Wednesday, January 08, 2020

အီရန်က ဒုံးကျည်များဖြင့် အမေရိကန်လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ပြီးနောက် ရွှေစျေးနှင့်ရေနံစျေး ထိုးတက်၊ အမေရိကန်ရှယ်ယာစျေးများ ထိုးကျ

Image may contain: stripesNo photo description available.
အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း ၂ ခုကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် နိုင်ငံတကာစျေးကွက်တွင် ရွှေစျေး၊ ရေနံစျေးများ ထိုးတက်သွားပြီး အမေရိကန်ရှယ်ယာစျေးများ ထိုးကျသွားကြောင်း နိုင်ငံတကာ စီးပွားရေးစျေးကွက်သတင်းများက သတင်းဖော်ပြသည်။

ရွှေစျေးသည် တစ်အောင်စလျှင် ၁၅၇၀ ကျော်ဝန်းကျင်မှ လတ်တလော အမေရိကန်ဒေါ်လာ ၁၅၉၃ ဝန်းကျင်သို့ စျေးတက်သွားပြီး ရေနံစျေးမှာ တစ်စည်လျှင် ၆၄ ဒသမ ၇၈ သို့ စျေးတက်သွားကြောင်း သိရှိရသည်။ အမေရိကန် နယူးယောက်ရှယ်ယာစျေးနှုန်းများမှာမူ ထိုးကျနေပြီး အမေရိကန်ဒေါ်လာမှာလည်း နိုင်ငံတကာငွေကြေးများနှင့် နှိုင်းယှဉ်လျှင် အားပျော့နေကြောင်း သိရှိရသည်။
အမေရိကန်က အီရန်ဗိုလ်ချုပ်ကြီးကို လုပ်ကြံသတ်ဖြတ်မှု၏ နောက်ဆက်တွဲ အီရန်က ဒုံးကျည်များဖြင့် အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

Khit Thit Media

No comments:

Post a Comment

My Blog List