Friday, January 10, 2020

ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းဖွင့်လှစ်

Image may contain: one or more peopleImage may contain: 10 people, people standing, food and indoor, text that says 'one NEWS'
ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းဖွင့်ပွဲနဲ့ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ(၁၀)ရက်က အင်းစိန်မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ 
အဲဒီသက်မွေးပညာကျောင်းမှာ မော်တော် ယာဉ်ပြုပြင်ထိန်းသိမ်းမှု နည်းပညာရပ်နဲ့ စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်နည်းပညာရပ်နှစ်ခုတို့ကို သင်ကြားပေးသွားမှာပါ။ 

မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာရပ်နဲ့ စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်နည်းပညာရပ်နှစ်ခုကို (၂၀၁၉)ခုနစ် ဒီဇင်ဘာ(၂)ရက်ကစတင်သင်ကြားပေးနေတာဖြစ်ပြီး AGTI ဒီပလိုမာအဆင့် (၃)နှစ်သင်တန်းတွေပို့ချနေတာဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး၊ ဂျပန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်နဲ့ JICA က တာဝန်ရှိသူတွေ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူ‌တွေ တက်ရောက် ခဲ့ပါတယ်။
Image may contain: 8 people, people sitting and indoor, text that says 'one NEWS'
Image may contain: 13 people, crowd, text that says 'one NEWS'
Image may contain: one or more people and people standing

သတင်း - သန့်ဇင်လင်း

No comments:

Post a Comment

My Blog List