Wednesday, January 08, 2020

AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်း ၁ လုံး နင်းမိပေါက်ကွဲသဖြင့် ကလေးငယ် ၄ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရရှိခဲ့ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်


Image may contain: 3 people, people smiling, people standing
AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်း ၁ လုံး နင်းမိပေါက်ကွဲသဖြင့် ကလေးငယ် ၄ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရရှိခဲ့ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထိပ်တူးပေါက်ကျေးရွာမှ ကျေးရွာခန့် ကျောင်းဆရာ ၁ ဦးဖြစ်သည့် အလီဇူဟာရှ်(ဘ)ဆူတာအာမတ်သည် ကလေးငယ် များနှင့်အတူ ယနေ့နံနက် ၁၁ နာရီခန့်တွင် ထင်းရှာရန် အတွက် ကျေးရွာ၏ အရှေ့ဘက် တောင်ကုန်းပေါ်သို့ သွားရောက်စဉ် AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ကလေးငယ် ၄ ဦး သေဆုံးပြီး ကျောင်းဆရာ အပါအဝင် ၆ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲခဲ့သည့် တောင်ကုန်းနေရာသည် AA အကြမ်းဖက်သောင်း ကျန်းသူ အဖွဲ့များက ကျေးရွာ အား အကာအကွယ်ယူ၍ အဆိုပါတောင်ကုန်း၏ အနောက် မြောက်ဘက်ရှိ ဖုန်ညိုလိပ်ရဲကင်းတံတားစခန်းအား မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် နေရာတစ်ခုဖြစ်ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်စခန်းများ၊ လုံခြုံရေးရဲကင်း စခန်းများ၊ လမ်းတံတားများအား အဝေးမှ လက်နက်ကြီးများဖြင့် နှောက်ယှက်ပစ်ခတ် တိုက်ခိုက်ပြီး တပ်မတော်မှ ပြန်လည်ပစ်ခတ်၍ ဆုတ်ခွာ ထွက်ပြေးစဉ် ၎င်းတို့ဆုတ်ခွာ ရာ လမ်းကြောင်းနောက်မှ လိုက်လံရှင်းလင်းမည့် လုံခြံုရေးတပ်ဖွဲ့ဝင်များ နင်းမိ ပေါက်ကွဲစေရန် မိုင်းထောင်ခဲ့ခြင်းများ ပြုလုပ်လျက်ရှိသည်။

မိုင်းထိလူနာများအား ဘူးသီးတောင်မြို့နယ် လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ် များဖြင့် ကူညီတင် ဆောင်ပြီး ဘူးသီးတောင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးဝါး ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News
#Unicode
AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်း ၁ လုံး နင်းမိပေါက်ကွဲသဖြင့် ကလေးငယ် ၄ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရရှိခဲ့ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်
--- --- ---

AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်း ၁ လုံး နင်းမိပေါက်ကွဲသဖြင့် ကလေးငယ် ၄ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရရှိခဲ့ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထိပ်တူးပေါက်ကျေးရွာမှ ကျေးရွာခန့် ကျောင်းဆရာ ၁ ဦးဖြစ်သည့် အလီဇူဟာရှ်(ဘ)ဆူတာအာမတ်သည် ကလေးငယ် များနှင့်အတူ ယနေ့နံနက် ၁၁ နာရီခန့်တွင် ထင်းရှာရန် အတွက် ကျေးရွာ၏ အရှေ့ဘက် တောင်ကုန်းပေါ်သို့ သွားရောက်စဉ် AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ကလေးငယ် ၄ ဦး သေဆုံးပြီး ကျောင်းဆရာ အပါအဝင် ၆ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲခဲ့သည့် တောင်ကုန်းနေရာသည် AA အကြမ်းဖက်သောင်း ကျန်းသူ အဖွဲ့များက ကျေးရွာ အား အကာအကွယ်ယူ၍ အဆိုပါတောင်ကုန်း၏ အနောက် မြောက်ဘက်ရှိ ဖုန်ညိုလိပ်ရဲကင်းတံတားစခန်းအား မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် နေရာတစ်ခုဖြစ်ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်စခန်းများ၊ လုံခြုံရေးရဲကင်း စခန်းများ၊ လမ်းတံတားများအား အဝေးမှ လက်နက်ကြီးများဖြင့် နှောက်ယှက်ပစ်ခတ် တိုက်ခိုက်ပြီး တပ်မတော်မှ ပြန်လည်ပစ်ခတ်၍ ဆုတ်ခွာ ထွက်ပြေးစဉ် ၎င်းတို့ဆုတ်ခွာ ရာ လမ်းကြောင်းနောက်မှ လိုက်လံရှင်းလင်းမည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နင်းမိ ပေါက်ကွဲစေရန် မိုင်းထောင်ခဲ့ခြင်းများ ပြုလုပ်လျက်ရှိသည်။

မိုင်းထိလူနာများအား ဘူးသီးတောင်မြို့နယ် လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ် များဖြင့် ကူညီတင် ဆောင်ပြီး ဘူးသီးတောင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးဝါး ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

No comments:

Post a Comment

My Blog List