Thursday, January 09, 2020

မင်းလှမြို့နယ်တွင် တရားမဝင်ရေနံချက်ဖို ၆ ဖို ဖမ်းဆီးရမိ

Image may contain: 3 people, people standingImage may contain: outdoor
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် တရားမဝင်ရေနံချက်ဖို(၆)ဖို ကို ယခုလ ၃ရက်နေ့ကဖမ်းဆီး ရမိခဲ့ကြောင်းမင်းလှမြို့နယ်ရဲတပ်ဖွဲ့ထံမှသတင်းရရှိသည်။


မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်း၏အပိုင်နယ်မြေအတွင်းရှိရေပေါ်ကျေးရွာအရှေ့ဘက်(၂)မိုင်ခန့်အကွာတွင် ရေနံချက်ဖို(၂)ဖို၊ရေနံလှောင်ကန်(၂)ကန်နှင့်အခြားဆက်စပ်ပစ္စည်းများနှင့်ရေနံချက်လုပ်သူဝင်းထွန်း၊အောင်လင်းနှင့် ညီညီအောင်တို့အားနံနက်ပိုင်းတွင်ဖမ်းဆီးရမိခဲ့သည်။
၎င်းအပြင် ညောင်ဝိုင်းရဲကင်းစခန်းအပိုင်နယ်မြေအတွင်းရှိကျောက်မြောင်းကျေးရွာအနောက် တောင်ဘက် (၃)မိုင်ခန့်အကွာအင်ဒိုင်းတောအတွင်းမှ ပိုင်ရှင်မဲ့ရေနံချက်ဖို(၄)ဖိုနှင့်ရေနံချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများကိုနံနက် ၁၁နာရီခွဲအချိန်နှင့် ၂နာရီကြားတွင်ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိခဲ့သည့်ရေနံချက်လုပ်ပစ္စည်းများ၏စုစုပေါင်းတန်ကြေးမှာ(၂၅၂၆၀၀၀)တန်ကြေးရှိပြီးအဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ရေနံမနယ်မြေရဲစခန်းနှင့်မင်းလှမြို့မရဲစခန်းတို့က ပအမှတ်(ပ)၇/၂၀၂၀ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ဖြင့်အမှုရေးဖွင့်ထားကြောင်း၊ ဝင်းထွန်း၊အောင်လင်းနှင့်ညီညီအောင်တို့ကို ရေနံမနယ်မြေရဲစခန်းတွင်ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။
Image may contain: tree, outdoor and nature
Image may contain: tree, outdoor and nature

သက်နောင်
(Unicode)
မင်းလှမြို့နယ်တွင် တရားမဝင်ရေနံချက်ဖို ၆ ဖို ဖမ်းဆီးရမိ
……………………………………………….

မကွေး၊ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် တရားမဝင်ရေနံချက်ဖို(၆)ဖို ကို ယခုလ ၃ရက်နေ့ကဖမ်းဆီး
ရမိခဲ့ကြောင်းမင်းလှမြို့နယ်ရဲတပ်ဖွဲ့ထံမှသတင်းရရှိသည်။

မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်း၏အပိုင်နယ်မြေအတွင်းရှိရေပေါ်ကျေးရွာအရှေ့ဘက်(၂)မိုင်ခန့်အကွာတွင် ရေနံချက်ဖို(၂)ဖို၊ရေနံလှောင်ကန်(၂)ကန်နှင့်အခြားဆက်စပ်ပစ္စည်းများနှင့်ရေနံချက်လုပ်သူဝင်းထွန်း၊အောင်လင်းနှင့် ညီညီအောင်တို့အားနံနက်ပိုင်းတွင်ဖမ်းဆီးရမိခဲ့သည်။
၎င်းအပြင် ညောင်ဝိုင်းရဲကင်းစခန်းအပိုင်နယ်မြေအတွင်းရှိကျောက်မြောင်းကျေးရွာအနောက် တောင်ဘက် (၃)မိုင်ခန့်အကွာအင်ဒိုင်းတောအတွင်းမှ ပိုင်ရှင်မဲ့ရေနံချက်ဖို(၄)ဖိုနှင့်ရေနံချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများကိုနံနက် ၁၁နာရီခွဲအချိန်နှင့် ၂နာရီကြားတွင်ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိခဲ့သည့်ရေနံချက်လုပ်ပစ္စည်းများ၏စုစုပေါင်းတန်ကြေးမှာ(၂၅၂၆၀၀၀)တန်ကြေးရှိပြီးအဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ရေနံမနယ်မြေရဲစခန်းနှင့်မင်းလှမြို့မရဲစခန်းတို့က ပအမှတ်(ပ)ရ/၂၀၂၀ ရေနံနှင့်ရေနံထွက်
ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ဖြင့်အမှုရေးဖွင့်ထားကြောင်း၊ဝင်းထွန်း၊အောင်လင်းနှင့်ညီညီအောင်တို့ကို
ရေနံမနယ်မြေရဲစခန်းတွင်ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

သက်နောင်
#PeopleMedia

No comments:

Post a Comment

My Blog List