Friday, January 10, 2020

အီရန်ဗိုလ်ချုပ်ကို သုတ်သင်လိုက်နိုင်ခြင်းကြောင့် အမေရိကန်နိုင်ငံ ပိုမိုလုံခြုံစိတ်ချသွားပြီဆိုတာ မိမိမယုံကြောင်း ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ထုတ်ဖော်ပြောကြား

Image may contain: 1 person
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပယ်လိုစီက သမ္မတ ထရမ့်ဦးဆောင်တဲ့ အစိုးရရဲ့ အီရန်ဗိုလ်ချုပ် ကာဆန် ဆိုလေမာနီကို သုတ်သင် သတ်ဖြတ်နိုင်မှုဟာ အမေရိကန်တွေကို ပိုမိုလုံခြုံစိတ်ချတဲ့ အခြေအနေတစ်ခုကို ဖန်တီးနိုင်ပေး နိုင်လိုက်တယ်ဆိုတဲ့ အကြောင်းပြချက်ကို သူမအနေနဲ့ ယုံကြည်ခြင်းမရှိကြောင်း ယနေ့မှာ ပြောကြားလိုက်တယ်လို့ ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

" သူတို့ (သမ္မတ ထရမ့်ဦးဆောင်တဲ့ အစိုးရရဲ့) အခုလို လုပ်ကိုင်ဆောင်ရွက်လိုက်တာ(အီရန်ဗိုလ်ချုပ်ကို သုတ်သင်လိုက်မှု) ဟာ ကျမတို့တိုင်းပြည်ကို ပိုမိုလုံခြုံစိတ်ချသွားစေတယ်ဆိုတာကို ကျမအနေနဲ့ မယုံကြည်ပါဘူး" လို့ အပတ်စဉ်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။
ယနေ့မှာ အမေရိကန်အောက်လွှတ်တော်ဟာ သမ္မတအနေနဲ့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်မပါဘဲ စစ်ရေးအင်အားအသုံးပြုခွင့်ကို ပိတ်ပင်တားမြစ်မဲ့ ဥပဒေတစ်ခုကို မဲခွဲဆုံးဖြတ်မှာပါ။
ပိုးပုလဲ/ Myanmar Harp
Photo ; Reuters

No comments:

Post a Comment

My Blog List