Wednesday, January 08, 2020

ဇလုံတောင်သို့ ဘုရားဖူး လာရောက်သူဦး‌ရေ ထက်ဝက်ကျော် လျော့နည်း

Image may contain: outdoor and nature
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်တော်သို့ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နှစ်ဒီဇင်ဘာလအတွင်း လာရောက်သည့် ဘုရားဖူးခရီးသည်မှာ ၂၀၁၈ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော် လျော့နည်းကြောင်း ဇလုံတောင်၊ တောင်တက် ကားအသင်းမှ သိရသည်။

ဇလုံတောင်တော်သို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတစ်လအတွင်း လာရောက် လည်ပတ်သည့် ခရီးသည် ဦးရေ ၃၀ဝဝဝ ကျော်အထိ ရှိခဲ့ကြောင်း ယင်း အသင်းဥက္ကဋ္ဌ ဦးဘလင်းက ဇန်နဝါရီ ၇ ရက်တွင် ပြောသည်။
“၂၀၁၈ ခုနှစ်က ဒီဇင်ဘာလအတွင်း ခရီးသည် ၃၀ဝဝဝ ကျော်လောက် ဝင်တယ်လို့ ပြောရမှာပေါ့။ အဲ့ဒီ့နှစ်ကဆို ၁၂ လပိုင်း တစ်လတည်းကို ဇလုံတောင်တက်ကား ခရီးသည် ပို့ဆောင်ပေးတဲ့ အခေါက်ရေ ၂၇၀ဝ ကျော်တယ်။ ဒီနှစ်က ဒီဇင်ဘာ ၂၂ ရက်အထိကို အခေါက်ရေ ၇၇၀ ပဲ ရှိသေးတယ်။ လကုန်အထိရှိမှ အခေါက်ရေ ၁၀ဝ၀ လောက်ပဲ ရှိမှာပါ။ ဒီနှစ်ရာသီဥတုအခြေအနေကလည်း ပုံမှန်မဟုတ်ဘူးလေ။ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ ဒီဇင်ဘာ ကျောင်းပိတ်ရက်တွေမှာ မိုးရွာနေတော့ အဲဒါတွေလည်း ပါတာပေါ့။ ဒါကြောင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလထက် ၂၀၁၉ ခုနှစ်မှာ လာလည်သူ ထက်ဝက်ကျော် လျော့နည်းပါတယ်” ဟု ဦးဘလင်းက ပြောသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ရက်ရှည် ရုံးပိတ်ရက်များ ရှိခဲ့သော်လည်း ရာသီဥတု ဖောက်ပြန်မှုများကြောင့် ခရီးသွား ဝင်ရောက်မှုမှာ ၂၀၁၈ ခုနှစ်ကထက် နည်းပါးကြောင်း ဒီဇင်ဘာလအတွင်း ကောက်ယူခဲ့သော စာရင်းများ နှိုင်းယှဉ်ချက်အရ သိရသည်။
ထို ၂၀၁၉ ခုနှစ်တွင် ဇလုံတောင်တက် ကားသင်းမှ ယာဉ်စီးရေ ၁၈၀ အထိ တိုးချဲ့ပြေးဆွဲပေးခဲ့ပြီး တောင်တက်ကား တစ်စီးလျှင် သတ်မှတ်လူဦးရေ ၁၅ ဦးအထိလိုက်ပါ စီးနင်းနိုင်ရာ လူကြီးတစ်ဦး အသွား၊ အပြန် ကျပ် ၇၀ဝဝ၊ ကလေးတစ်ဦး ကျပ် ၃၅၀ဝ ကောက်ခံကြောင်း သိရသည်။
ယင်း တောင်‌တော်သို့ ၂၀၁၈ ခုနှစ်၊ ခရီးသွားရာသီ၌ ပြည်တွင်းခရီးသွား ဧည့်သည် နှစ်သိန်းကျော် လာရောက် လည်ပတ်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ခရီးသွား ဦးရေငါးသိန်းခန့် လာရောက် လည်ပတ်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
အဆိုပါ ဇလုံတောင် တောင်တက်လမ်းပိုင်းမှာ ရာသီဥတုပေါ် မူတည်၍ နှစ်စဉ်အောက်တိုဘာလမှ ဧပြီလကုန်အထိ ဖွင့်လှစ် ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

My Blog List