Wednesday, January 08, 2020

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပစ်ရပ်(၁၀)ဖွဲ့တည်းဖြင့် ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း သတိပြုရန် ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

Image may contain: 1 person
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင် ရွက်ရာတွင် NCA လက်မှတ် ရေးထိုးထား သည့် အပစ်ရပ်(၁၀)ဖွဲ့တည်းဖြင့် ပြီးပြည့် စုံအောင် ဆောင်ရွက်နိုင်မည် မဟုတ် ကြောင်း သတိပြုရန် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဦးဆောင်အဖွဲ့(PPST) ယာယီအဖွဲ့ ခေါင်းဆောင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသည်။

ဇန်နဝါရီ ၇ ရက်က နေပြည် တော် ရှိ Horizon Lake View Hotel ၌ ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက် မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
"ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင် ရွက်ရာမှာ မိမိတို့လက်ရှိ NCA-S EAO (၁၀)ဖွဲ့တည်းနဲ့ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးဆိုတာကို သတိချပ်ဖို့လိုပါတယ်"ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုသည်။
ထို့ပြင် နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းပဋိပက္ခများကိုဖြေရှင်းရန် ထိုက်သင့်သည့် အချိန်ကာလ ယူရမည်ဖြစ်ပြီး ဖြေရှင်းဆောင်ရွက်ရာတွင်လည်း အခက်အခဲများ မလွဲမသွေကြုံတွေ့ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
"ကြုံတွေ့ရတဲ့ အခက်အခဲအကျပ်အတည်းတွေကို တည်တည်ငြိမ်ငြိမ် စိတ်ရှည်လက်ရှည်သတိတရား၊ အသိတရားတွေနဲ့ရင်ဆိုင်ကျော်လွှားပြီး အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်း သွားဖို့လိုအပ်ပါတယ်"ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုသည်။
ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်"သတိမမူ ဂူမမြင်" ဆိုသည့်အတိုင်း မဖြစ်ရလေအောင် အသေးအမွှားကိစ္စများက အစ သတိထား အလေးပေးကိုင်တွယ်ဖြေရှင်းရ မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ၂၀၂၀ နှစ် လယ်ပိုင်းတွင်လည်း စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံအစည်းအဝေး ကျင်းပနိုင် ရေးအတွက် ကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
"နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေရဲ့ ညှိနှိုင်းမှု ရလဒ်ပေါ်မူတည်လို့ နှစ်ဖက်ညှိနှိုင်းထားတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်းဆောင်ရွက်ပြီး ၂၀၂၀ နှစ်လယ်လောက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကိုကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်"ဟုဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုသည်။
ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်မည့် ရှစ်ကြိမ်မြောက် JICM အစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လွန်စွာအရေးပါပြီး JICM အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် များစွာအထောက်အပံ့ဖြစ်မည်ဖြစ်ကြောင်း သိရသည်။
ယနေ့အစည်းအဝေးတွင် JICM အစည်းအဝေးအတွက်ဆွေးနွေးမည့် အကြောင်းအရာများကို အတည်ပြုနိုင်ခဲ့ပြီး JICMအစည်းအဝေး ပြီးပြီးချင်း နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ၏နောက်ဆက်တွဲ အစည်းအဝေးကို တစ်ပါတည်း ကျင်းပရန် သဘောထားချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
သတင်း - မင်းမင်းထွန်း
(Unicode Version)

No comments:

Post a Comment

My Blog List