Thursday, January 09, 2020

ဝန်ကြီးများရုံးကိုငှားရမ်းထားသည့် အနော်မာအနုပညာအဖွဲ့က စာချုပ်ပါစည်းကမ်း များ ချိုးဖောက်နေသော်လည်း အစိုးရဘက်က အထူးအခွင့်အရေးပေးနေဟုဆို

Image may contain: screen and indoor
ဝန်ကြီးများရုံးကို အနော်မာအနုပညာအဖွဲ့ကုမ္ပဏီက နှစ်(၅၀)စာချုပ်ဖြင့် ငှားရမ်း ထားပြီး စာချုပ်ပါစည်းကမ်းချိုးဖောက်မှုများရှိသော်လည်း အစိုးရဘက်က ငှားရမ်း ထားသည့်ကုမ္ပဏီအပေါ် အထူးအခွင့်အပေးနေကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက တိုင်းလွှတ်တော်တွင် (၂၀၁၇/၁၈) ဘဏ္ဍာရေးအစီရင်ခံစာကို လာရောက် ရှင်းလင်းစဉ်ပြောသည်။

အနော်မာအနုပညာအဖွဲ့ကုမ္ပဏီသို့ ဝန်ကြီးများရုံးမြေနှင့် အဆောက်အဦးကို BOT စနစ်ဖြင့်ပြတိုက်အပါအဝင် အခြားသော ဝန်ဆောင်မှုလုပ်ငန်းများအသုံးပြုရန် ငှားရမ်းခြင်း ကို ၂၉.၁.၂၀၁၅ မှ ၂၉.၁.၂၀၆၅ အထိနှစ် (၅၀) စာချုပ်ဖြင့် ငှားရမ်းခဲ့ ခြင်းဖြစ်သည်။
"မူလငှားရမ်းသည့် သဘောတူစာချုပ်တွင် ငှားရမ်းခ ကျပ်သန်း (၃၀၀) တစ်လလျှင် ကျပ် (၂၅) သန်းအား အစိုးရငွေစာရင်းသို့ ပေးသွင်းရမည်ဖြစ်သော်လည်း ပေးသွင်း ထားမှုမရှိ၍ တိုင်းအစိုးရမှ ၁၅.၁၁.၁၇ ရက်စွဲပါ စာဖြင့် ၁၈.၁၂.၁၇ ပါစာအ မှတ်များ ဖြင့် ငှားရမ်းခ (၁)နှစ်စာ ( ၂၈.၆.၂၀၁၈မှ၂၇.၆.၂၀၁၉ ထိ) ကျပ် ၃၀၀ ပေးသွင်းရန်နှိုးဆော် အကြောင်းကြားစာ (၂) ကြိမ်ပို့ထားကြောင်း တွေ့ရသည်။ သို့ သော် (၂၀၁၇/၁၈) ဘဏ္ဌာရေးနှစ် စစ်ဆေးခြင်း ၁၁.၁၁.၂၀၁၈ မှ ဧပရယ်လ ၂၀၁၉ အထိ ပေးသွင်းထားခြင်းမရှိဘဲ ၂.၄.၂၀၁၉ တွင် ငွေကျပ် သန်း၃၀၀အား ရန်ကုန်တိုင်းဒေသကြီးအစိုးရငွေစာရင်းသို့ ပေးသွင်းထားကြောင်း သိရသည်။ သတ်မှတ်ကာလအတွင်းပေးသွင်းခြင်းမရှိသည့်အတွက် စာချုပ်ပါစည်းကမ်းချက်အရ ငှားရမ်းခ၏ ဆယ်ရာခိုင်နှုန်းကိုလည်း ကောက်ခံထားခြင်းမရှိ ‌ ‌ကြောင်းကိုတွေ့ရှိရ ပါသည်"ဟု ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ဒေါ်ခင်သန်းလှက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အားနည်းချက်နှင့် ကုမ္ပဏီအပေါ် အထူးအခွင့်အ ရေးပေးနေ‌ကြောင်းကို စာချုပ်အပိုဒ် ၈(က) နှင့် အပိုဒ် ၁၅ ပါ စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စာချုပ်အပိုဒ် ၈(က)ပါ စည်းကမ်းများအတိုင်း လုပ်ငန်းစတင်ဆောင်ရွက်သည့်နေ့ဖြစ်သည်ဟု ထည့်သွင်းချုပ်ဆိုထားခြင်းသည် အငှားချထားသူအပေါ် အထူး အခွင့်အရေးပေးနေသည့်သဘော သက်ရောက်နေပြီး နိုင်ငံတော်မှ ရရှိမည့်ငွေများ သတ်မှတ်ကာလတွင် ရရှိအောင် ဆောင်ရွက်ရန် လိုအပ်ပါသည် ဟုရှင်းလင်းပြောကြားခဲ့သည်။
-------------------------------------------------------------------------
(Zawgyi)
ဝန်ကြီးများရုံးကိုငှားရမ်းထားသည့် အနော်မာအနုပညာအဖွဲ့က စာချုပ်ပါစည်းကမ်း များ ချိုးဖောက်နေသော်လည်း အစိုးရဘက်က အထူးအခွင့်အရေးပေးနေဟုဆို
ဇန္နဝါရီ ၈
ဇော်ဇော်ထွန်း

ဝန်ကြီးများရုံးကို အနော်မာအနုပညာအဖွဲ့ကုမ္ပဏီက နှစ်(၅၀)စာချုပ်ဖြင့် ငှားရမ်း ထားပြီး စာချုပ်ပါစည်းကမ်းချိုးဖောက်မှုများရှိသော်လည်း အစိုးရဘက်က ငှားရမ်း ထားသည့်ကုမ္ပဏီအပေါ် အထူးအခွင့်အပေးနေကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက တိုင်းလွှတ်တော်တွင် (၂၀၁၇/၁၈) ဘဏ္ဍာရေးအစီရင်ခံစာကို လာရောက် ရှင်းလင်းစဉ်ပြောသည်။
အနော်မာအနုပညာအဖွဲ့ကုမ္ပဏီသို့ ဝန်ကြီးများရုံးမြေနှင့် အဆောက်အဦးကို BOT စနစ်ဖြင့်ပြတိုက်အပါအဝင် အခြားသော ဝန်ဆောင်မှုလုပ်ငန်းများအသုံးပြုရန် ငှားရမ်းခြင်း ကို ၂၉.၁.၂၀၁၅ မှ ၂၉.၁.၂၀၆၅ အထိနှစ် (၅၀) စာချုပ်ဖြင့် ငှားရမ်းခဲ့ ခြင်းဖြစ်သည်။
"မူလငှားရမ်းသည့် သဘောတူစာချုပ်တွင် ငှားရမ်းခ ကျပ်သန်း (၃၀၀) တစ်လလျှင် ကျပ် (၂၅) သန်းအား အစိုးရငွေစာရင်းသို့ ပေးသွင်းရမည်ဖြစ်သော်လည်း ပေးသွင်း ထားမှုမရှိ၍ တိုင်းအစိုးရမှ ၁၅.၁၁.၁၇ ရက်စွဲပါ စာဖြင့် ၁၈.၁၂.၁၇ ပါစာအ မှတ်များ ဖြင့် ငှားရမ်းခ (၁)နှစ်စာ ( ၂၈.၆.၂၀၁၈မှ၂၇.၆.၂၀၁၉ ထိ) ကျပ် ၃၀၀ ပေးသွင်းရန်နှိုးဆော် အကြောင်းကြားစာ (၂) ကြိမ်ပို့ထားကြောင်း တွေ့ရသည်။ သို့ သော် (၂၀၁၇/၁၈) ဘဏ္ဌာရေးနှစ် စစ်ဆေးခြင်း ၁၁.၁၁.၂၀၁၈ မှ ဧပရယ်လ ၂၀၁၉ အထိ ပေးသွင်းထားခြင်းမရှိဘဲ ၂.၄.၂၀၁၉ တွင် ငွေကျပ် သန်း၃၀၀အား ရန်ကုန်တိုင်းဒေသကြီးအစိုးရငွေစာရင်းသို့ ပေးသွင်းထားကြောင်း သိရသည်။ သတ်မှတ်ကာလအတွင်းပေးသွင်းခြင်းမရှိသည့်အတွက် စာချုပ်ပါစည်းကမ်းချက်အရ ငှားရမ်းခ၏ ဆယ်ရာခိုင်နှုန်းကိုလည်း ကောက်ခံထားခြင်းမရှိ ‌ ‌ကြောင်းကိုတွေ့ရှိရ ပါသည်"ဟု ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ဒေါ်ခင်သန်းလှက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အားနည်းချက်နှင့် ကုမ္ပဏီအပေါ် အထူးအခွင့်အ ရေးပေးနေ‌ကြောင်းကို စာချုပ်အပိုဒ် ၈(က) နှင့် အပိုဒ် ၁၅ ပါ စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စာချုပ်အပိုဒ် ၈(က)ပါ စည်းကမ်းများအတိုင်း လုပ်ငန်းစတင်ဆောင်ရွက်သည့်နေ့ဖြစ်သည်ဟု ထည့်သွင်းချုပ်ဆိုထားခြင်းသည် အငှားချထားသူအပေါ် အထူး အခွင့်အရေးပေးနေသည့်သဘော သက်ရောက်နေပြီး နိုင်ငံတော်မှ ရရှိမည့်ငွေများ သတ်မှတ်ကာလတွင် ရရှိအောင် ဆောင်ရွက်ရန် လိုအပ်ပါသည် ဟုရှင်းလင်းပြောကြားခဲ့သည်။

No comments:

Post a Comment

My Blog List