Tuesday, January 07, 2020

Naing Group Holding ကုမ္ပဏီဥက္ကဋ္ဌ တိုင်ကြားခဲ့သည့် ငွေကျပ် သိန်းပေါင်းသုံးသောင်းကျော် အလွဲသုံးစားမှုအား မှားယွင်းမှုဖြင့် အမှုပိတ်သိမ်းခဲ့

Image may contain: text

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီ ၂၄ ရက်က ရန်ကင်းမြို့နယ် ၁၆ ရပ်ကွက်ရှိ Naing Group ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် (ဥက္ကဋ္ဌ) ဦးကျော်နိုင်ဦးဆိုသူ က ၎င်း၏ ကုမ္ပဏီ ဒါရိုက်တာ မယမင်းဖြူအိ ကျောက်တံတားမြို့နယ် နေသူအား ငွေကျပ် သိန်းပေါင်း ၃၆၆၁၁ သိန်းကို ကိုယ်ကျိုးအတွက် သုံးစွဲကာ တိမ်းရှောင်နေသည်ဟု တိုင်ကြားခဲ့မှုအား မှားယွင်းမှုဖြင့် အမှုပိတ်သိမ်းခဲ့ကြောင်း မယမင်းဖြူအိ၏ ရှေ့နေဖြစ်သူက The Ladies News သို့ အကြောင်းကြားစာပေးပို့ခဲ့သည်။

အဆိုပါအမှုမှာ ဥက္ကဋ္ဌ ဦးကျော်နိုင်ဦး၏ လွဲမှားစွာ တရားစွဲဆို ဆောင်ရွက်ခဲ့၍ မှားယွင်းမှုဟုဆိုကာ အမှုအား ပိတ်သိမ်း ပေးခဲ့ကြောင်း၊ ဒေါ်ယမင်းဖြူအိ(ခ) ဒေါ်အေးစုခိုင် သည် ဝန်ထမ်းကောင်း တစ်ဦးဖြစ်ပြီး ကုမ္ပဏီအနေဖြင့် နားလည်မှု မှားယွင်းခြင်းအတွက် ပြန်လည်တောင်းပန် ကြောင်း ကုမ္ပဏီက ထုတ်ပြန်ပေးထားသည့် အကြောင်းကြားစာ ကိုလည်း ရှေ့နေဖြစ်သူက The Ladies သို့ ပူးတွဲပေးပို့ခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အမှုတိုင်တန်းသူထံ အကြောင်းကြား စာကိုလည်း ပူးတွဲပေးပို့ခဲ့ပြီး ယင်းအထဲတွင် လိုအပ်သော စုံစမ်းချက် များ ပြီးမြောက်၍ အမှုကို ပိတ်သိမ်းလိုက်ပြီးလျှင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၇၃(၁)(ခ) အရ အမှုကို မှားယွင်းမှုဖြင့် ပိတ်သိမ်းခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
No photo description available.
The Ladies News
Unicode
Naing Group Holding ကုမ္ပဏီဥက္ကဋ္ဌ တိုင်ကြားခဲ့သည့် ငွေကျပ် သိန်းပေါင်းသုံးသောင်းကျော် အလွဲသုံးစားမှုအား မှားယွင်းမှုဖြင့် အမှုပိတ်သိမ်းခဲ့
--- --- ---

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီ ၂၄ ရက်က ရန်ကင်းမြို့နယ် ၁၆ ရပ်ကွက်ရှိ Naing Group ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် (ဥက္ကဋ္ဌ) ဦးကျော်နိုင်ဦးဆိုသူ က ၎င်း၏ ကုမ္ပဏီ ဒါရိုက်တာ မယမင်းဖြူအိ ကျောက်တံတားမြို့နယ် နေသူအား ငွေကျပ် သိန်းပေါင်း ၃၆၆၁၁ သိန်းကို ကိုယ်ကျိုးအတွက် သုံးစွဲကာ တိမ်းရှောင်နေသည်ဟု တိုင်ကြားခဲ့မှုအား မှားယွင်းမှုဖြင့် အမှုပိတ်သိမ်းခဲ့ကြောင်း မယမင်းဖြူအိ၏ ရှေ့နေဖြစ်သူက The Ladies News သို့ အကြောင်းကြားစာပေးပို့ခဲ့သည်။
အဆိုပါအမှုမှာ ဥက္ကဋ္ဌ ဦးကျော်နိုင်ဦး၏ လွဲမှားစွာ တရားစွဲဆို ဆောင်ရွက်ခဲ့၍ မှားယွင်းမှုဟုဆိုကာ အမှုအား ပိတ်သိမ်း ပေးခဲ့ကြောင်း၊ ဒေါ်ယမင်းဖြူအိ(ခ) ဒေါ်အေးစုခိုင် သည် ဝန်ထမ်းကောင်း တစ်ဦးဖြစ်ပြီး ကုမ္ပဏီအနေဖြင့် နားလည်မှု မှားယွင်းခြင်းအတွက် ပြန်လည်တောင်းပန် ကြောင်း ကုမ္ပဏီက ထုတ်ပြန်ပေးထားသည့် အကြောင်းကြားစာ ကိုလည်း ရှေ့နေဖြစ်သူက The Ladies သို့ ပူးတွဲပေးပို့ခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အမှုတိုင်တန်းသူထံ အကြောင်းကြား စာကိုလည်း ပူးတွဲပေးပို့ခဲ့ပြီး ယင်းအထဲတွင် လိုအပ်သော စုံစမ်းချက် များ ပြီးမြောက်၍ အမှုကို ပိတ်သိမ်းလိုက်ပြီးလျှင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၇၃(၁)(ခ) အရ အမှုကို မှားယွင်းမှုဖြင့် ပိတ်သိမ်းခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
The Ladies News

No comments:

Post a Comment

My Blog List