Friday, January 10, 2020

(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ


Image may contain: text that says '၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ'
ချစ်ခင်လေးစားရပါသော ကချင်ပြည်နယ်ရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျာ-
ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင်ကျရောက်သော (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့မှာ ကချင်ပြည်နယ် အတွင်း မှီတင်းနေထိုင်ကြပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းများဖြင့် နှုတ်ခွန်း ဆက်သအပ်ပါတယ်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိ ပြီးနောက် ၆ ရက်အကြာ ဇန်နဝါရီလ ၁၀ ရက်နေ့မှာပဲ ကချင်ပြည်နယ်အစိုးရ အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် နှစ်စဉ် ဇန်နဝါရီလ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်နေ့အဖြစ်သတ်မှတ်ကျင်းပခဲ့တာ ယခုဆိုရင်(၇၂)နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်ပါတယ်။

ကချင်ပြည်နယ်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ များနဲ့ပြည့်လွှမ်းနေတဲ့ သွေးချင်းတို့ရဲ့ဌာနေတစ်ခုြဖစ်ပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာလည်း ကချင်ပြည်နယ်သား တိုင်းရင်းသားမျိုးချစ်များရဲ့ သူရသတ္တိအစွမ်းကို အံ့မခန်းမှတ်တမ်းတင်ခဲ့ရပါတယ်။ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ဂျိန်းဖော့၊ အဇီး(ဇိုင်ဝါး)၊ လရှီ(လာချိတ်)၊ လီဆူ၊ ရဝမ်နှင့် မရူ(လောဝေါ်)စတဲ့ ကချင် မျိုးနွယ်စုများ၊ ရှမ်း၊ ချင်း၊ ပလောင်၊ နာဂ၊ ဗမာစတဲ့ တိုင်းရင်းသားမျိုးနွယ်စုများအတွက် ဂုဏ်ယူစရာ သဘာဝရင်းမြစ်များ၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များစွာကိုလည်း ကချင်ပြည်နယ်ကပိုင်ဆိုင်ထား ပါတယ်။

ခါကာဘိုရာဇီအပါအဝင် မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထွတ်များနဲ့ တန်ဖိုးမဖြတ်နိုင်အောင် ထူးခြားလှတဲ့ သဘာဝပတ်ဝန်းကျင်အခြေအနေများ၊ ကမ္ဘာမှာအကောင်းဆုံးဖြစ်တဲ့ ကျောက်စိမ်းရတနာများ၊ မြန်မာနိုင်ငံရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီး မြစ်ဖျားခံရာဒေသ၊ ထူးခြားဆန်းပြားလှတဲ့ အင်းတော်ကြီး ရေအိုင်နှင့် ရွှေမ ဉ္ဇူဘုရား၊ တိုင်းရင်းသား မျိုးနွယ်စု တစ်ခုချင်းစီရဲ့ အစဉ်အလာကြီးမားပြီး ချစ်စရာကောင်းတဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများစတဲ့ ဂုဏ်ယူစရာများဟာ ကချင်ပြည်နယ်အတွက် သာမက မြန်မာနိုင်ငံကိုပါ ကမ္ဘာကျော်စေတဲ့ ပုံရိပ်များပဲဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးဟာ ပြည်နယ်၊ တိုင်းဒေသကြီးများနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး တိုင်းရင်းသား မျိုးနွယ်စုများအားလုံးဟာလည်း နိုင်ငံအနှံ့ ပျံ့နှံ့မှီတင်းနေထိုင်ကြတာဖြစ်ပါတယ်။ ပြည်နယ်၊ တိုင်းဒေသကြီးများ အားလုံးမှာလည်း ကချင်ပြည်နယ်လိုပဲ နိုင်ငံတော်အတွက် ဂုဏ်ယူစရာ သဘာဝကိုယ်စီရှိထား၊ ပိုင်ဆိုင် ထားကြပါတယ်။ ဒီပြည်ထောင်စုကြီးကို ကျွန်တော်တို့ရဲ့ ဘိုးဘွား၊ မိဘများက အသက်သွေးချွေးများစွာ ပေးဆပ်စွန့်လွှတ်ပြီးတည်ဆောက်ပေးခဲ့တာဖြစ်လို့ ဒီနေ့၊ ဒီအချိန်မှာ ကျွန်တော်တို့အားလုံး ဘိုးဘွား အမွေအနှစ်အဖြစ် ပိုင်ဆိုင်ခွင့် ရနေတာဖြစ်ပါတယ်။
ကချင်ပြည်နယ်အပါအဝင် ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီး မပြိုကွဲ၊ မပျက်စီးအောင်ထိန်းသိမ်း စောင့်ရှောက် ကြရမှာ ကျွန်တော်တို့အားလုံးရဲ့ မွေးရာပါ သမိုင်းပေးတာဝန်ကြီးဖြစ်ပါတယ်။ ဒီလိုထိန်းသိမ်းစောင့် ရှောက်နိုင်ဖို့အတွက် အဓိကလိုအပ်ချက်ကတော့ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား များအားလုံး၊ နိုင်ငံသားများအားလုံး ဥမကွဲ၊ သိုက်မပျက် စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ရှိ နေကြဖို့ပဲဖြစ် ပါတယ်။

သမိုင်းအစဉ်အလာကြီးမားပြီး ပြည်ထောင်စုစိတ်ဓာတ်ထက်သန်လှသော ကချင်ပြည်နယ်အတွင်း နေထိုင်ကြ သည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမ သွေးချင်း များအားလုံး အမိမြန်မာနိုင်ငံတော်ကြီးရဲ့ တည်ငြိမ်အေး ချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ ကိုအခြေခံ၍ ကမ္ဘာတည်သရွေ့ မြန်မာတည်ရှိနေအောင် စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြ ပါစေကြောင်း ထပ်မံဆုမွန်ကောင်း ပို့သအပ်ပါတယ်ခင်ဗျား။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ္ရံုး
The Ladies News
(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ
--- --- ---

ချစ်ခင်လေးစားရပါသော ကချင်ပြည်နယ်ရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျာ-

ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင်ကျရောက်သော (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့မှာ ကချင်ပြည်နယ် အတွင်း မှီတင်းနေထိုင်ကြပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းများဖြင့် နှုတ်ခွန်း ဆက်သအပ်ပါတယ်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိ ပြီးနောက် ၆ ရက်အကြာ ဇန်နဝါရီလ ၁၀ ရက်နေ့မှာပဲ ကချင်ပြည်နယ်အစိုးရ အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် နှစ်စဉ် ဇန်နဝါရီလ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်နေ့အဖြစ်သတ်မှတ်ကျင်းပခဲ့တာ ယခုဆိုရင်(၇၂)နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်ပါတယ်။

ကချင်ပြည်နယ်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ များနဲ့ပြည့်လွှမ်းနေတဲ့ သွေးချင်းတို့ရဲ့ဌာနေတစ်ခုဖြစ်ပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာလည်း ကချင်ပြည်နယ်သား တိုင်းရင်းသားမျိုးချစ်များရဲ့ သူရသတ္တိအစွမ်းကို အံ့မခန်းမှတ်တမ်းတင်ခဲ့ရပါတယ်။ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ဂျိန်းဖော့၊ အဇီး(ဇိုင်ဝါး)၊ လရှီ(လာချိတ်)၊ လီဆူ၊ ရဝမ်နှင့် မရူ(လောဝေါ်)စတဲ့ ကချင် မျိုးနွယ်စုများ၊ ရှမ်း၊ ချင်း၊ ပလောင်၊ နာဂ၊ ဗမာစတဲ့ တိုင်းရင်းသားမျိုးနွယ်စုများအတွက် ဂုဏ်ယူစရာ သဘာဝရင်းမြစ်များ၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များစွာကိုလည်း ကချင်ပြည်နယ်ကပိုင်ဆိုင်ထား ပါတယ်။

ခါကာဘိုရာဇီအပါအဝင် မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထွတ်များနဲ့ တန်ဖိုးမဖြတ်နိုင်အောင် ထူးခြားလှတဲ့ သဘာဝပတ်ဝန်းကျင်အခြေအနေများ၊ ကမ္ဘာမှာအကောင်းဆုံးဖြစ်တဲ့ ကျောက်စိမ်းရတနာများ၊ မြန်မာနိုင်ငံရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီး မြစ်ဖျားခံရာဒေသ၊ ထူးခြားဆန်းပြားလှတဲ့ အင်းတော်ကြီး ရေအိုင်နှင့် ရွှေမ ဉ္ဇူဘုရား၊ တိုင်းရင်းသား မျိုးနွယ်စု တစ်ခုချင်းစီရဲ့ အစဉ်အလာကြီးမားပြီး ချစ်စရာကောင်းတဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများစတဲ့ ဂုဏ်ယူစရာများဟာ ကချင်ပြည်နယ်အတွက် သာမက မြန်မာနိုင်ငံကိုပါ ကမ္ဘာကျော်စေတဲ့ ပုံရိပ်များပဲဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးဟာ ပြည်နယ်၊ တိုင်းဒေသကြီးများနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး တိုင်းရင်းသား မျိုးနွယ်စုများအားလုံးဟာလည်း နိုင်ငံအနှံ့ ပျံ့နှံ့မှီတင်းနေထိုင်ကြတာဖြစ်ပါတယ်။ ပြည်နယ်၊ တိုင်းဒေသကြီးများ အားလုံးမှာလည်း ကချင်ပြည်နယ်လိုပဲ နိုင်ငံတော်အတွက် ဂုဏ်ယူစရာ သဘာဝကိုယ်စီရှိထား၊ ပိုင်ဆိုင် ထားကြပါတယ်။ ဒီပြည်ထောင်စုကြီးကို ကျွန်တော်တို့ရဲ့ ဘိုးဘွား၊ မိဘများက အသက်သွေးချွေးများစွာ ပေးဆပ်စွန့်လွှတ်ပြီးတည်ဆောက်ပေးခဲ့တာဖြစ်လို့ ဒီနေ့၊ ဒီအချိန်မှာ ကျွန်တော်တို့အားလုံး ဘိုးဘွား အမွေအနှစ်အဖြစ် ပိုင်ဆိုင်ခွင့် ရနေတာဖြစ်ပါတယ်။
ကချင်ပြည်နယ်အပါအဝင် ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီး မပြိုကွဲ၊ မပျက်စီးအောင်ထိန်းသိမ်း စောင့်ရှောက် ကြရမှာ ကျွန်တော်တို့အားလုံးရဲ့ မွေးရာပါ သမိုင်းပေးတာဝန်ကြီးဖြစ်ပါတယ်။ ဒီလိုထိန်းသိမ်းစောင့် ရှောက်နိုင်ဖို့အတွက် အဓိကလိုအပ်ချက်ကတော့ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား များအားလုံး၊ နိုင်ငံသားများအားလုံး ဥမကွဲ၊ သိုက်မပျက် စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ရှိ နေကြဖို့ပဲဖြစ် ပါတယ်။

သမိုင်းအစဉ်အလာကြီးမားပြီး ပြည်ထောင်စုစိတ်ဓာတ်ထက်သန်လှသော ကချင်ပြည်နယ်အတွင်း နေထိုင်ကြ သည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမ သွေးချင်း များအားလုံး အမိမြန်မာနိုင်ငံတော်ကြီးရဲ့ တည်ငြိမ်အေး ချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ ကိုအခြေခံ၍ ကမ္ဘာတည်သရွေ့ မြန်မာတည်ရှိနေအောင် စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြ ပါစေကြောင်း ထပ်မံဆုမွန်ကောင်း ပို့သအပ်ပါတယ်ခင်ဗျား။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

No comments:

Post a Comment

My Blog List