Tuesday, January 07, 2020

ရခိုင်စစ်ဘေးရှောင်များအတွက် အိန္ဒိယအစိုးရမှ စားသုံးကုန်ပစ္စည်များထောက်ပံ့

No photo description available.
ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေအတွက ်အိန္ဒိယအစိုးရက စားသုံးကုန်ပစ္စည်းတွေကို ထောက်ပံ့လှူဒါန်းသွားမှာ ဖြစ်တယ်လို့စစ်တွေမြို့ရှိအိန္ဒိယကောင်စစ်ဝန်ရုံးချုပ်က သိရပါတယ်။
"အခုစစ်တွေမြို့ကိုအိန္ဒိယအစိုးရက လှူဒါန်းတဲ့ စားသုံးကုန်ပစ္စည်းတစ်ချို့ ရောက်နေပါပြီ။ ပစ္စည်းတွေအားလုံးစုံတာနဲ့ အစိုးရအဖွဲ့၊လွှတ်တော်ကို လွှဲပြောင်းပေးအပ်ဖို့အတွက် လှူဒါန်းပွဲအခမ်းနား ပြုလုပ်သွားမှာဖြစ်တယ်၊ လွှဲပြောင်းလှူဒါန်းပွဲလုပ်မယ့်နေ့ကိုတော့ မသိသေးဘူး " လို့ စစ်တွေမြို့ အိန္ဒိယကောင်စစ်ဝန်ရုံးချုပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အိန္ဒိယအစိုးရကလှူဒါန်းမယ့် ပစ္စည်းတွေကတော ့ပထမအသုတ်အနေနဲ့ ရန်ကုန်မြို့သီလဝါဆိပ်ကမ်းကနေ စစ်တွေဆိပ်ကမ်းကို ဇန်နဝါရီ(၅)ရက်က ရောက်ရှိလာတာဖြစ်ပါတယ်။ ရောက်ရှိလာတဲ့စားသုံးကုန်ပစ္စည်းတွေကို ့ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနဲ့ စစ်တွေအိန္ဒိယကောင်စစ်ဝန်ရုံးချုပ်က တာဝန်ရှိသူတွေက ကြီးကြပ်ဆောင်ရွက်ခဲ့ကြပါတယ်။
"အိန္ဒိယကလှူဒါန်းတဲ့ ပစ္စည်းတွေ ပြည့်စုံစွာစနစ်တကျ လွှဲပြောင်းလက်ခံဆောင်ရွက်ပြီးတာနဲ့ နေရပ်စွန့်ခွာစစ်ဘေးရှောင် ဒုက္ခသည်ပြည်သူလူထုဆီက ိုပို့ဆောင်ထောက်ပံ့ဖြန့်ဝေပေးသွားမယ်"လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောပါတယ်။ ပထမအကြိမ် ရောက်ရှိလာတဲ့ စားသုံးကုန်ပစ္စည်းတွေကတော့ ဆန်အိတ်(၂၀၀၀၀)၊ ပဲပုပ်ဆီ (၃၉၀၀၀) ကျော်နဲ့ တာပေါ်လင်စ (၂၀၀၀၀) ပါဝင်တယ်လို့ ဆိုပါတယ်။ နောက်အကြိမ်မှာတော့ ခေါက်ဆွဲ၊ကုလားပဲ၊စားတော်ပဲ၊ ငရုတ်သီးမှုန့်၊စမုန်စပါးမှုန့်၊နံနံပင်မှုန့်နဲ့ ဆား တွေ ရောက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့(၂၀၁၉)ခုနှစ်ဇွန်လကလည်း အိန္ဒိယ-မြန်မာချစ်ကြည်ရေးစီမံကိန်းအရ အိန္ဒိယအစိုးရက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို လယ်ထွန်စက်(၁၅)စီးနဲ့ ဆက်စပ်ပစ္စည်းတွေ ၊စပါးရိတ်သိမ်းခြွေလှေ့စက်(၁၅)စီး၊ ကွန်ပြူတာအလုံး(၄၀)နဲ့ဆ က်စပ်ပစ္စည်းတွေကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။
No photo description available.
Image may contain: one or more people and people standing, text that says 'one NEWS'
Image may contain: one or more people and people standing
No photo description available.
No photo description available.

သတင်း ကျော်လွင်၊ စံနုခိုင်

No comments:

Post a Comment

My Blog List