Tuesday, January 07, 2020

အမျိုးသားခေါင်းဆောင်ကြီးပုံပါသည့် ငွေစက္ကူအသစ်များ ရုံးပြန်ဖွင့်ရက်တွင် ဘဏ်များမှစတင်ဖြန့်ဝပေေးသွားမည်

Image may contain: 1 person
လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းပုံပါ တစ်ထောင်ကျပ်တန်ငွေစက္ကူအသစ်များအား ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့တွင် စတင်ထုတ်ဝေသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က ပြီးခဲ့သည့် အပတ်အတွင်းက ကြေညာခဲ့သည်။ 

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလိုတွင် ငွေစက္ကများပေါ်၌ ၎င်းတို့အလေးအမြတ်ထားသည့် နိုင်ငံခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ပုံများဖြင့် ထုတ်ဝေသုံးစွဲလေ့ရှိရာ ပြီးခဲ့သည့်ခေတ်အတွင်းက ငွေစက္ကူပေါ်မှ ဗိုလ်ချုပ်အောင်ဆန်းပုံ ဖယ်ရှားခံခဲ့ရသည်ကို စိတ်မချေမ်းမြေ့ဖြစ်ခဲ့ကြသည့် မြန်မာပြည်သူလူထုမှာ ယခုသတင်းအပေါ် ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၇ ရက် အင်္ဂါနေ့တွင် တရားဝင်ရုံးပိတ်ရက်များ ကုန်ဆုံး၍ ရုံးနှင့် အလုပ်ဌာနများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ဖေါ်ပြပါ အမျိုးသားခေါင်းဆောင်ကြီးပုံပါ ငွေစက္ကူအသစ်များအား ဘဏ်များမှတဆင့် အများပြည်သူသုံးစွဲရန် စတင်ဖြန့်ချီသွားမည်ဖြစ်ကြောင်း သိရှိရသည်။
၁၉၄၇ခုနှစ်တွင် မြန်မာငွေစက္ကူဘုတ်အဖွဲ့က ၁ကျပ်၊ ၅ကျပ်၊ ၁၀ကျပ်နှင့် ၁၀၀ကျပ်တန် ငွေစက္ကူများကို စတင်ထုတ်ဝေခဲ့သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း တန်ဖိုးတူငွေစက္ကူများကို ထပ်မံထုတ်ဝေခဲ့သည်။ ၁၉၅၆ခုနှစ်တွင် ၂၀ ကျပ်နှင့် ၅၀ကျပ်များကို ထပ်မံထုတ်ဝေခဲ့သည်။ ၁၉၆၄ခုနှစ်တွင် ၅၀ကျပ်တန်နှင့် ၁၀၀ကျပ်တန် တို့ကို ပြန်လည်သိမ်းယူခဲ့သည်။ နောက်ပိုင်းနှစ်များတွင် ငွေစက္ကူ အသစ်များစွာထုတ်ဝေခဲ့သလို ငွေစက္ကူအများစုကိုလည်း ပြန်လည်သိမ်းယူခဲ့သည်။၁၉၈၉ခုနှစ်တွင် ဗမာမှ မြန်မာသို့ပြောင်းပြီးနောက် မတ်လ ၁၉၉၀ တွင် ၁ ကျပ် နှင့် ၂၀၀ တန် ငွေစက္ကူများကိုထုတ်ဝေခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ၅၀ပြား၊ ၂၀ကျပ်၊ ၅၀ကျပ်၊ ၁၀၀ကျပ်၊ ၅၀၀ကျပ်တန် ငွေစက္ကူများကိုထုတ်ဝေခဲ့သည်။ မေ ၁၉၉၅ တွင် ၅ကျပ် နှင့် ၁၀ကျပ်တန်၊ နိုဝင်ဘာ ၁၉၉၈ တွင် ၁၀၀၀ကျပ်တန်များထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ၂၀၀ ကျပ်တန်၊ ၅၀၀ ကျပ်တန်၊ ၁၀၀၀ကျပ်တန်များကို အရွယ်အစားအသစ်ဖြင့် ထုတ်ဝေခဲ့သည်။
ငွေစက္ကအသစ်ထုတ်ဝေတိုင်း ငွေဖောင်းပွမှုဖြစ်ပေါ်ကာ ကုန်ဈေးနှုန်းတက်ခဲ့သည့် အတွေ့အကြုံကြောင့် ပြည်သူအချို့က စိုးရိမ်စိတ်ဖြစ်ပေါ်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ငွေကြေးလဲလှယ်မှုနှုန်းထားများ ပြောင်းလဲဖြစ်ပေါ်မှုအရ မြန်မာငွေဈေးမှာ ခိုင်မာနေသည်ကို တွေ့ရှိရသည့်အတွက် ယခု တစ်ထောင်တန်ငွေစက္ကအသစ်များ ထုတ်ဝေမှုမှာ အချိန်သင့်အခါသင့်ဟု ဆိုနိုင်သည်။
isee media
<Zawgyi>
အမျိုးသားခေါင်းဆောင်ကြီးပုံပါသည့် ငွေစက္ကူအသစ်များ ရုံးပြန်ဖွင့်ရက်တွင် ဘဏ်များမှစတင်ဖြန့်ဝပေေးသွားမည်

လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းပုံပါ တစ်ထောင်ကျပ်တန်ငွေစက္ကူအသစ်များအား ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့တွင် စတင်ထုတ်ဝေသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က ပြီးခဲ့သည့် အပတ်အတွင်းက ကြေညာခဲ့သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလိုတွင် ငွေစက္ကများပေါ်၌ ၎င်းတို့အလေးအမြတ်ထားသည့် နိုင်ငံခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ပုံများဖြင့် ထုတ်ဝေသုံးစွဲလေ့ရှိရာ ပြီးခဲ့သည့်ခေတ်အတွင်းက ငွေစက္ကူပေါ်မှ ဗိုလ်ချုပ်အောင်ဆန်းပုံ ဖယ်ရှားခံခဲ့ရသည်ကို စိတ်မချေမ်းမြေ့ဖြစ်ခဲ့ကြသည့် မြန်မာပြည်သူလူထုမှာ ယခုသတင်းအပေါ် ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၇ ရက် အင်္ဂါနေ့တွင် တရားဝင်ရုံးပိတ်ရက်များ ကုန်ဆုံး၍ ရုံးနှင့် အလုပ်ဌာနများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ဖေါ်ပြပါ အမျိုးသားခေါင်းဆောင်ကြီးပုံပါ ငွေစက္ကူအသစ်များအား ဘဏ်များမှတဆင့် အများပြည်သူသုံးစွဲရန် စတင်ဖြန့်ချီသွားမည်ဖြစ်ကြောင်း သိရှိရသည်။
၁၉၄၇ခုနှစ်တွင် မြန်မာငွေစက္ကူဘုတ်အဖွဲ့က ၁ကျပ်၊ ၅ကျပ်၊ ၁၀ကျပ်နှင့် ၁၀၀ကျပ်တန် ငွေစက္ကူများကို စတင်ထုတ်ဝေခဲ့သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း တန်ဖိုးတူငွေစက္ကူများကို ထပ်မံထုတ်ဝေခဲ့သည်။ ၁၉၅၆ခုနှစ်တွင် ၂၀ ကျပ်နှင့် ၅၀ကျပ်များကို ထပ်မံထုတ်ဝေခဲ့သည်။ ၁၉၆၄ခုနှစ်တွင် ၅၀ကျပ်တန်နှင့် ၁၀၀ကျပ်တန် တို့ကို ပြန်လည်သိမ်းယူခဲ့သည်။ နောက်ပိုင်းနှစ်များတွင် ငွေစက္ကူ အသစ်များစွာထုတ်ဝေခဲ့သလို ငွေစက္ကူအများစုကိုလည်း ပြန်လည်သိမ်းယူခဲ့သည်။၁၉၈၉ခုနှစ်တွင် ဗမာမှ မြန်မာသို့ပြောင်းပြီးနောက် မတ်လ ၁၉၉၀ တွင် ၁ ကျပ် နှင့် ၂၀၀ တန် ငွေစက္ကူများကိုထုတ်ဝေခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ၅၀ပြား၊ ၂၀ကျပ်၊ ၅၀ကျပ်၊ ၁၀၀ကျပ်၊ ၅၀၀ကျပ်တန် ငွေစက္ကူများကိုထုတ်ဝေခဲ့သည်။ မေ ၁၉၉၅ တွင် ၅ကျပ် နှင့် ၁၀ကျပ်တန်၊ နိုဝင်ဘာ ၁၉၉၈ တွင် ၁၀၀၀ကျပ်တန် များထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ၂၀၀ ကျပ်တန်၊ ၅၀၀ ကျပ်တန်၊ ၁၀၀၀ကျပ်တန်များကို အရွယ်အစားအသစ်ဖြင့် ထုတ်ဝေခဲ့သည်။
ကျပ်ငွေစက္ကူကို စတင်ထုတ်ဝေစဉ်ကတည်းက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို အစဉ်အဆက်အသုံးပြုခဲ့ကြသော်လည်း ၁၉၈၀ ခုနောက်ပိုင်း တပါတီအစိုးရလက်ထက်တွင် ဆရာစံနှင့် သခင်ဖိုးလှကြီးပုံတို့ကိုပါ ထည့်သွင်းအသုံးပြုလာခဲ့ရာမှ ၁၉၈၈ ခုနောက်ပိုင်း အာဏာသိမ်းစစ်အစိုးရလက်ထက် ထုတ်ဝေသမျှ ငွေစက္ကူတိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ အသုံးပြုမှုကို လုံးဝဖယ်ရှားခဲ့သည်။ ၎င်းအစား ခြင်္သေ့၊ ဆင်စသည့် တိရိစ္ဆာန်ရုပ်ပုံများကို သုံးစွဲခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အန်အယ်ဒီပါတီမှ ရွေးကောက်ပွဲအနိုင်ရကာ အစိုးရဖွဲ့နိုင်ခဲ့သောအခါ ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူများ ပုံနှိပ်ထုတ်ဝေရန် ပြည်သူများက လိုလားမျှော်လင့်ခဲ့ကြသည်။ သို့သော် အန်အယ်ဒီအစိုးရသက်တမ်း ငါးနှစ်မြောက်သည့် ယခုနှစ် ၂၀၂၀ ခုနှစ်မှသာ မောင့်ကြက်သရေခေါင်းပေါင်းနှင့် အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းပုံပါ တစ်ထောင်တန်ငွေစက္ကူကို စတင်ထုတ်ဝေနိုင်ခဲ့သည်။
ငွေစက္ကအသစ်ထုတ်ဝေတိုင်း ငွေဖောင်းပွမှုဖြစ်ပေါ်ကာ ကုန်စျေးနှုန်းတက်ခဲ့သည့် အတွေ့အကြုံကြောင့် ပြည်သူအချို့က စိုးရိမ်စိတ်ဖြစ်ပေါ်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ငွေကြေးလဲလှယ်မှုနှုန်းထားများ ပြောင်းလဲဖြစ်ပေါ်မှုအရ မြန်မာငွေစျေးမှာ ခိုင်မာနေသည်ကို တွေ့ရှိရသည့်အတွက် ယခု တစ်ထောင်တန်ငွေစက္ကအသစ်များ ထုတ်ဝေမှုမှာ အချိန်သင့်အခါသင့်ဟု ဆိုနိုင်သည်။
isee media

No comments:

Post a Comment

My Blog List