Thursday, January 09, 2020

အီရန်ရဲ့ပြန်လည်ပစ်ခတ်မှု အမေရိကန်တွေ သေဆုံးသူမရှိ သမ္မတထရန့်လက်ထက် အီရန်အနေနဲ့ နျူကလီးယားလက်နက် မပိုင်ဆိုင်စေရဘူးဟု ကတိပေး

Image may contain: 6 people, people standing and suit
အီရန်က အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်နဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်အခြေစိုက်စခန်းတွင်ရှိသူများ သေဆုံးတာမရှိခဲ့ကြောင်း သမ္မတထရန့်က ယမန်နေ့ညပိုင်းက ရုပ်သံကနေတဆင့် အမေရိကန် ပြည်သူတွေကို မိန့်ခွန်းပြောဆိုသွားပါတယ်။

"အီရန်က ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ပေမယ့် အမေရိကန်တွေ သေဆုံးဒဏ်ရာရတာမျိုးမရှိခဲ့ပါဘူး။ အမေရိကန်တွေ အားလုံးဘေးကင်းခဲ့ပါတယ်။ စစ်အခြေစိုက်စခန်းတော့ အနည်းငယ် ထိခိုက်ပျက်စီးခဲ့တယ်''လို့ သမ္မတထရန့်က ပြောပါတယ်။
တဆက်တည်းမှာပဲ သမ္မတထရန့်က သူ့ရဲ့သမ္မတသက်တမ်းမှာ အီရန်အနေနဲ့ နျူကလီးယားလက်နက် မပိုင်ဆိုင်စေရဘူးလို့ အမေရိကန်ပြည်သူတွေကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး အီရန်နိုင်ငံအနေနဲ့ အကြမ်းဖက်သမားတွေကို ထောက်ပံ့ပေးတာတွေ ရပ်တန့်စေလိုကြောင်း အမေရိကန်သမ္မတကဆိုပါတယ်။
အဆိုပါပွဲကို သမ္မတထရန့်နဲ့အတူ ဒုတိယသမ္မတ မိုက်ပန်စ့် ၊ ကာကွယ်ရေးဝန်ကြီး မက်အက်စ်ပါ၊ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီအိုတို့အတူ တက်ရောက်ခဲ့ပါတယ်။
ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်မှုတွေအတွက် အီရန်နိုင်ငံအပေါ် နောက်ထပ် ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့လည်း အမေရိကန်သမ္မတက ပြောဆိုလိုက်ပါတယ်။
သတင်း - ZMO
Ref; The epoch times
ဓာတ္ပုံ - EPA
.................................................................
(Unicode Version)
#InternationalNews
အီရန်ရဲ့ပြန်လည်ပစ်ခတ်မှု အမေရိကန်တွေ သေဆုံးသူမရှိ
သမ္မတထရန့်လက်ထက် အီရန်အနေနဲ့ နျူကလီးယားလက်နက် မပိုင်ဆိုင်စေရဘူးဟု ကတိပေး
အီရန်က အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်နဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်အခြေစိုက်စခန်းတွင်ရှိသူများ သေဆုံးတာမရှိခဲ့ကြောင်း သမ္မတထရန့်က ယမန်နေ့ညပိုင်းက ရုပ်သံကနေတဆင့် အမေရိကန် ပြည်သူတွေကို မိန့်ခွန်းပြောဆိုသွားပါတယ်။
"အီရန်က ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ပေမယ့် အမေရိကန်တွေ သေဆုံးဒဏ်ရာရတာမျိုးမရှိခဲ့ပါဘူး။ အမေရိကန်တွေ အားလုံးဘေးကင်းခဲ့ပါတယ်။ စစ်အခြေစိုက်စခန်းတော့ အနည်းငယ် ထိခိုက်ပျက်စီးခဲ့တယ်''လို့ သမ္မတထရန့်က ပြောပါတယ်။
တဆက်တည်းမှာပဲ သမ္မတထရန့်က သူ့ရဲ့သမ္မတသက်တမ်းမှာ အီရန်အနေနဲ့ နျူကလီးယားလက်နက် မပိုင်ဆိုင်စေရဘူးလို့ အမေရိကန်ပြည်သူတွေကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး အီရန်နိုင်ငံအနေနဲ့ အကြမ်းဖက်သမားတွေကို ထောက်ပံ့ပေးတာတွေ ရပ်တန့်စေလိုကြောင်း အမေရိကန်သမ္မတကဆိုပါတယ်။
အဆိုပါပွဲကို သမ္မတထရန့်နဲ့အတူ ဒုတိယသမ္မတ မိုက်ပန်စ့် ၊ ကာကွယ်ရေး၀န်ကြီး မက်အက်စ်ပါ၊ နိုင်ငံခြားရေး၀န်ကြီး ပွန်ပီအိုတို့အတူ တက်ရောက်ခဲ့ပါတယ်။
ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်မှုတွေအတွက် အီရန်နိုင်ငံအပေါ် နောက်ထပ် ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့လည်း အမေရိကန်သမ္မတက ပြောဆိုလိုက်ပါတယ်။
သတင်း - ZMO
Ref; The epoch times
ဓာတ်ပုံ - EPA

No comments:

Post a Comment

My Blog List