Friday, January 10, 2020

ယူကရိန်းလေယာဉ်ပျက်ကျမှု ဒုံးကျည်ဖြင့် အပစ်ခံရဟု ကနေဒါအစိုးရ ပြော

Image may contain: 1 person, suit
ထောက်လှမ်းရေးအချက်အလက်တွေအရ အီရန်နိုင်ငံမှာ ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းက လေယာဉ်တစ်စီး ပျက်ကျခဲ့မှုဟာ ဒုံးကျည်နဲ့ အပစ်ခံရတာကြောင့်လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက အခုလ (၉) ရက်နေ့မှာ ပြောပါတယ်။ ဩစတြေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆင်ကလည်း အဲ့ဒီလို ပြောခဲ့ပါတယ်။ ပျက်ကျသွားတဲ့ လေယာဉ်မှာ ကနေဒါ နိုင်ငံသား (၆၃) ဦး အပါအဝင် လူ (၁၇၆) ဦး လိုက်ပါသွားပြီး အားလုံး သေဆုံး ခဲ့တာပါ။
လေယာဉ်ကို ဒုံးကျည်နဲ့ ပစ်ချခဲ့ဖွယ်ရှိတယ်ဆိုတာကို စုံစမ်း စစ်ဆေးဖို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံခြားရေးဝန်ကြီးကို တောင်းဆိုခဲ့ပါတယ်။ အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူကတော့ လေယာဉ်ဟာ ဒုံးကျည်နဲ့ ပစ်ချခံခဲ့ရတယ်ဆိုတာကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ အဲ့ဒီလို ပြောဆိုမှုတွေဟာ အီရန်အပေါ် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဆောင်တာ ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။ လေယာဉ် ပျက်ကျတဲ့အချိန်ဟာ အီရန်က အမေရိကန်စစ်စခန်းတွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာပါ။ အမေရိကန်ရဲ့ တန်ပြန်တိုက်ခိုက်လာနိုင်မှုကြောင့် သတိပေးအဆင့် မြှင့်တင်ထားချိန်မှာ အခုလို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ကတော့ လေယာဉ်ကို အီရန်က ဒုံးကျည်နဲ့ မှားယွင်းပစ်ချခဲ့ တာလို့ ပြောပါတယ်။ လေယာဉ်မပျက်ကျခင်မှာ အီရန်ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့တာကို ဂြိုဟ်တုတွေက တွေ့ရှိခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

source - Reuters

No comments:

Post a Comment

My Blog List