Wednesday, January 08, 2020

အီရန်တိုက်ခိုက်မှုအပြီး ကမ္ဘာတွင် အမရေိကန်စစ်အင်အားအကြီးဆုံးဟု သမ္မတထရမ့်ပြော

Image may contain: 1 person, suitImage may contain: stripes
အမေရိကန်သမ္မတထရမ့်က အမေရိကန်သည် ကမ္ဘာပေါ်တွင် စစ်အင်အားအကြီးဆုံးဖြစ်ကြောင်း အီရန်တိုက်ခိုက်မှုအပြီး Twitter မှတစ်ဆင့် ပြောဆိုလိုက်သည်။

"အားလုံးအခြေအနေကောင်းပါတယ်။ အီရန်က အီရတ်မှာရှိတဲ့ အမေရိကန်စစ်ခြေစိုက်စခန်း ၂ ခုကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ ပျက်စီးဆုံးမှုအခြေအနေကို လေ့လာနေပါတယ်။ အခုထက်ထိတော့ အခြေအနေကောင်းပါတယ်။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ စစ်အင်အားအကြီးဆုံးပါ။ မနက်ဖြန်တော့ ကျနော် ကြေညာချက်ထုတ်ပြန်ပါ့မယ်" ဟု သမ္မတထရမ့်က သူ၏ Twitter စာမျက်နှာတွင် ရေးသားထားသည်။
အမေရိကန်အစိုးရ၊ လေကြောင်းဌာနက အီရတ်၊ အီရန်၊ ပါရှန်းနှင့်အိုမန်ပင်လယ်ကွေ့ ကောင်းကင်တွင် စစ်ဘက်သုံးမဟုတ်သော အမေရိကန်လေယာဉ်များ ပျံသန်းခြင်းမပြုရန် ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။

No comments:

Post a Comment

My Blog List