Friday, January 10, 2020

ဆရာ၊ ဆရာမများ လူမှုကွန်ရက်အသုံးပြုရာတွင် ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ လိုက်နာအသုံးပြုကြရန် အခြေခံပညာညွှန်ချုပ်တိုက်တွန်း


Image may contain: 1 person
ဆရာ၊ ဆရာမများအနေဖြင့် လူမှုကွန်ရက် (social media) ကို အသုံးပြုရာတွင် ကျင့်ဝတ်၊ စည်းကမ်းများနှင့် အညီ လိုက်နာအသုံးပြုကြရန် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက တိုက်တွန်းပြောကြားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းဒေသကြီး၌ ပြုလုပ်ခဲ့သည့်အစည်းအဝေးတခုတွင်လည်း ယင်းသို့ တိုက်တွန်းပြောကြားထားခဲ့ေြကာင်း၊ သို့သော် အမိန့်ထုတ်၍တားဆီးသွားရန်မရှိကြောင်း ဦးကိုလေးဝင်းက ဇန်နဝါရီ ၈ ရက်က News Watch သို့ ပြောသည်။
“social media ကိုသုံးတဲ့အခါမှာ သူသတ်မှတ်တဲ့ ethic ပေါ့နော်။ နောက် code of conduct ဆိုတာ၊ ဒါတွေကို လိုက်နာရမယ်ဆိုတာ ပြောပြီးသား။ ဒါတွေ ကတော့ ကျွန်တော် ပြောမယ်။ ဒါပေမဲ့ အမိန့်ထုတ်ပြီးတော့ တားဆီးဖို့ မရှိဘူးလေ။ ဒါ သူတို့ရဲ့ freedom of expression။ ဒါပေမဲ့ အဲဒီမှာသူတို့က ethic တို့၊ code of conduct တို့ကို လိုက်နာရမယ်။ မလိုက်နာလို့ ပုဂ္ဂိုလ်ရေးစော်ကားတာတွေ ဘာတွေလုပ်လာတယ်ဆိုရင်တော့ နောက်ပိုင်းက ပြဿနာရှိနိုင်တယ်လေ''ဟု ဦးကိုလေးဝင်းက ပြောသည်။
လက်ရှိတွင် အခြေခံပညာကျောင်းများ၌ ပညာသင်ကာလကိုတလတိုးမြှင့်သတ်မှတ်လိုက်ခြင်းနှင့် ပတ်သက်၍ ပြည် ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးကိုလေးဝင်းတို့မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ပညာသင်ကာလတလ တိုးမြှင့်သတ်မှတ်မှုကို မြန်မာနိုင်ငံဆရာ၊ ဆရာမများအဖွဲ့ချုပ်ကကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပြီး နိုင်ငံအနှံ့မှ လူမှုကွန်ရက်သုံးစွဲသည့် ဆရာ၊ ဆရာမများကလည်း ယင်းတိုးမြှင့်မှုအပေါ် ဝေဖန်ကန့်ကွက်ခဲ့ကြသည်။
ဆရာ၊ ဆရာမများသာမဟုတ်ဘဲ လူမှုကွန်ရက်အသုံးပြုသူ မည်သူမဆို ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ လိုက်နာအသုံးပြုသင့်ကြောင်းလည်း ဦးကိုလေးဝင်းက ပြောသည်။ ခြိမ်းခြောက်မှု၊ ပုဂ္ဂိုလ်ရေးစော်ကားမှုများမှာ ကျင့်ဝတ်အရ မပြုလုပ်ရကြောင်း၊ ဓာတ်ပုံယူသုံးလျှင်ပင် ကာယကံရှင်၏ခွင့်ပြုချက်ယူပြီးမှ သုံးရကြောင်း၊ လူမှုကွန်ရက်အသုံးပြုရာတွင် လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းများနှင့် တဖြည်းဖြည်းချင်း ပညာပေးယူ ရမည်ဖြစ်ကြောင်းလည်း ဦးကိုလေးဝင်းက ပြောသည်။
ဆရာ၊ ဆရာမအသိုင်းအဝိုင်းထဲမှ ဆိုးဆိုးဝါးဝါးပြောဆိုဝေဖန်သူတချို့ကို ခေါ်ယူညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
''ကျွန်တော်က တချို့ဟာတွေကျတော့ အဲဒီလိုအများကြီးဆိုးလာတယ်ဆိုရင်တော့ ပြောနေတဲ့လူတွေကို သိတယ်ဆိုရင်တော့ သူတို့ကိုခေါ်ပြီးတော့မှ ညှိနှိုင်းတာတို့ ဘာတို့လုပ်ပါတယ်။ ဒါက ဒီလိုမပြောသင့်ဘူး၊ ဒီဓာတ်ပုံကြီးသုံးထားတယ်၊ ဒီဓာတ်ပုံကိုတော့ ဖြုတ်ချပေးပါဆိုတာမျိုးကတော့ ကျွန်တော်တို့ information ပေးတယ်။ သူတို့ကို ပြင်းပြင်းထန်ထန်အရေးယူတာမျိုးတော့ မလုပ်ပါဘူး။ ခေါ်ပြီးတော့ ညှိနှိုင်းတာမျိုးပေါ့နော်။ ဒါမျိုးတော့ လုပ်ပါတယ်။ ဥပမာဆိုပါစို့၊ အရမ်းကြီးဆိုးဆိုးဝါးဝါး hate speech တွေပြောနေတယ်။ လူကြီးတွေကို အရမ်းစော်ကားနေတယ်၊ ဓာတ်ပုံတွေလည်းသုံးနေတယ်ဆိုရင်တော့ အဲဒီလိုလူမျိုးတွေက ကိုယ့်ဆရာ၊ ဆရာမတွေထဲကဆိုရင်တော့ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းပညာရေးမှူးကတဆင့် သူတို့ကို ခေါ်ပြီးတော့ ညှိတာပေါ့နော်။ ဒီဟာက နောက်ပိုင်းကျရင် ပုဂ္ဂိုလ်ရေးစော်ကားတာ တွေများတယ်ဆိုရင် နောက်ပိုင်းဒီထက် ဆိုးဝါးတာတွေ ဖြစ်လာနိုင်တာပေါ့နော်။ အဲဒါကို တားဆီးတဲ့အနေနဲ့တော့ အဲဒီလိုမျိုးတွေတော့ လုပ်ပါတယ်။ ဒါပေမဲ့ သူတို့ကို သီးခြားတားဆီးတဲ့ အမိန့်တွေဘာတွေ မထုတ်ပါဘူး။ အဲဒီလိုမျိုး ခေါ်ညှိတယ်ဆိုတာတောင်မှ လူမသိအောင် ခေါ်ညှိတာပါ။ လူသိရှင်ကြား ခေါ်ညှိတာမဟုတ်ဘူး။ ကိုယ့်ကလေးတွေ၊ ကိုယ့်ဆရာ ဆရာမတွေ နစ်နာမှာစိုးလို့လေ။ တချို့ကျတော့လည်း မခံနိုင်တဲ့အခါကျတော့ စော်ကားတဲ့အခါကျတော့ တရားစွဲတာတွေ ဘာတွေပေ့ါဗျာ၊ ၆၆(ဃ)တွေ ဘာတွေနဲ့ဖြစ်လာတယ်ဆိုရင် မကောင်းဘူးလေ''ဟု ၎င်းက ပြောကြားခဲ့သည်။

မင်းထင်
ဆရာ၊ ဆရာမများ လူမှုကွန်ရက်အသုံးပြုရာတွင် ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ လိုက်နာအသုံးပြုကြရန် အခြေခံပညာညွှန််ချုပ်တိုက်တွန်း
------ ------- -------

ဆရာ၊ ဆရာမများအနေဖြင့် လူမှုကွန်ရက် (social media) ကို အသုံးပြုရာတွင် ကျင့်ဝတ်၊ စည်းကမ်းများနှင့် အညီ လိုက်နာအသုံးပြုကြရန် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက တိုက်တွန်းပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းဒေသကြီး၌ ပြုလုပ်ခဲ့သည့်အစည်းအဝေးတခုတွင်လည်း ယင်းသို့ တိုက်တွန်းပြောကြားထားခဲ့ကြောင်း၊ သို့သော် အမိန့်ထုတ်၍တားဆီးသွားရန်မရှိကြောင်း ဦးကိုလေးဝင်းက ဇန်နဝါရီ ၈ ရက်က News Watch သို့ ပြောသည်။

“social media ကိုသုံးတဲ့အခါမှာ သူသတ်မှတ်တဲ့ ethic ပေါ့နော်။ နောက် code of conduct ဆိုတာ၊ ဒါတွေကို လိုက်နာရမယ်ဆိုတာ ပြောပြီးသား။ ဒါတွေ ကတော့ ကျွန်တော် ပြောမယ်။ ဒါပေမဲ့ အမိန့်ထုတ်ပြီးတော့ တားဆီးဖို့ မရှိဘူးလေ။ ဒါ သူတို့ရဲ့ freedom of expression။ ဒါပေမဲ့ အဲဒီမှာသူတို့က ethic တို့၊ code of conduct တို့ကို လိုက်နာရမယ်။ မလိုက်နာလို့ ပုဂ္ဂိုလ်ရေးစော်ကားတာတွေ ဘာတွေလုပ်လာတယ်ဆိုရင်တော့ နောက်ပိုင်းက ပြဿနာရှိနိုင်တယ်လေ''ဟု ဦးကိုလေးဝင်းက ပြောသည်။

လက်ရှိတွင် အခြေခံပညာကျောင်းများ၌ ပညာသင်ကာလကိုတလတိုးမြှင့်သတ်မှတ်လိုက်ခြင်းနှင့် ပတ်သက်၍ ပြည် ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးကိုလေးဝင်းတို့မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ပညာသင်ကာလတလ တိုးမြှင့်သတ်မှတ်မှုကို မြန်မာနိုင်ငံဆရာ၊ ဆရာမများအဖွဲ့ချုပ်ကကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပြီး နိုင်ငံအနှံ့မှ လူမှုကွန်ရက်သုံးစွဲသည့် ဆရာ၊ ဆရာမများကလည်း ယင်းတိုးမြှင့်မှုအပေါ် ဝေဖန်ကန့်ကွက်ခဲ့ကြသည်။

ဆရာ၊ ဆရာမများသာမဟုတ်ဘဲ လူမှုကွန်ရက်အသုံးပြုသူ မည်သူမဆို ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ လိုက်နာအသုံးပြုသင့်ကြောင်းလည်း ဦးကိုလေးဝင်းက ပြောသည်။ ခြိမ်းခြောက်မှု၊ ပုဂ္ဂိုလ်ရေးစော်ကားမှုများမှာ ကျင့်ဝတ်အရ မပြုလုပ်ရကြောင်း၊ ဓာတ်ပုံယူသုံးလျှင်ပင် ကာယကံရှင်၏ခွင့်ပြုချက်ယူပြီးမှ သုံးရကြောင်း၊ လူမှုကွန်ရက်အသုံးပြုရာတွင် လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းများနှင့် တဖြည်းဖြည်းချင်း ပညာပေးယူ ရမည်ဖြစ်ကြောင်းလည်း ဦးကိုလေးဝင်းက ပြောသည်။

ဆရာ၊ ဆရာမအသိုင်းအဝိုင်းထဲမှ ဆိုးဆိုးဝါးဝါးပြောဆိုဝေဖန်သူတချို့ကို ခေါ်ယူညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

''ကျွန်တော်က တချို့ဟာတွေကျတော့ အဲဒီလိုအများကြီးဆိုးလာတယ်ဆိုရင်တော့ ပြောနေတဲ့လူတွေကို သိတယ်ဆိုရင်တော့ သူတို့ကိုခေါ်ပြီးတော့မှ ညှိနှိုင်းတာတို့ ဘာတို့လုပ်ပါတယ်။ ဒါက ဒီလိုမပြောသင့်ဘူး၊ ဒီဓာတ်ပုံကြီးသုံးထားတယ်၊ ဒီဓာတ်ပုံကိုတော့ ဖြုတ်ချပေးပါဆိုတာမျိုးကတော့ ကျွန်တော်တို့ information ပေးတယ်။ သူတို့ကို ပြင်းပြင်းထန်ထန်အရေးယူတာမျိုးတော့ မလုပ်ပါဘူး။ ခေါ်ပြီးတော့ ညှိနှိုင်းတာမျိုးပေါ့နော်။ ဒါမျိုးတော့ လုပ်ပါတယ်။ ဥပမာဆိုပါစို့၊ အရမ်းကြီးဆိုးဆိုးဝါးဝါး hate speech တွေပြောနေတယ်။ လူကြီးတွေကို အရမ်းစော်ကားနေတယ်၊ ဓာတ်ပုံတွေလည်းသုံးနေတယ်ဆိုရင်တော့ အဲဒီလိုလူမျိုးတွေက ကိုယ့်ဆရာ၊ ဆရာမတွေထဲကဆိုရင်တော့ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းပညာရေးမှူးကတဆင့် သူတို့ကို ခေါ်ပြီးတော့ ညှိတာပေါ့နော်။ ဒီဟာက နောက်ပိုင်းကျရင် ပုဂ္ဂိုလ်ရေးစော်ကားတာ တွေများတယ်ဆိုရင် နောက်ပိုင်းဒီထက် ဆိုးဝါးတာတွေ ဖြစ်လာနိုင်တာပေါ့နော်။ အဲဒါကို တားဆီးတဲ့အနေနဲ့တော့ အဲဒီလိုမျိုးတွေတော့ လုပ်ပါတယ်။ ဒါပေမဲ့ သူတို့ကို သီးခြားတားဆီးတဲ့ အမိန့်တွေဘာတွေ မထုတ်ပါဘူး။ အဲဒီလိုမျိုး ခေါ်ညှိတယ်ဆိုတာတောင်မှ လူမသိအောင် ခေါ်ညှိတာပါ။ လူသိရှင်ကြား ခေါ်ညှိတာမဟုတ်ဘူး။ ကိုယ့်ကလေးတွေ၊ ကိုယ့်ဆရာ ဆရာမတွေ နစ်နာမှာစိုးလို့လေ။ တချို့ကျတော့လည်း မခံနိုင်တဲ့အခါကျတော့ စော်ကားတဲ့အခါကျတော့ တရားစွဲတာတွေ ဘာတွေပေ့ါဗျာ၊ ၆၆(ဃ)တွေ ဘာတွေနဲ့ဖြစ်လာတယ်ဆိုရင် မကောင်းဘူးလေ''ဟု ၎င်းက ပြောကြားခဲ့သည်။

မင်းထင်

No comments:

Post a Comment

My Blog List