Wednesday, January 08, 2020

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ရလဒ်ကောင်းမရှိခဲ့ပါက မျှော်လင့်ချက် သဲထဲရေသွန်သကဲ့ဖြစ်မည်ကို သတိပြုရန် ဒုတပ်ချုပ်သတိပေး

Image may contain: 1 person, sitting
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အချိန်ကုန်ငွေကုန်ခံဆွေးနွေးနေမှုသာရှိပြီး ရလဒ်ကောင်းအဖြေမရှိခဲ့ပါက ငြိမ်းချမ်းရေးမျှော်လင့်ချက်သည်လည်း သဲထဲရေသွန်သကဲ့ သို့ဖြစ်နေမည်ကိုသတိပြုရန် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်းက သတိပေးပြောကြားလိုက်သည်။

“ပိုးသာကုန်မောင်ပုံစောင်းမတတ်ဆိုသလို အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး ဆွေးနွေးနေ မှုသာရှိပြီး ရလဒ်ကောင်းအဖြေမရှိခဲ့ရင်၊မရခဲ့ရင် နိုင်ငံတော်နှင့် ပြည်သူများအတွက် ထာဝရငြိမ်းချမ်းရေး မျှော်လင့်ချက်ဟာလည်း သဲထဲရေသွန်သလို ဖြစ်နေမှာပဲဆိုတာ ကျွန်တော်တို့အားလုံးက သတိပြုကြဖို့လိုအပ်ပါတယ်”ဟု ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောသည်။
နေပြည်တော်ရှိ NRPC တွင် ယနေ့ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ် စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၏ အ ဖွင့်မိန့်ခွန်းတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ရလဒ်ကောင်း အဖြေတစ်ရက်စော၍ရရှိပါက မြန်မာနိုင်ငံသူ နိုင်ငံသားများ တစ်ရက် စောပြီး စိတ်ချမ်းသာပျော်ရွှင်မှုခံစားရမည့်အပြင် ခေတ်မီနိုင်ငံတော်ကြီးဆီ တစ်ရက် စောရောက်အောင် အင်တိုက်အားတိုက် ယခုထက်ပိုမိုစွမ်းဆောင်နိုင်ကြမည်ဖြစ် သည့်အတွက် EAO အသီးသီးနှင့် အစိုးရ၊ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူပုဂ္ဂိုလ်များက ပါ ဆွေးနွေးညှိုနှိုင်းအဖြေရှာရာတွင် အချိန်ကာလယန္တရားကို အတိုဆုံးလျှော့ချနိုင်ငံ သမျှ လျှော့ချပြီးရလဒ်ကောင်းများ အမြန်ဆုံးပြသနိုင်ရေး ကြိုးပမ်းပေးကြရန်နှင့် ဆွေးနွေးချက်ရလဒ်များကို အချိန်မဆိုင်းဘဲ ဆက်လက်အကောင် အထည်ဖော် သွားနိုင်ရန်လည်း အရေးကြီးသတိပြုကြစေလိုကြောင်း ၎င်းကပြောကြားခဲ့ သည်။
"ကျွန်တော်တို့ JICM အစည်းအဝေးကျင်းပတာ အခုဆိုရင် ၈ ကြိမ်ရှိပြီဖြစ်ပါတယ်။ အဲ့ဒီ ၈ ကြိမ်မှာ အခုတစ်ကြိမ်လောက် အဆင်ပြေချောချောမွေ့မွေ့နဲ့ တဖက်နှင့်တ ဖက် အောင်မြင်အောင်ဆွေးနွေးအတည်ပြုနိုင်တာ အင်မတန်ကြည်နူးစရာ မြင်ကွင်း တခုလည်းဖြစ်ပါတယ်။ ဒါကလည်း ဒီမှာပါတဲ့ အစည်းအဝေးမှာ တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေ အားလုံးကလူပုဂ္ဂိုလ် အသီးသီးကဆောင်ရွက်တဲ့ စွမ်းဆောင်ချက် ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ၈ ကြိမ်မြောက် JICM အစည်းအဝေးတွင် နှစ်ဖက် သဘောတူညီချက် ၈ ချက်ရရှိခဲ့သည့်အတွက်လည်း ဂုဏ်ယူကြောင်းပြောသည်။
(Zawgyi)
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ရလဒ်ကောင်းမရှိခဲ့ပါက မျှော်လင့်ချက် သဲထဲရေသွန်သကဲ့ဖြစ်မည်ကို သတိပြုရန် ဒုတပ်ချုပ်သတိပေး
ဇန်နဝါရီ ၈
ယဉ်ကေနွယ်

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အချိန်ကုန်ငွေကုန်ခံဆွေးနွေးနေမှုသာရှိပြီး ရလဒ် ကောင်းအဖြေမရှိခဲ့ပါက ငြိမ်းချမ်းရေးမျှော်လင့်ချက်သည်လည်း သဲထဲရေသွန်သကဲ့ သို့ဖြစ်နေမည်ကိုသတိပြုရန် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်းက သတိပေးပြောကြားလိုက်သည်။
“ပိုးသာကုန်မောင်ပုံစောင်းမတတ်ဆိုသလို အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး ဆွေးနွေးနေ မှုသာရှိပြီး ရလဒ်ကောင်းအဖြေမရှိခဲ့ရင်၊မရခဲ့ရင် နိုင်ငံတော်နှင့် ပြည်သူများအတွက် ထာဝရငြိမ်းချမ်းရေး မျှော်လင့်ချက်ဟာလည်း သဲထဲရေသွန်သလို ဖြစ်နေမှာပဲဆိုတာ ကျွန်တော်တို့အားလုံးက သတိပြုကြဖို့လိုအပ်ပါတယ်”ဟု ဒုတိယဗိုလ်ချုပ်မှူးကြီး စိုး ဝင်းကပြောသည်။
နေပြည်တော်ရှိ NRPC တွင် ယနေ့ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ် စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၏ အ ဖွင့်မိန့်ခွန်းတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ရလဒ်ကောင်း အဖြေတစ်ရက်စော၍ရရှိပါက မြန်မာနိုင်ငံသူ နိုင်ငံသားများ တစ်ရက် စောပြီး စိတ်ချမ်းသာပျော်ရွှင်မှုခံစားရမည့်အပြင် ခေတ်မီနိုင်ငံတော်ကြီးဆီ တစ်ရက် စောရောက်အောင် အင်တိုက်အားတိုက် ယခုထက်ပိုမိုစွမ်းဆောင်နိုင်ကြမည်ဖြစ် သည့်အတွက် EAO အသီးသီးနှင့် အစိုးရ၊ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူပုဂ္ဂိုလ်များက ပါ ဆွေးနွေးညှိုနှိုင်းအဖြေရှာရာတွင် အချိန်ကာလယန္တရားကို အတိုဆုံးလျှော့ချနိုင်ငံ သမျှ လျှော့ချပြီးရလဒ်ကောင်းများ အမြန်ဆုံးပြသနိုင်ရေး ကြိုးပမ်းပေးကြရန်နှင့် ဆွေးနွေးချက်ရလဒ်များကို အချိန်မဆိုင်းဘဲ ဆက်လက်အကောင် အထည်ဖော် သွားနိုင်ရန်လည်း အရေးကြီးသတိပြုကြစေလိုကြောင်း ၎င်းကပြောကြားခဲ့ သည်။
"ကျွန်တော်တို့ JICM အစည်းအဝေးကျင်းပတာ အခုဆိုရင် ၈ ကြိမ်ရှိပြီဖြစ်ပါတယ်။ အဲ့ဒီ ၈ ကြိမ်မှာ အခုတစ်ကြိမ်လောက် အဆင်ပြေချောချောမွေ့မွေ့နဲ့ တဖက်နှင့်တ ဖက် အောင်မြင်အောင်ဆွေးနွေးအတည်ပြုနိုင်တာ အင်မတန်ကြည်နူးစရာ မြင်ကွင်း တခုလည်းဖြစ်ပါတယ်။ ဒါကလည်း ဒီမှာပါတဲ့ အစည်းအဝေးမှာ တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေ အားလုံးကလူပုဂ္ဂိုလ် အသီးသီးကဆောင်ရွက်တဲ့ စွမ်းဆောင်ချက် ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ၈ ကြိမ်မြောက် JICM အစည်းအဝေးတွင် နှစ်ဖက် သဘောတူညီချက် ၈ ချက်ရရှိခဲ့သည့်အတွက်လည်း ဂုဏ်ယူကြောင်းပြောသည်။

No comments:

Post a Comment

My Blog List