Wednesday, January 08, 2020

ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိက္ခာရှိရှိဖြင့် လျှောက်လှမ်းကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Image may contain: 1 person, sitting, standing and indoorImage may contain: 8 people, people smiling, people sitting and indoor
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ဖွင့်လှစ်ထားသည့် ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိ က္ခာရှိရှိ လျှောက်လှမ်းလာကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက် တွန်းပြောကြားလိုက်သည်။

"နိုင်ငံရေးစားပွဲဝိုင်းမှာ ဝင်ထိုင်ပြီးကိုယ့်ရဲ့လိုအင်ဆန္ဒ ကိုယ့်ရဲ့လိုလားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြီး ကျွန်မတို့နဲ့ ဆွေးနွေးဖို့လိုပါတယ်။ ဒီလိုဆွေးနွေးနိုင်ဖို့လည်း ကျွန်မတို့ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားတာဖြစ်ပါတယ်။ဖွင့်လှစ်ထားတဲ့ ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိက္ခာရှိရှိ ယုံကြည်မှုရှိရှိ လျှောက်လှမ်းကြဖို့ တိုက်တွန်းလိုပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
နေပြည်တော်ရှိ NRPC တွင်ယနေ့ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၏ အဖွင့်မိန့်ခွန်းတွင် မတိုင်ပင်ခံပု ဂ္ဂိုလ်က အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
NCA ၏ ထီးအောက်ရောက်ရှိလာစေရန်အတွက် အမြဲဖိတ်ခေါ်နေပြီး ထီးအောက်ရောက်ရှိလာပါ က စုပေါင်းဆွေးနွေးမှုများလုပ်ဆောင်နိုင်သလို လိုအပ်ပါကလည်း တစ်ဖွဲ့ချင်း ဆွေးနွေးနိုင်ရေး အတွက် အစိုးရအနေဖြင့် တံခါးဖွင့်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့သည်။
NCA သည် အားလုံးပူးပေါင်း ပိုင်ဆိုင်ထားသည့်အတွက် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ အားလုံး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်းလည်း သတိပေးပြောကြားခဲ့သည်။
"ဒီစာချုပ်ထဲက ကိုယ်ကြိုက်တာကိုပဲ ယူမယ်။ ကိုယ်မကြိုက်တာ မယူဘူး။ ကိုယ်သဘောကျတဲ့ အပိုင်းကိုပဲ အကောင်အထည်ဖော်မယ်။ ကိုယ်သဘောမကျလို့ရှိရင် အကောင်အထည်မဖော်ဘူး ဆိုတာမျိုးကို ရှောင်ကြဉ်ကြဖို့ ကျွန်မအနေနဲ့အလေးအနက် သတိပေးလိုပါတယ်"ဟု ဒေါ်အောင် ဆန်းစုကြည် ကပြောသည်။
အစည်းအဝေးသို့နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒုတိယတပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် NCA စာချုပ်တွင် လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြ သည်။
----------------------------------------------------------------------
(Zawgyi)
ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိက္ခာရှိရှိဖြင့် လျှောက်လှမ်းကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဇန္နဝါရီ ၈
ယဉ်ကေနွယ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ဖွင့်လှစ်ထားသည့် ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိ က္ခာရှိရှိ လျှောက်လှမ်းလာကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက် တွန်းပြောကြားလိုက်သည်။
"နိုင်ငံရေးစားပွဲဝိုင်းမှာ ဝင်ထိုင်ပြီးကိုယ့်ရဲ့လိုအင်ဆန္ဒ ကိုယ့်ရဲ့လိုလားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြီး ကျွန်မတို့နဲ့ ဆွေးနွေးဖို့လိုပါတယ်။ ဒီလိုဆွေးနွေးနိုင်ဖို့လည်း ကျွန်မတို့ုငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားတာဖြစ်ပါတယ်။ဖွင့်လှစ်ထားတဲ့ ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိက္ခာရှိရှိ ယုံကြည်မှုရှိရှိ လျှောက်လှမ်းကြဖို့ တိုက်တွန်းလိုပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
နေပြည်တော်ရှိ NRPC တွင်ယနေ့ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၏ အဖွင့်မိန့်ခွန်းတွင် မတိုင်ပင်ခံပု ဂ္ဂိုလ်က အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
NCA ၏ ထီးအောက်ရောက်ရှိလာစေရန်အတွက် အမြဲဖိတ်ခေါ်နေပြီး ထီးအောက်ရောက်ရှိလာပါ က စုပေါင်းဆွေးနွေးမှုများလုပ်ဆောင်နိုင်သလို လိုအပ်ပါကလည်း တစ်ဖွဲ့ချင်း ဆွေးနွေးနိုင်ရေး အတွက် အစိုးရအနေဖြင့် တံခါးဖွင့်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့သည်။
NCA သည် အားလုံးပူးပေါင်း ပိုင်ဆိုင်ထားသည့်အတွက် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ အားလုံး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်းလည်း သတိပေးပြောကြားခဲ့သည်။
"ဒီစာချုပ်ထဲက ကိုယ်ကြိုက်တာကိုပဲ ယူမယ်။ ကိုယ်မကြိုက်တာ မယူဘူး။ ကိုယ်သဘောကျတဲ့ အပိုင်းကိုပဲ အကောင်အထည်ဖော်မယ်။ ကိုယ်သဘောမကျလို့ရှိရင် အကောင်အထည်မဖော်ဘူး ဆိုတာမျိုးကို ရှောင်ကြဉ်ကြဖို့ ကျွန်မအနေနဲ့အလေးအနက် သတိပေးလိုပါတယ်"ဟု ဒေါ်အောင် ဆန်းစုကြည် ကပြောသည်။
အစည်းအဝေးသို့နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒုတိယတပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် NCA စာချုပ်တွင် လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြ သည်။

No comments:

Post a Comment

My Blog List