Thursday, January 09, 2020

ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၃)တွင် ဖက်ဒရယ်အခြေခံမူများ ထည့်သွင်းနိုင်ရေးကို ဆွေးနွေးမည်

No photo description available.Image may contain: 5 people, people smiling, people standing
လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးတွင် ချုပ်ဆိုမည့်ပြည်ထောင်စုသဘောတူစာချုပ်အပိုင်း (၃)တွင် ဖက်ဒရယ်အခြေခံမူများထည့်သွင်းနိုင်းရေးကို ဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနညွှန်ကြားရေးမှူချုပ်၊အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတာ်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက် ကိုင် ၁၀ဖွဲ့မှ ခေါင်းဆောင်များပါဝင်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖေါ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)အပြီး သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုးအပစ်ရပ် ၁၀ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သည့် JICM အစည်းအဝေးတွင် ၂၀၂၀ နှစ်ဆန်းပိုင်း၏ ပထမလေးလတာကာလအတွင်း၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးကိုကျင်းပရန်အပါအဝင် အချက်ပေါင်း ၈ချက်ကို သဘောတူညီမှုရရှိခဲ့သည်ဟု ဆိုသည်။

ထိုအထဲတွင် ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၃)တွင် ထည့်သွင်းမည့်အချက်များမှာ NCA အကောင်အထည်ဖေါ်မှုနှင့် ပတ်သက်သည့် မူဘောင် သဘောတူညီချက်များ၊ ၂၀၂၀ အလွန်တွင် အဆင့်လိုက်ရှေ့လုပ်ငန်းစဉ်များကို အဆင့်လိုက်အကောင် အထည်ဖေါ်မှုနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်အခြေခံမူများဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

`အစိုးရ၊လွှတ်တော်၊တပ်မတော်။အဲဒီအပိုင်းမှာ ကျွန် တော်တို့ ဘုံအားဖြင့် သဘောတူညီထားတဲ့ ဖက်ဒရယ်အခြေခံမူတွေရှိတယ်။ တစ်ဖက်မှာလည်း EAO ဘက်မှာလည်း ဘုံအားဖြင့် သဘောတူထားတဲ့ ဖက် ဒရယ်အခြေခံမူတွေရှိတယ်။ ဒါတွေနဲ့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းလိုက်မယ်ဆိုရင် အားလုံးသဘောတူလက်ခံနိုင်မယ့် ဖက်ဒရယ်မူတွေကို ရနိုင်သမျှရမယ်။ အဲဒီရလာတဲ့ဟာတွေကိုလည်း အပိုင်း (၃) အနေနဲ့ ကျွန်တော်တို့ထည့်ပြီးချုပ်မယ်။ ဒါက ပြည်ထောင်စု သဘောတူစာချုပ်အပိုင်း (၃)အနေနဲ့ လာမယ့် ညီလာခံမှာ ချုပ်ဆိုမှာ။ ဒီအပိုင်း (၃)ပိုင်းပါဝင်မှာဖြစ်တယ်` ဟု ဦးဇော်ဌေးက ရှင်းလင်းပြောကြားသည်။

၂၁-ရာစု ဒုတိယ ပင်လုံအစည်းအဝေးနှင့် တတိယအစည်းအဝေးများတွင် အချက်ပေါင်း ၅၁ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း ၁၊၂ အဖြစ် ချုပ်ဆိုနိုင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်ကပြုလုပ်ခဲ့သည့် NCA ၄နှစ်ပြည့်အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်နိုင်ပါမှ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း ရေးရမည်ဆိုသည်ကို ယခင်ကတည်းက တဖွဖွပြောခဲ့ကြောင်း၊ ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှုနှင့် ပြည်နယ်များတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ကိုယ်ပိုင်အခြေခံဥပဒေများရှိရမည်ဟု ပြောကြားထားသည်။

ယနေ့ ကျင်းပပြီးစီးသော JICM အစည်းအဝေးသည် ကောင်းမွန်သောရလဒ်များထွက်ပေါ်ခဲ့သည့် အစည်းအဝေးဖြစ်ကြောင်း ခေါင်းဆောင်များက နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။
Image may contain: 1 person

အောင်ရဲနောင်
The Ladies News

ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၃)တွင် ဖက်ဒရယ်အခြေခံမူများ ထည့်သွင်းနိုင်ရေးကို ဆွေးနွေးမည်
---------------- ---------------------
လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးတွင် ချုပ်ဆိုမည့်ပြည်ထောင်စုသဘောတူစာချုပ်အပိုင်း (၃)တွင် ဖက် ဒရယ်အခြေခံမူများထည့်သွင်းနိုင်းရေးကို ဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနညွှန်ကြားရေးမှူချုပ်၊အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတာ်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက် ကိုင် ၁၀ဖွဲ့မှ ခေါင်းဆောင်များပါဝင်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖေါ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)အပြီး သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုးအပစ်ရပ် ၁၀ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သည့် JICM အစည်းအဝေးတွင် ၂၀၂၀ နှစ်ဆန်းပိုင်း၏ ပထမလေးလတာကာလအတွင်း၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးကိုကျင်းပရန်အပါအဝင် အချက်ပေါင်း ၈ချက်ကို သဘောတူညီမှုရရှိခဲ့သည်ဟု ဆိုသည်။

ထိုအထဲတွင် ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၃)တွင် ထည့်သွင်းမည့်အချက်များမှာ NCA အကောင်အထည်ဖေါ်မှုနှင့် ပတ်သက်သည့် မူဘောင် သဘောတူညီချက်များ၊ ၂၀၂၀ အလွန်တွင် အဆင့်လိုက်ရှေ့လုပ်ငန်းစဉ်များကို အဆင့်လိုက်အကောင် အထည်ဖေါ်မှုနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်အခြေခံမူများဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

`အစိုးရ၊လွှတ်တော်၊တပ်မတော်။အဲဒီအပိုင်းမှာ ကျွန် တော်တို့ ဘုံအားဖြင့် သဘောတူညီထားတဲ့ ဖက်ဒရယ်အခြေခံမူတွေရှိတယ်။ တစ်ဖက်မှာလည်း EAO ဘက်မှာလည်း ဘုံအားဖြင့် သဘောတူထားတဲ့ ဖက် ဒရယ်အခြေခံမူတွေရှိတယ်။ ဒါတွေနဲ့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းလိုက်မယ်ဆိုရင် အားလုံးသဘောတူလက်ခံနိုင်မယ့် ဖက်ဒရယ်မူတွေကို ရနိုင်သမျှရမယ်။ အဲဒီရလာတဲ့ဟာတွေကိုလည်း အပိုင်း (၃) အနေနဲ့ ကျွန်တော်တို့ထည့်ပြီးချုပ်မယ်။ ဒါက ပြည်ထောင်စု သဘောတူစာချုပ်အပိုင်း (၃)အနေနဲ့ လာမယ့် ညီလာခံမှာ ချုပ်ဆိုမှာ။ ဒီအပိုင်း (၃)ပိုင်းပါဝင်မှာဖြစ်တယ်` ဟု ဦးဇော်ဌေးက ရှင်းလင်းပြောကြားသည်။

၂၁-ရာစု ဒုတိယ ပင်လုံအစည်းအဝေးနှင့် တတိယအစည်းအဝေးများတွင် အချက်ပေါင်း ၅၁ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း ၁၊၂ အဖြစ် ချုပ်ဆိုနိုင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်ကပြုလုပ်ခဲ့သည့် NCA ၄နှစ်ပြည့်အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်နိုင်ပါမှ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း ရေးရမည်ဆိုသည်ကို ယခင်ကတည်းက တဖွဖွပြောခဲ့ကြောင်း၊ ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှုနှင့် ပြည်နယ်များတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ကိုယ်ပိုင်အခြေခံဥပဒေများရှိရမည်ဟု ပြောကြားထားသည်။

ယနေ့ ကျင်းပပြီးစီးသော JICM အစည်းအဝေးသည် ကောင်းမွန်သောရလဒ်များထွက်ပေါ်ခဲ့သည့် အစည်းအဝေးဖြစ်ကြောင်း ခေါင်းဆောင်များက နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

အောင်ရဲနောင်
The Ladies News

No comments:

Post a Comment

My Blog List