Friday, January 10, 2020

မတ်လကုန်အထိ ကျောင်းတက်ရမည့်ကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားထုတ်ပြန်ချက်

Image may contain: text

၁။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူစွမ်းအားအရင်းအမြစ် Human Resources သည် မရှိ မဖြစ် အရေးတကြီးလိုအပ်ပါသည်။ ထိုထက်ပိုအရေးကြီးသည်ကား လူတိုင်းအတွက် ငယ်စဉ်ကတည်းကပင် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် လေ့ကျင့်ပေးရန် ဖြစ်သည်။
၂။ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ငယ်စဉ်ဘဝမှအစပြုလေ့ကျင့်သင်ကြားပေးရမည် ဖြစ်သည်။ ထိုထို့သင်ကြားပေးရာတွင် ပုဗ္ဗစရိယ၊ မိနှင့်ဘဆိုသည့်အတိုင်း မိဘဆရာသမားများ၏ အခန်း ကဏ္ဍသည် မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာအရ အလွန်အရေးပါလှပါသည်။ ထို့ကြောင့် ဆရာများကို မိဘများ နှင့် တတန်းတည်းထား၊ရိုသေလေးစားတန်ဖိုးထားခဲ့သည်မှာ နှစ်ထောင်ချီရှိပြီ ဖြစ်သည်။
၃။ ယခုတွေ့မြင်ကြားသိနေရသည်မှာ မိဘနှင့်တစ်တန်းတည်း ထားရှိလေးစားရသော ဆရာဆရာမများ ၏ဂုဏ်သိက္ခာကို ညှိုးမှိန်ချိုးဖဲ့နေသည့်လုပ်ရပ်များအဖြစ် တွေ့မြင်နေရပါသည်။
၄။ တိုင်းဒေသကြီးဝန်ကြီးတစ်ဦးက ဆရာမများကို နေစရာမရှိပါက ထိုကျောင်းရှိရာရွာမှရွာသားများကို ယူရန်ပြောသည့်စကား၊ ယခုနှစ်နွေရာသီကျောင်းပိတ်ရက်သတ်မှတ်မှုနှင့် စာမေးပွဲရက်များသတ်မှတ်မှု များသည် ဘဝကိုရင်းနှီးမြှုပ်နှံ၍ ကိုယ်တိုင်တာဝန်ထမ်းဆောင်နေသော ဆရာဆရာမများ၏ သဘောထားကို အလေးထားခြင်းမရှိဘဲ နိုင်ငံ့လစာယူနေကြသောဝန်ထမ်းများဖြစ်၍ အလုပ်တာဝန်ကျေပွန်ရမည်၊ ညွန်ကြား ချက်အတိုင်း လိုက်လုပ်ရမည်၊ သိန်းချီသောဆရာဆရာမများအားလုံး ဆန္ဒထွက်ပြပါက ထိုညွန်ကြားချက် များကို ပြင်ဆင်ပေးမည်ဆိုသည့် တာဝန်ရှိသူများ၏ ပြောစကားများသည် အလွန်စိတ်ပျက်ဖွယ်ရာပင် ဖြစ်နေ ပေသည်။
၅။ ဤကဲ့သို့ ပြောဆိုလုပ်ကိုင်သည့်လုပ်ရပ်များသည် အာဏာရှင်လေသံအငွေ့အသက်များ ပါနေသည့် အပြင် အစိုးရတစ်ရပ်၏ တာဝန်ယူ၊တာဝန်ခံမှုဆိုသည့် လုပ်ရပ်နှင့်လည်း ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပေ သည်။
၆။ နွေရာသီကျောင်းပိတ်ရက်ဆိုသည်မှာလည်း မြန်မာနိုင်ငံ၏ရာသီဥတုအခြေအနေနှင့် ကျောင်းများ၏ မပြည့်စုံသေးသောအင်္ဂါရပ်များအပေါ်တွင် ထည့်သွင်းစဉ်းစားထားသော အကြောင်းအချက် ဖြစ်ပေသည်။ ပညာရေးတွင် နိုင်ငံတကာစံနှင့်စနစ်ကို မှီငြမ်းအသုံးပြုမည်ဆိုပါကလည်း သင်ရိုးညွန်းတမ်းနှင့် ကျောင်းခေါ် ချိန်သာလျှင် အဓိကဖြစ်ပြီး၊ လေ့ကျင့်သားပြည့်ဝ၍ စွမ်းရည်မြင့် ဆရာဆရာများကိုသာ ပိုမိုမွေးထုတ်ပေးနိုင် ရန် အဓိကလိုအပ်ပါသည်။ ပေါ်လစီတစ်ခု ချမှတ်ရာတွင် လက်ရှိမြေပြင်အခြေအနေများနှင့် ချိတ်ဆက် စဉ်းစား၍ သတိထားချမှတ်ရန် အထူးလိုအပ်ပါသည်။
၇။ ထို့ကြောင့် ဘေးထွက်ဆိုးကျိုးများ ထွက်ပေါ်လာမှုမဖြစ်ပေါ်လာစေရန်နှင့် ပြည်သူများ၏ဆန္ဒသဘော ထားများကို အလေးထားသောအားဖြင့် ဆရာဆရာမများနှင့် ညှိနှိုင်းဆွေးနွေးပြီး အများလက်ခံသဘောတူ သော သဘောထားတစ်ရပ် ထွက်ပေါ်လာရေးကို ဆောင်ရွက်ပေးရန်အတွက် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီ အင်အားစု NDFပါတီက လေးနက်စွာတိုက်တွန်းတောင်းဆိုလိုက်သည်။
Ref ; National Democratic Force(NDF)
<zawgyi>
မတ်လကုန်အထိ ကျောင်းတက်ရမည့်ကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားထုတ်ပြန်ချက်
Friday , January 10 , 2020

No comments:

Post a Comment

My Blog List