Tuesday, January 07, 2020

ဗိုလ်ချုပ်ပုံပါတစ်ထောင်တန်ငွေစက္ကူမှာ တစ်သောင်းတန်နှင့်ဆင်တူ၍ လွဲမှားမှုဖြစ်ပေါ် နိုင်ကြောင်းအွွန်လိုင်းသုံးစွဲသူများအကြား ဝေဖန်လျက်ရှိ

Image may contain: one or more peopleImage may contain: 1 person
ပြည်သူများလက်ဝယ်သို့စတင်ဖြန့်ဝေနေပြီဖြစ်သောသောဗိုလ်ချုပ်ပုံတစ်ထောင်တန်ငွေစက္ကူမှာ တစ်သောင်းကျပ်တန်ငွေစက္ကူနှင့်လွဲမှာနိုင်ကြောင်း လူမှုကွန်ယက်အွန်လိုင်းသုံးစွဲသူများအကြားဝေဖန်လျက်ရှိသည်။

ငွေစက္ကူတစ်ထောင်ကျပ်တန်နှင့်တစ်သောင်းတန်ငွေစက္ကူမှာ အရောင်အသွေးအရ တူညီမှု ၊အရွယ်အစားအနည်းငယ်သာကွာခြားခြင်း၊ငွေစက္ကူနှစ်ရွက်၏ အနားသတ်တွင်ထည့်သွင်းထားသော ဒီဇိုင်းမှာတူညီနေခြင်း သတိထားလက်ခံသုံးစွဲရမည်ဟုဝေဖန်လျက်ရှိသည်။

SoeWunnaအမည်ဖြင့်ဖေ့ဘုတ်သုံးစွဲသူကလည်"အရင်က တစ်ထောင်တန်အုပ်ထဲ ၂၀ တန်ပါတာ..... အခု တစ်သောင်းတန်အုပ်မှာ တစ်ထောင်တန်မပါဘူးလို့ ပြောနိုင်မလား.... မကြာခင် အဲ့ပြဿနာသံတွေ ကြားရတော့မယ်...."ဟုမှတ်ချက်ပြုရေးသားထားသည်။
Khaung Khant thuအမည်ဖြင့်သုံးစွဲသူကလည်း" အရောင်ချင်းတော်တော်ဆင်တော့ ဇာတ်လမ်းကတော့ လှပြီပဲ သေချာကြည့်ရင်ကွဲတယ်လာမလုပ်နဲ့ ရာစည်းတစ်ထုပ်လောက်ဆိုရင်တော့ဟုတ်တာပေါ့...အုပ်ရေ ဆယ်ချီ ရာချီ လာရေမလား "ဟုမှတ်ချက်ပြုထားသည်။
Image may contain: one or more people

ထူးမြတ်
The Speaker

No comments:

Post a Comment

My Blog List