Thursday, January 09, 2020

ပျက်ကျလေယာဉ်မှ black box ကို အမေရိကန် ဘိုးရင်းကုမ္ပဏီသို့ ပြန်မပေးဟု အီရန် ပြောဆို

No photo description available.
လူ ၁၇၆ ဦး သေဆုံးခဲ့တဲ့ ယူကရိန်း ခရီးသည်တင် လေယာဉ်ပျက်ရဲ့ ပျံသန်းရေး မှတ်တမ်းတင် ကိရိယာ black box ကို လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ ဘိုးရင်း ဒါမှမဟုတ် အမေရိကန်သို့ ပြန်လွှဲပေးမှာ မဟုတ်ဘူးလို့ အီရန် အစိုးရက ပြောဆိုလိုက်ပါတယ်။
ယူကရိန်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပိုင် ဘိုရင်း ၇၃၇-၈၀၀ အမျိုးအစား လေယာဉ်ဟာ တီဟီရန်မြို့တော်ရှိ လေယာဉ်ကွင်းတစ်ခုကနေ ပျံတက်အပြီး မိနစ်ပိုင်းအကြာမှာပဲ ပျက်ကျသွားခဲ့တာဖြစ်ကာ အသက်ရှင်ကျန်ရစ်သူ မရှိခဲ့ပါဘူး။
ကမ္ဘာလုံးဆိုင်ရာ လေကြောင်းပျံသန်းမှု စည်းမျဉ်းတွေအရ အီရန်ဟာ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ခွင့်ရှိပါတယ်။ ဒါပေမဲ့လည်း ထုံးစံအရဆိုရင်တော့ လေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီတွေပါဝင်ရမှာဖြစ်သလို ယင်းကဲ့သို့ ပျံသန်းရေးမှတ်တမ်းတင် black box တွေကို စိစစ်အကဲဖြတ်ပေးနိုင်စွမ်းတဲ့ နိုင်ငံအနည်းအကျဉ်းသာရှိကြောင်း ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။
ယခု လေယာဉ်ပျက်ကျခဲ့ချိန်ဟာ အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေမြင့်တက်နေချိန်နဲ့ တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့ပြီး အီရတ်ရှိ အမေရိကန် လေတပ်စခန်းနှစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့အပြီး နာရီပိုင်းအကြာမှာ ဖြစ်ခဲ့တာပါ။
ပုံမှန်အားဖြင့်တော့ အမေရိကန်လုပ် ဘိုးရင်းလေယာဉ်တွေရဲ့ မတော်တဆမှုဖြစ်စဉ် စုံစမ်းစစ်ဆေးမှုတွေတိုင်းမှာ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှု ဘုတ်အဖွဲ့က အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့လေ့ရှိပါတယ်။ ဒါပေမဲ့လည်း ဘုတ်အဖွဲ့အနေနဲ့ သက်ဆိုင်ရာ နိုင်ငံခြားတိုင်းပြည်ရဲ့ ဥပဒေနဲ့အညီ ခွင့်ပြုချက်ရယူရမှာဖြစ်ပါတယ်။
“ကျွန်တော်တို့အနေနဲ့ လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီနဲ့ အမေရိကန်တွေဆီ black box ပြန်ပေးမှာ မဟုတ်ပါဘူး” လို့ အီရန် အရပ်ဖက် လေကြောင်းပျံသန်းရေး အဖွဲ့အစည်း CAO ရဲ့ အကြီးအကဲ အလီ အဗ္ဗဇာဒက်က ပြောဆိုခဲ့တယ်လို့ အီရန် Mehr သတင်းဌာနက ဖော်ပြသွားပါတယ်။ ဒီဖြစ်ရပ်ကို CAO က စုံစမ်းစစ်ဆေးသွားမှာဖြစ်ပေမယ့် ယူကရိန်းနိုင်ငံဘက်လည်း ပါဝင်နိုင်မှာဖြစ်ကြောင်း ၎င်းက ဆိုခဲ့ပါတယ်။ အီရန်နိုင်ငံအနေနဲ့ ဘယ် black box (လေယာဉ်မှူးခန်း အသံမှတ်တမ်းတင်ကိရိယာ၊ ပျံသန်းရေး မှတ်တမ်းတင်ကိရိယာ) ကို စိစစ်စစ်ဆေးမှာလည်းဆိုတာ မစ္စတာ အဗ္ဗဇာဒက်က သဲသဲကွဲကွဲ ပြောဆိုထားခြင်း မရှိပါဘူး။
ပျက်ကျခဲ့တဲ့ လေယာဉ်အမှတ် PS752 ပေါ်ပါသူတွေဟာ အီရန်နဲ့ ကနေဒါနိုင်ငံသား အများစုဖြစ်တယ်လို့ သိရပါတယ်။ တီဟီရန်ရှိ ယူကရိန်း သံရုံးက အစောပိုင်းက ထုတ်ပြန်ခဲ့ရာမှာ အင်ဂျင် ချို့ယွင်းချက်ကြောင့်ဖြစ်ရတယ်လို့ ဆိုပေမယ့် နောက်ပိုင်းမှာ ယင်း ထုတ်ပြန်ချက်ကို ပြန်ဖြုတ်ချသွားပြီး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှု မတိုင်မီ မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို မှတ်ချက်ပေးပြောဆိုမှုဟာ တရားမဝင်ပါကြောင်း ဆိုခဲ့ပါတယ်။
တီဟီရန်မြို့တော်အနီး လေယာဉ်ပျက်ကျခဲ့ချိန်က ဝေဟင်မြင်ကွင်း ကောင်းမွန်နေကြောင်း လေကြောင်းပျံသန်းမှု ခြေရာခံစောင့်ကြည့်ရေး Flightradar24 ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ ယခု လေယာဉ်ပေါ်ပါ အမှုထမ်းတွေဟာ အတွေ့အကြုံရင့်ကျက်သူတွေဖြစ်ကြောင်းလည်း လေကြောင်းလိုင်းက ပြောဆိုထားပါတယ်။
တရားဝင် အစီရင်ခံချက်တွေ အသင့်မဖြစ်သေးခင် ယခု ကပ်ဘေးဆိုးနဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေ၊ အထိန်းအကွပ်မဲ့ သီအိုရီတွေ မထုတ်ကြဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမိုင် ဇယ်လင်စကီးက သတိပေးခဲ့ပါတယ်။
Image may contain: mountain, sky, outdoor and nature
Image may contain: one or more people, people standing and outdoor
Image may contain: one or more people, people standing, outdoor and nature

Ref : BBC
ကိုလင်း( အကုန်သိ သတင်းဌာန ) 
<<< Unicode Version >>>
ပျက်ကျလေယာဉ်မှ black box ကို အမေရိကန် ဘိုးရင်းကုမ္ပဏီသို့ ပြန်မပေးဟု အီရန် ပြောဆို
--- ကိုလင်း( အကုန်သိ သတင်းဌာန ) ---
လူ ၁၇၆ ဦး သေဆုံးခဲ့တဲ့ ယူကရိန်း ခရီးသည်တင် လေယာဉ်ပျက်ရဲ့ ပျံသန်းရေး မှတ်တမ်းတင် ကိရိယာ black box ကို လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ ဘိုးရင်း ဒါမှမဟုတ် အမေရိကန်သို့ ပြန်လွှဲပေးမှာ မဟုတ်ဘူးလို့ အီရန် အစိုးရက ပြောဆိုလိုက်ပါတယ်။
ယူကရိန်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပိုင် ဘိုရင်း ၇၃၇-၈၀၀ အမျိုးအစား လေယာဉ်ဟာ တီဟီရန်မြို့တော်ရှိ လေယာဉ်ကွင်းတစ်ခုကနေ ပျံတက်အပြီး မိနစ်ပိုင်းအကြာမှာပဲ ပျက်ကျသွားခဲ့တာဖြစ်ကာ အသက်ရှင်ကျန်ရစ်သူ မရှိခဲ့ပါဘူး။
ကမ္ဘာလုံးဆိုင်ရာ လေကြောင်းပျံသန်းမှု စည်းမျဉ်းတွေအရ အီရန်ဟာ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ခွင့်ရှိပါတယ်။ ဒါပေမဲ့လည်း ထုံးစံအရဆိုရင်တော့ လေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီတွေပါဝင်ရမှာဖြစ်သလို ယင်းကဲ့သို့ ပျံသန်းရေးမှတ်တမ်းတင် black box တွေကို စိစစ်အကဲဖြတ်ပေးနိုင်စွမ်းတဲ့ နိုင်ငံအနည်းအကျဉ်းသာရှိကြောင်း ကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။
ယခု လေယာဉ်ပျက်ကျခဲ့ချိန်ဟာ အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေမြင့်တက်နေချိန်နဲ့ တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့ပြီး အီရတ်ရှိ အမေရိကန် လေတပ်စခန်းနှစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့အပြီး နာရီပိုင်းအကြာမှာ ဖြစ်ခဲ့တာပါ။
ပုံမှန်အားဖြင့်တော့ အမေရိကန်လုပ် ဘိုးရင်းလေယာဉ်တွေရဲ့ မတော်တဆမှုဖြစ်စဉ် စုံစမ်းစစ်ဆေးမှုတွေတိုင်းမှာ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှု ဘုတ်အဖွဲ့က အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့လေ့ရှိပါတယ်။ ဒါပေမဲ့လည်း ဘုတ်အဖွဲ့အနေနဲ့ သက်ဆိုင်ရာ နိုင်ငံခြားတိုင်းပြည်ရဲ့ ဥပဒေနဲ့အညီ ခွင့်ပြုချက်ရယူရမှာဖြစ်ပါတယ်။
“ကျွန်တော်တို့အနေနဲ့ လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီနဲ့ အမေရိကန်တွေဆီ black box ပြန်ပေးမှာ မဟုတ်ပါဘူး” လို့ အီရန် အရပ်ဖက် လေကြောင်းပျံသန်းရေး အဖွဲ့အစည်း CAO ရဲ့ အကြီးအကဲ အလီ အဗ္ဗဇာဒက်က ပြောဆိုခဲ့တယ်လို့ အီရန် Mehr သတင်းဌာနက ဖော်ပြသွားပါတယ်။ ဒီဖြစ်ရပ်ကို CAO က စုံစမ်းစစ်ဆေးသွားမှာဖြစ်ပေမယ့် ယူကရိန်းနိုင်ငံဘက်လည်း ပါဝင်နိုင်မှာဖြစ်ကြောင်း ၎င်းက ဆိုခဲ့ပါတယ်။ အီရန်နိုင်ငံအနေနဲ့ ဘယ် black box (လေယာဉ်မှူးခန်း အသံမှတ်တမ်းတင်ကိရိယာ၊ ပျံသန်းရေး မှတ်တမ်းတင်ကိရိယာ) ကို စိစစ်စစ်ဆေးမှာလည်းဆိုတာ မစ္စတာ အဗ္ဗဇာဒက်က သဲသဲကွဲကွဲ ပြောဆိုထားခြင်း မရှိပါဘူး။
ပျက်ကျခဲ့တဲ့ လေယာဉ်အမှတ် PS752 ပေါ်ပါသူတွေဟာ အီရန်နဲ့ ကနေဒါနိုင်ငံသား အများစုဖြစ်တယ်လို့ သိရပါတယ်။ တီဟီရန်ရှိ ယူကရိန်း သံရုံးက အစောပိုင်းက ထုတ်ပြန်ခဲ့ရာမှာ အင်ဂျင် ချို့ယွင်းချက်ကြောင့်ဖြစ်ရတယ်လို့ ဆိုပေမယ့် နောက်ပိုင်းမှာ ယင်း ထုတ်ပြန်ချက်ကို ပြန်ဖြုတ်ချသွားပြီး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှု မတိုင်မီ မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို မှတ်ချက်ပေးပြောဆိုမှုဟာ တရားမဝင်ပါကြောင်း ဆိုခဲ့ပါတယ်။
တီဟီရန်မြို့တော်အနီး လေယာဉ်ပျက်ကျခဲ့ချိန်က ဝေဟင်မြင်ကွင်း ကောင်းမွန်နေကြောင်း လေကြောင်းပျံသန်းမှု ခြေရာခံစောင့်ကြည့်ရေး Flightradar24 ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ ယခု လေယာဉ်ပေါ်ပါ အမှုထမ်းတွေဟာ အတွေ့အကြုံရင့်ကျက်သူတွေဖြစ်ကြောင်းလည်း လေကြောင်းလိုင်းက ပြောဆိုထားပါတယ်။
တရားဝင် အစီရင်ခံချက်တွေ အသင့်မဖြစ်သေးခင် ယခု ကပ်ဘေးဆိုးနဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေ၊ အထိန်းအကွပ်မဲ့ သီအိုရီတွေ မထုတ်ကြဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမိုင် ဇယ်လင်စကီးက သတိပေးခဲ့ပါတယ်။

Ref : BBC

No comments:

Post a Comment

My Blog List