဲ့ IRC အဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
တက်လမ်းစီမံချက်အတွင်း ရေငန်တား တာတမံဆောက်လုပ်ပေးတာ၊ ရေတံခါး ၂၄ ခု တည် ဆောက်ပေးတာ၊ ဆားငန်ရေဒါဏ်ခံ စပါးမျိုးစေ့နဲ့ နည်းပညာတွေကို ဖြန့်ဝေပေးခဲ့တာ၊ ကျေးရွာပေါင်း ၉၇ ရွာက အမျိုးသမီးပေါင်း ၂၅၀၀ ကျော်တို့ကို ငွေကြေးစီမံခန့်ခွဲ သင်တန်းတွေပေးပြီး အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေကို ရင်းနှီးလုပ်ကိုင်စေခဲ့တာတွေကို လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ တစ်နှစ်ကျော် ကြာနေပြီဖြစ်ပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်အထိ ရှိနေပြီလို့ ရခိုင်အရပ်ဖက်အသင်းတွေက ထုတ်ပြန်ထားကြပါတယ်။
Zawgyi
Photo: RFA

No comments:

Post a Comment

My Blog List