Thursday, January 09, 2020

အကြမ်းဖက်မှုပုဒ်မဖြင့် မတရားစွပ်စွဲဖမ်းဆီးခံထားရသူ ၁၂ ဦး မှားယွင်းစွာတရားစွဲဆိုမှုဟုဆိုကာ တရားရှင်လွတ်မြောက် နီမင်းထွန်း

Image may contain: 4 people, people smiling, people standing and outdoorImage may contain: 9 people, people standing and outdoor
အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)နှင့် ဖမ်းဆီးတရားစွဲခံပြီးမှ မှားယွင်းစွာတရားစွဲဆိုမှုဟုဆိုကာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာသား ၆ ဦးအပါအဝင် အရပ်သား ၁၂ ဦး ယနေ့တွင် တရားရှင်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

လွတ်မြောက်လာသူမှာ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာမှ ဦးစိုးစိုးနိုင်(၃၂)နှစ်၊ ဦးဦးမောင်ထွန်း(၄၂)နှစ်၊ ကိုဇော်မင်းထွန်း(၂၀)နှစ်၊ ကိုစည်သူအောင်(၂၀)နှစ်၊ ဦးထွန်းစိုးလင်း(၃၃)နှစ်၊ ကိုဇော်နိုင်ဌေး(၂၄)နှစ်၊ မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်မှ ဦးအောင်သိန်း(၅၀)နှင့် ဦးသိန်းထွန်းလှ(၃၅)နှစ်၊ မြောက်ဦးမြို့နယ် ချောင်းသစ်ကျေးရွာမှ ဦးမောင်လှသိန်း(၅၂)နှစ်၊ မင်းပြားမြို့နယ် အိုင်ဝမ်းကျေးရွာ ဦးမောင်မောင်လှ(၅၀)နှစ်နှင့် စစ်တွေမြို့မှ လူနာလာတင်သည့် ကားဆရာ ကိုအောင်မိုးဦး(၂၂)နှစ်နှင့် ကိုအောင်အောင် (၂၅)နှစ်တို့ဖြစ်သည်။
၎င်းတို့သည် ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးမှ တရားရှင်လွတ်မြောက်လာခြင်းဖြစ်သည်ဟု ၎င်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဒေါ်အေးနုစိန်က ပြောသည်။
တရားလွှတ်တော်ရှေ့နေဒေါ်အေးနုစိန်က "အလိုပြသက်သေတွေပါရှိတဲ့ထဲမှာ စစ်တပ်ဘက်က တရားစွဲဆိုခဲ့တဲ့ လူဂ္ဂိုလ်နဲ့ ရဲသက်သေတချို့ဟာ သက်သေခံဖို့ အကြိမ်ကြိမ်ရုံးချိန်းခဲ့ပေမယ့် မရောက်ခဲ့ဘူး။ အဲဒီတော့ ရုံးရဲ့လုပ်ထုံးလုပ်နည်းအရ စစ်ဆေးပြီးထားတဲ့သက်သေတွေရဲ့နောက်မှတော့ စွဲချက်တင်သင့်၊ မတင်သင့်ကို လျောက်လဲချက်ပေးခဲ့ပြီးတော့ စွဲချက်တင်ဖို့ သင့်/မသင့် သုံးသပ်လိုက်တဲ့အခါမှာ စွဲဆိုထားတဲ့တိုင်ချက်အပေါ်မှာ ထောက်ခံထွက်ဆိုတဲ့ သက်သေထွက်ချက်ဟာ စစ်ဆေးတဲ့အခါ တစုံတရာမပေါ်ပေါက်ဘူး။ ဒါကြောင့် ဒီအကြမ်းဖက်ဥပဒေနဲ့ စွဲတင်စရာ အကြောင်းမရှိဘူး။ မှားယွင်းစွာ တရားစွဲဆိုမှုလို့သတ်မှတ်ပြီးတော့ စွဲချက်မတင်ဘဲ လွှတ်တဲ့အမိန့်ကို ချမှတ်လိုက်တာဖြစ်တယ်"ဟု နိဥ္စရာသတင်းဌာနကိုပြောသည်။
လွတ်မြောက်လာသူများသည် မင်းပြားမြို့နယ် ပန်းမြောင်း သပေါ့စာကျေးရွာမှ ငှက်ဖျားဖြစ်နေသည့်လူနာ ကိုလှမောင်ဝင်း(၂၃)နှစ်အား ဆေးကုသရန် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က မြောက်ဦးဆေးရုံသို့ ယူဆောင်လာစဉ် တပ်မတော်စစ်ကြောင်းတစ်ခု၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသူများဖြစ်သည်။
ယင်းနောက် လူနာ ကိုလှမောင်ဝင်းမှာ ဖမ်းဆီး စစ်ဆေးစဉ်အတွင်း သေဆုံးသွားခဲ့ပြီး ယခုလွတ်မြောက်လာသူ ၁၂ ဦးသည် ၁ဝ နီးပါးခန့်အကြာ ဖမ်းဆီးတရားစွဲခံရပြီးနောက် လွတ်မြောက်လာခြင်းလည်းဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ ၂ ဦးနှင့် မြောက်ဦးမြို့နယ် မြိုချောင်းကျေးရွာမှ ၂ နှစ်ဦးတို့ တရားရှင်လွှတ်မြောက်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင်တပ်တော်(AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည့် တစ်နှစ်တာကာလအတွင်း ဖမ်းဆီးတရားစွဲခံထားရသည့် အရပ်သား ၅၀၀ ကျော်ရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ထုတ်ပြန်ထားသည်။
နိဥ္စရာ
Unicode -
အကြမ်းဖက်မှုပုဒ်မဖြင့် မတရားစွပ်စွဲဖမ်းဆီးခံထားရသူ ၁၂ ဦး မှားယွင်းစွာတရားစွဲဆိုမှုဟုဆိုကာ တရားရှင်လွတ်မြောက်
နီမင်းထွန်း
နိဉ်စရာ၊ ဇနျနဝါရီ ၈ / ၂၀၂၀

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)နှင့် ဖမ်းဆီးတရားစွဲခံပြီးမှ မှားယွင်းစွာတရားစွဲဆိုမှုဟုဆိုကာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာသား ၆ ဦးအပါအဝင် အရပ်သား ၁၂ ဦး ယနေ့တွင် တရားရှင်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
လွတ်မြောက်လာသူမှာ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာမှ ဦးစိုးစိုးနိုင်(၃၂)နှစ်၊ ဦးဦးမောင်ထွန်း(၄၂)နှစ်၊ ကိုဇော်မင်းထွန်း(၂၀)နှစ်၊ ကိုစည်သူအောင်(၂၀)နှစ်၊ ဦးထွန်းစိုးလင်း(၃၃)နှစ်၊ ကိုဇော်နိုင်ဌေး(၂၄)နှစ်၊ မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်မှ ဦးအောင်သိန်း(၅၀)နှင့် ဦးသိန်းထွန်းလှ(၃၅)နှစ်၊ မြောက်ဦးမြို့နယ် ချောင်းသစ်ကျေးရွာမှ ဦးမောင်လှသိန်း(၅၂)နှစ်၊ မင်းပြားမြို့နယ် အိုင်ဝမ်းကျေးရွာ ဦးမောင်မောင်လှ(၅၀)နှစ်နှင့် စစ်တွေမြို့မှ လူနာလာတင်သည့် ကားဆရာ ကိုအောင်မိုးဦး(၂၂)နှစ်နှင့် ကိုအောင်အောင် (၂၅)နှစ်တို့ဖြစ်သည်။
၄င်းတို့သည် ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးမှ တရားရှင်လွတ်မြောက်လာခြင်းဖြစ်သည်ဟု ၄င်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဒေါ်အေးနုစိန်က ပြောသည်။
လွတ်မြောက်လာသူများသည် မင်းပြားမြို့နယ် ပန်းမြောင်း သပေါ့စာကျေးရွာမှ ငှက်ဖျားဖြစ်နေသည့်လူနာ ကိုလှမောင်ဝင်း(၂၃)နှစ်အား ဆေးကုသရန် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က မြောက်ဦးဆေးရုံသို့ ယူဆောင်လာစဉ် တပ်မတော်စစ်ကြောင်းတစ်ခု၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသူများဖြစ်သည်။
ယင်းနောက် လူနာ ကိုလှမောင်ဝင်းမှာ ဖမ်းဆီး စစ်ဆေးစဉ်အတွင်း သေဆုံးသွားခဲ့ပြီး ယခုလွတ်မြောက်လာသူ ၁၂ ဦးသည် ၁ဝ နီးပါးခန့်အကြာ ဖမ်းဆီးတရားစွဲခံရပြီးနောက် လွတ်မြောက်လာခြင်းလည်းဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ ၂ ဦးနှင့် မြောက်ဦးမြို့နယ် မြိုချောင်းကျေးရွာမှ ၂ နှစ်ဦးတို့ တရားရှင်လွှတ်မြောက်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင်တပ်တော်(AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည့် တစ်နှစ်တာကာလအတွင်း ဖမ်းဆီးတရားစွဲခံထားရသည့် အရပ်သား ၅၀၀ ကျော်ရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ထုတ်ပြန်ထားသည်။

No comments:

Post a Comment

My Blog List