Tuesday, January 07, 2020

ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုများအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့လစ်လျုမရှိသင့်ဟု ABFTU ပြော

Image may contain: 3 people, people standing and outdoor
မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊အောင်သပြေကျေးရွာရှိ ဒေသခံလူထု၏ဆုံးရှုံးနစ်နာမှုများအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူဖြေရှင်းခြင်းမရှိသည့်အပြင် ပြည်ထောင်စုအစိုးရအနေဖြင့်လည်း လစ်လျူရှု့၊မသိကျိုးကျွန် ပြုမနေသင့်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(ABFTU) ဗဟိုစည်းရုံးရေးမှူး ကိုကျော်မျိုးက ပြောသည်။

" ကျွန်တော်တို့ဟာ အောင်သပြေကျေးရွာနဲ့ပတ်သတ်ပြီး နစ်နာမှုတွေကို အစိုးရအဖွဲ့က သတိပြု ဆောင်ရွက်ပေး ရန် တောင်းဆိုခဲ့မှုကြောင့် အခုလိုဖမ်းဆီးခံရတာ။ ရက်ပေါင်းလေးဆယ်ရှိပါပြီ။အယ်လ်ဖာ ကျောက်မီးသွေးသုံး ဘိလပ်မြေ စက်ရုံဟာ ဒီရွာအနီးအနားမှာ မတည်ဆောက်သင့်ဘူးဆိုတာ ပညာရှင်တွေကလည်းပြောဆိုထားပြီးသားပါ။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေကလည်း အကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့အတိအကျရှင်းပြထားပြီးသားပါ။ ဒါကို တိုင်းဒေသကြီးအစိုးရကခွင့်ပြုပြီးဆက်လုပ်ခိုင်းတယ်ဆိုတာမဖြစ်သင့်ဘူး ဒေသခံတွေရဲ့ဆုံးရုှံးနစ်နာမှုတွေဟာ အရမ်းများ နေပြီ။ဒါကိုပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ရှိသူတွေအနေနဲ့ လစ်လျူရှု့မနေပဲ၊မသိကျိုးကျွံပြုမနေပဲ ထိထိရောက် ရောက်ဖြေရှင်းပေးကြပါလို့ပဲ တောင်းဆိုချင်ပါတယ်"ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို နယ်တရားရုံးတွင် ခြောက်ကြိမ်မြောက်ရုံးထုတ်စဉ် iSee media ၏ မေးမြန်းမှုကို ကိုကျော်မျိုးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း၌ မြို့တော်ခန်းမရှေ့တွင် အောင်သပြေကျေးရွာပြည်သူများ၏ နစ်နာမှုများကို ဆန္ဒပြ တောင်းဆိုခဲ့မှုကြောင့် ကိုကျော်မျိုးနှင့်ကိုနောင်နောင်တို့နှစ်ဦးကို ကျောက်တံတားမြို နယ်ရဲစခန်းက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ဖြင့် တရားစွဲဖမ်းဆီးထားခြင်းဖြစ်သည်။
အဆိုပါရုံးချိန်းတွင် ကိုနောင်နောင်နှင့်ကိုကျော်မျိုးတို့အား စစ်ဆေးခဲ့ခြင်းမရှိပဲ လိုပြသက်သေများကိုစစ်ဆေးခဲ့ကာ လာမည့် ဇန်နဝါရီလ ၁၃ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပြီး ယင်းရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက် တင်သွင်းမည်ဖြစ် ကြောင်းသိရသည်။
ကိုဖူးသစ်
Isee Media
<Zawgyi>
ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုများအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့လစ်လျုမရှိသင့်ဟု ABFTU ပြော

ဇန်နဝါရီ် ၇
မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊အောင်သပြေကျေးရွာရှိ ဒေသခံလူထု၏ဆုံးရှုံးနစ်နာမှုများအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူဖြေရှင်းခြင်းမရှိသည့်အပြင် ပြည်ထောင်စုအစိုးရအနေဖြင့်လည်း လစ်လျူရှု့၊မသိကျိုးကျွန် ပြုမနေသင့်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(ABFTU) ဗဟိုစည်းရုံးရေးမှူး ကိုကျော်မျိုးက ပြောသည်။
" ကျွန်တော်တို့ဟာ အောင်သပြေကျေးရွာနဲ့ပတ်သတ်ပြီး နစ်နာမှုတွေကို အစိုးရအဖွဲ့က သတိပြု ဆောင်ရွက်ပေး ရန် တောင်းဆိုခဲ့မှုကြောင့် အခုလိုဖမ်းဆီးခံရတာ။ ရက်ပေါင်းလေးဆယ်ရှိပါပြီ။အယ်လ်ဖာ ကျောက်မီးသွေးသုံး ဘိလပ်မြေ စက်ရုံဟာ ဒီရွာအနီးအနားမှာ မတည်ဆောက်သင့်ဘူးဆိုတာ ပညာရှင်တွေကလည်းပြောဆိုထားပြီးသားပါ။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေကလည်း အကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့အတိအကျရှင်းပြထားပြီးသားပါ။ ဒါကို တိုင်းဒေသကြီးအစိုးရကခွင့်ပြုပြီးဆက်လုပ်ခိုင်းတယ်ဆိုတာမဖြစ်သင့်ဘူး ဒေသခံတွေရဲ့ဆုံးရုံှးနစ်နာမှုတွေဟာ အရမ်းများ နေပြီ။ဒါကိုပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ရှိသူတွေအနေနဲ့ လစ်လျူရှု့မနေပဲ၊မသိကျိုးကျွံပြုမနေပဲ ထိထိရောက် ရောက်ဖြေရှင်းပေးကြပါလို့ပဲ တောင်းဆိုချင်ပါတယ်"ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို နယ်တရားရုံးတွင် ခြောက်ကြိမ်မြောက်ရုံးထုတ်စဉ် iSee media ၏ မေးမြန်းမှုကို ကိုကျော်မျိုးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း၌ မြို့တော်ခန်းမရှေ့တွင် အောင်သပြေကျေးရွာပြည်သူများ၏ နစ်နာမှုများကို ဆန္ဒပြ တောင်းဆိုခဲ့မှုကြောင့် ကိုကျော်မျိုးနှင့်ကိုနောင်နောင်တို့နှစ်ဦးကို ကျောက်တံတားမြို နယ်ရဲစခန်းက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ဖြင့် တရားစွဲဖမ်းဆီးထားခြင်းဖြစ်သည်။
အောင်သပြေကျေးရွာအနီး ကျောက်မီးသွေးသုံး ဘိလပ်မြေ စက်ရုံတည်ဆောက်မှုအပေါ် ဒေသခံများနှင့်နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဖျက်သိမ်းရန်တောင်းဆိုမှုများရှိခဲ့ပြီး ဒေသခံအများစုမှာလက်ရှိအချိန်တွင် ဖမ်းဝရမ်းထုတ်ခံ ထားရပြီး ကိုးတန်းကျောင်းသားမောင်ထူးဝေယံမှာ ဖမ်းဆီးခံထားရကာဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းမြင့်ဝင်းမှာ အိုးဘိုအကျဉ်းထောင်တွင်း၌ အသက်ဆုံးဆုံးခဲ့ရသည်။
အဆိုပါရုံးချိန်းတွင် ကိုနောင်နောင်နှင့်ကိုကျော်မျိုးတို့အား စစ်ဆေးခဲ့ခြင်းမရှိပဲ လိုပြသက်သေများကိုစစ်ဆေးခဲ့ကာ လာမည့် ဇန်နဝါရီလ ၁၃ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပြီး ယင်းရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက် တင်သွင်းမည်ဖြစ် ကြောင်းသိရသည်။
ကိုဖူးသစ်

No comments:

Post a Comment

My Blog List