Thursday, January 09, 2020

ရိုဟင်ဂျာတွေ ပြန်ပို့ရေး ကမ္ဘောဒီးယား ကူညီဖို့ အဆင်သင့်

Image may contain: one or more people, sky, outdoor and nature
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ပရတ် ဆော့ခွန်က ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ် ပြန်လည်အခြေချနေထိုင်ရေးအတွက် မြန်မာနိုင်ငံကို ကူညီရန် သူတို့နိုင်ငံက အဆင်သင့်ရှိကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

ဖနွမ်းပင်မြို့ကို အလည်အပတ်ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီနဲ့ တွေ့ဆုံရာမှာ သူက အခုလိုပြောကြားလိုက်တာပါ။ ဥက္ကဋ္ဌ Muhammand Faruk Khan မိုဟာမက် ဖာရွတ်ခန် ဦးဆောင်တဲ့ အဲဒီကော်မတီဟာ ရိုဟင်ဂျာတွေ အမြန်ဆုံး ပြန်ပို့ရေးအတွက် အာဆီယံနိုင်ငံတွေရဲ့ ထောက်ခံမှုနဲ့ သဘောထားကို ရယူဖို့ခရီးလှည့်နေတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာနဲ့ အဆင်ပြေစွာ ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မူဝါဒတွေနဲ့ အဲဒီဒုက္ခသည်တွေ သူတို့နိုင်ငံမှာ ဆက်လက်ပြီး ကြာရှည်နေထိုင်ရင် ပေါ်ပေါက်လာနိုင်တဲ့ အကျိုးဆက်တွေကို ဖာရွတ်ခန်က ရှင်းပြခဲ့တယ်လို့လည်း သိရပါတယ်။
RFA

Unicode
ရိုဟင်ဂျာတွေ ပြန်ပို့ရေး ကမ္ဘောဒီးယား ကူညီဖို့ အဆင်သင့်

~~~~~~~~~~

- Zawgyi
~~~~~~~~~~~~~

Photo: MUNIR UZ ZAMAN / AFP
(ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ၂ဝ၁၉ ဒီဇင်ဘာ ၁၁ ရက်နေ့က ရက်နေ့က တွေ့ရစဉ်)

No comments:

Post a Comment

My Blog List