Thursday, January 09, 2020

၂၁-ရာစု ပင်လုံကို (၄)လအတွင်း ကျင်းပမည်

Image may contain: 1 person
စတုတ္ထကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံအစည်းအဝေးကို ယခုနှစ် နှစ်ဆန်းပိုင်း ပထမ(၄)လအတွင်း ကျင်းပနိုင်ရေးအတွက် ဆုံးဖြတ်ထားသည်ဟု သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

"ညီလာခံကတော့ ကျွန်တော်တို့ ၂၀၂၀ နှစ်ဆန်းပိုင်း ပထမလေးလတာ ကာလအတွင်းမှာတော့ ရည်မှန်းချက်ချထားပါတယ်"ဟု ဦးဇော်ဌေးကပြောသည်။
နေပြည်တော်ရှိ NRPC တွင် ယနေ့ကျင်းပခဲ့သည့် JICM အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ဖြစ် ကြောင်း အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးဇော်ဌေးက အထက် ပါအတိုင်းပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
စတုတ္ထအကြိမ်မြောက် ကျင်းပမည့် ၂၁ ရာစု ပင်လုံအစည်းအဝေး၌ NCA တွင် လက်မှတ်မရေးထိုး ရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
"လက်မှတ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်ဖို့ ယခင်ကလည်းဖိတ်ခဲ့တယ်။ တောက်လျှောက်လည်းဖိတ်ခဲ့တယ် အခုလုပ်တဲ့အခါမှာလည်းဖိတ်မှာဖြစ်တယ်။ ပြီးရင်ကျွန်တော် တို့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃)ရဲ့ ပုံစံကိုသတ်မှတ်လိုက်တဲ့အတွက် ဒီမှာ ထည့်မယ့်သဘောတူညီချက်တွေရအောင် ညှိမှာဖြစ်ပါတယ်" ဟု ဦးဇော်ဌေးကပြောသည်။
၂၁ ရာစုပင်လုံ အစည်းအဝေးကို ယခု အစိုးရလက်ထက်တွင် ပထမ အကြိမ်ကို ၂၀၁၆ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်မြောက်ကို ၂၀၁၇ ခုနှစ် တတိယအကြိမ်ကို ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိပေ။
၂၀၂၀ ခုနှစ်အတွင်း ပြုလုပ်မည့် စတုတ္ထအကြိမ်မြောက်အစည်းအဝေးသည် လက်ရှိအစိုးရလက် ထက်တွင် နောက်ဆုံးအကြိမ်အစည်းအဝေးဖြစ်မည်ဖြစ်ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် JICM အစည်းအဝေးတွင် အချက်ပေါင်း(၈)ချက် သဘောတူနိုင်ခဲ့သည်။
(Zawgyi)
၂၁-ရာစု ပင်လုံကို (၄)လအတွင်း ကျင်းပမည်
ဇန္နဝါရီ ၈
ယဉ်ကေနွယ်

No comments:

Post a Comment

My Blog List