Wednesday, January 08, 2020

အီရန်လေဆိပ်မှပျံတက်ပြီးနောက် ယူကရိန်း လေယာဉ်ပျက်ကျကာ လိုက်ပါလာသူ၁၇၆ ဦးသေဆုံး

Image may contain: one or more people and outdoor
ယူကရိန်းလေကြောင်းလိုင်းမှ ဘိုအင်းရ၃၇လေယာဉ် တစ်စီးသည် ယနေ့ ( ဇန်နဝါရီ ၈ ) နံနက်က အီရန်နိုင်ငံတီဟီရန်မြို ့ရှိ အီမန်ခိုမေနီနိုင်ငံတကာလေဆိပ် မှ ပျံတက်ပြီး မကြာမီ ပျက်ကျကာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၇၆ ဦးစလုံးသေဆုံးခဲ့ကြောင်း အီရန် သတင်းမီဒီယာများက ဖော်ပြသည်။

အီမန်ခိုမေနီနိုင်ငံတကာလေဆိပ်မှအများပြည်သူဆိုင် ရာ ဆက်ဆံရေးအရာရှိတစ်ဦးဖြစ်သည့် အလီခါရှာနီကို ကိုးကား၍ အီရန်အစိုးရပိုင် Press TV မှ ဖော်ပြခဲ့မှု အရ အဆိုပါ ၇၃၇ - ၈၀၀ ဘိုရင်းလေယာဉ်သည် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြိုလေဆိပ်သို့ ပျံသန်းရန်တီဟီရန်လေဆိပ်မှပျံတက်ပြီးမကြာမီ နည်းပညာပိုင်း ဆိုင်ရာ အမှားအယွင်းများကြောင့် ပျက်ကျသွားကာ
လေယာဉ်ပေါ်တွင်လိုက်ပါသွားသူ ၁၇၆ ဦးစလုံး သေဆုံးသွားသည်ဟု ဖော်ပြခဲ့သည်။

ကနဦးသတင်းများတွင်မူ လေယာဉ်ပေါ်၌ လူပေါင်း ၁၈၀ ဦးလိုက်ပါခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။ အဆိုပါ လေယာဉ်သည် အီရန်စံတော်ချိန် နံနက် ၅း၁၅ နာရီတွင် တီဟီရန်မှ ပျံသန်းရန်စီစဉ်ထားသော်လည်း ၁ နာရီနီးပါးနောက်ကျကာ နံနက် ၆း၁၂ နာရီမှသာ တီဟီရန်လေဆိပ်မှ ထွက်ခွာနိုင်ခဲ့သည်ဟု လေယာဉ်ပျံသန်းမှုဆိုင်ရာမှတ်တမ်းများကိုဖော်ပြသည့် Flighradar 24 က ဖော်ပြထားသည်။
တီဟီရန်လေဆိပ်မှပျံတက်ပြီးမကြာမီ တီဟီရန်မြို ့၏ အနောက်တောင်ပိုင်းရှိ Parand နေရာတွင် ပျက်ကျသွားခြင်းဖြစ်သည်ဟုလည်း ဖော်ပြသည်။
Image may contain: outdoor
Image may contain: sky, outdoor and nature
Image may contain: one or more people, sky and outdoor
Image may contain: sky, outdoor and nature
The Ladies News

No comments:

Post a Comment

My Blog List