Thursday, January 09, 2020

အမေရိကန်နှင့်အီရန် စစ်ပွဲဖြစ်မည့် အလားအလာ နည်းပါး၍ ရေနံစျေး၊ ရွှေစျေးများ ပြန်ကျ၊ ရှယ်ယာစျေးများ ပြန်လည်မြင့်တက်ပြီး ဒေါ်လာငွေတန်ဖိုး ပြန်တက်လာ

No photo description available.
အမေရိကန်သမ္မတထရမ့်က အီရန်၏ တိုက်ခိုက်မှုတွင် အမေရိကန်တစ်ဦးတစ်ယောက်မျှ အသက်ဆုံးရှုံးခြင်းမရှိဘဲ ပျက်စီးမှု အနည်းငယ်သာရှိကြောင်း ထုတ်ဖော်ပြောဆိုပြီး စစ်ရေးအရ လက်တုံ့ပြန်မှုမလုပ်ဆောင်ဘဲ စီးပွားရေးပိတ်ဆို့မှု အသစ်များ ထပ်မံချမှတ်ကြောင်း ကြေညာလိုက်သဖြင့် ရေနံစျေး၊ ရွှေစျေးများ ပြန်လည်ကျဆင်းပြီး ရှယ်ယာစျေးနှုန်းများ ပြန်လည် မြင့်တက်လာသည်။

ယမန်နေ့က အမေရိကန်က အီရန်ကို စစ်ရေးအရ အရေးယူနိုင်သည်ဆိုသော တွက်ဆချက်များကြောင်း ရွှေစျေးနှုန်းသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၉၀ ကျော်အထိ မြင့်တက်ခဲ့သော်လည်း ယနေ့တွင်မူ ပြန်လည် ကျဆင်းကာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၅၈ အထိ ပြန်လည်ကျဆင်းလာသည်။ ရေနံစျေးမှာလည်း ယမန်နေ့က ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၀ နီးပါး အထိ စျေးနှုန်းမြင့်တက်ခဲ့သော်လည်း ယခုအခါ ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၀ အထိ စျေးပြန်လည်ကျဆင်းလာသည်။
အမေရိကန်ရှယ်ယာတန်ဖိုးများနှင့် အာရှရှယ်ယာတန်ဖိုးများမှာလည်း ယနေ့တွင် ပြန်လည် တန်ဖိုးတက်လာပြီး အမေရိကန်ငွေကြေးမှာလည်း တန်ဖိုးပြန်လည် မြင့်တက်လာကြောင်း သိရှိရသည်။

No comments:

Post a Comment

My Blog List