Thursday, January 09, 2020

နိုင်ငံတော်သမ္မတ ညွန်ကြားချက်အား ချိုးဖောက်ကာ လုပ်ကိုင်ဆောင်ရွက်သည့်ကိစ္စအား စစ်ဆေးမှု ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တောင်းဆို

Image may contain: 5 people, people standing and outdoor

မန္တလေးတက္ကသိုလ်အတွင်းရှိ စားသောက်ဆိုင်များအား ဖွင့်လှစ်ခွင့်ပေးရာတွင် နိုင်ငံတော်သမ္မတ ညွန်ကြားချက် ၁/၂၀၁၇ ခုနှစ် အမိန့်ညွန်ကြားစာအားချိုးဖောက်ကာ ၎င်းနှင့် နီးစပ်သည့် လုပ်ငန်း ရှင်များအား လုပ်ပိုင်ဆောင်ရွက်ခွင့်ပေးခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးထားမှုအား ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းမရှိပါက ဆန္ဒထုတ်ဖော်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အနေဖြင့် နိုင်ငံတော်သမ္မတညွှန်ကြားချက်အား ချိုးဖောက်ပြီး ၎င်းနှင့်ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့်ပေးသည့်ကိစ္စအား ပညာရေး ဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပြီး ဖြစ်သော်လည်း လေးလကြာသည့်တိုင် ထုတ်ပြန်ပေး ခြင်းမရှိကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(သပိတ်မှောက်ကော်မတီ)ဆိုသည်။
"ပညာရေးဝန်ကြီးဌာနကနေပြီးတော့ အချိန်ဆွဲ ဘက်လိုက်နေတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကနေ စုံစမ်းစစ်ဆေးမှုအဖြေ ထုတ်ပြန်ပေးဖို့အတွက် ဒီနေ့ကနေစပြီး တောင်းဆိုတာပါ။ မရမချင်း ထိုင်သ ပိတ်လုပ်ပြီးတောင်းဆိုသွားပါမယ်"ဟု သပိတ်မှောက်တောင်းဆိုနေသည့် မန္တလေးတက္ကသိုလ်ကျောင်း သား ကိုဝေယံထက်ကပြောသည်။
စုံစမ်းစစ်ဆေးခြင်းကို စက်တင်ဘာ ၇ ရက်ကစတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးညွှန့်နှင့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန် တို့ပါဝင် ခဲ့သည်။
"လေးလကျော်ကြာတဲ့အထိ ပညာရေးဝန်ကြီးဌာနကနေ တိကျတဲ့ စုံစမ်းစစ်ဆေးမှုရလာဒ်ကို တစ်စုံ တစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး"ဟု သပိတ်မှောက် ကော်မတီအဖွဲ့ဝင် မယမင်းသူက ပြောသည်။
ဆန္ဒပြကျောင်းသူများသည် ကျောင်းဝင်းအတွင်း လှည့်လည်၍ ပညာရေးဝန်ကြီးဌာန၏ အချိန်ဆွဲ၍ ဘက်လိုက်သောဖြေရှင်းမှု အလိုမရှိ၊ မှန်ကန် မျှတသော အပြီးသတ် စုံစမ်းစစ်ဆေးမှုရလာဒ် အမြန် ဆုံးထုတ်ပြန်ပေးရေး တို့အရေး၊ မန္တလေးတက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချုပ် အလိုမရှိနှင့်နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့်တည်ဆဲ ဥပဒေများအား ဖောက်ဖျက်ကျူးလွန်သည့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား အမြန်ဆုံးအရေးပေးရေးတို့အရေးဟု ကြွေးကြော် ချီတက်ခဲ့ပြီး ပင်မဆောင်ရှေ့တွင် ထိုင်သပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Food Court ၂၀၁၈ ခုနှစ်က စတင်တည်ဆောက်နေခြင်းဖြစ်ပြီး ထိုစဉ်ကပင် ကန့်ကွက်မှုများ ပြုလုပ် ခဲ့သော်လည်း ဆက်လက်တည်ဆောက်ခဲ့ရာ ယခုအခါတွင် ပြီးစီးနေပြီဖြစ်သည်။ ယခုလို ဆန္ဒပြ ထိုင် သပိတ်ပြုလုပ်နေခြင်းနှင့်ပတ်သက်၍ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ပြန်လည်တုန့်ပြန်ပြောဆိုမှုများ မရှိသလို မန္တလေးတက္ကသိုလ်အဝင်အထွက်ကိုလည်း ကျောင်းသားကဒ်ပါမှသာလျှင် ဝင်ထွက်ခွင့်ပြု မည်ဟု ကန့်သတ်လိုက်ကြောင်းသိရသည်။
Image may contain: 2 people, outdoor
Image may contain: one or more people, people standing and outdoor
Image may contain: one or more people
Image may contain: one or more people, people standing and outdoor
Image may contain: 1 person, hat and outdoor
Image may contain: one or more people, people standing and outdoor
Image may contain: one or more people, people standing and outdoor
Image may contain: one or more people and outdoor
Image may contain: 4 people, people sitting, child and outdoor
(Unicode)
နိုင်ငံတော်သမ္မတ ညွန်ကြားချက်အား ချိုးဖောက်ကာ လုပ်ကိုင်ဆောင်ရွက်သည့်ကိစ္စအား စစ်ဆေးမှု ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တောင်းဆို
……………………………………………………

မန္တလေးတက္ကသိုလ်အတွင်းရှိ စားသောက်ဆိုင်များအား ဖွင့်လှစ်ခွင့်ပေးရာတွင် နိုင်ငံတော်သမ္မတ ညွန်ကြားချက် ၁/၂၀၁၇ ခုနှစ် အမိန့်ညွန်ကြားစာအားချိုးဖောက်ကာ ၎င်းနှင့် နီးစပ်သည့် လုပ်ငန်း ရှင်များအား လုပ်ပိုင်ဆောင်ရွက်ခွင့်ပေးခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးထားမှုအား ပွင့်လင်းမြင်သာ စွာ ထုတ်ပြန်ခြင်းမရှိပါက ဆန္ဒထုတ်ဖော်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အနေဖြင့် နိုင်ငံတော်သမ္မတညွှန်ကြားချက်အား ချိုးဖောက်ပြီး ၄င်းနှင့်ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့်ပေးသည့်ကိစ္စအား ပညာရေး ဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပြီး ဖြစ်သော်လည်း လေးလကြာသည့်တိုင် ထုတ်ပြန်ပေး ခြင်းမရှိကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(သပိတ်မှောက်ကော်မတီ)ဆိုသည်။
"ပညာရေးဝန်ကြီးဌာနကနေပြီးတော့ အချိန်ဆွဲ ဘက်လိုက်နေတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကနေ စုံစမ်းစစ်ဆေးမှုအဖြေ ထုတ်ပြန်ပေးဖို့အတွက် ဒီနေ့ကနေစပြီး တောင်းဆိုတာပါ။ မရမချင်း ထိုင်သ ပိတ်လုပ်ပြီးတောင်းဆိုသွားပါမယ်"ဟု သပိတ်မှောက်တောင်းဆိုနေသည့် မန္တလေးတက္ကသိုလ်ကျောင်း သား ကိုဝေယံထက်ကပြောသည်။
စုံစမ်းစစ်ဆေးခြင်းကို စက်တင်ဘာ ၇ ရက်ကစတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးညွှန့်နှင့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန် တို့ပါဝင် ခဲ့သည်။
"လေးလကျော်ကြာတဲ့အထိ ပညာရေးဝန်ကြီးဌာနကနေ တိကျတဲ့ စုံစမ်းစစ်ဆေးမှုရလာဒ်ကို တစ်စုံ တစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး"ဟု သပိတ်မှောက် ကော်မတီအဖွဲ့ဝင် မယမင်းသူက ပြောသည်။
ဆန္ဒပြကျောင်းသူများသည် ကျောင်းဝင်းအတွင်း လှည့်လည်၍ ပညာရေးဝန်ကြီးဌာန၏ အချိန်ဆွဲ၍ ဘက်လိုက်သောဖြေရှင်းမှု အလိုမရှိ၊ မှန်ကန် မျှတသော အပြီးသတ် စုံစမ်းစစ်ဆေးမှုရလာဒ် အမြန် ဆုံးထုတ်ပြန်ပေးရေး တို့အရေး၊ မန္တလေးတက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချုပ် အလိုမရှိနှင့်နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့်တည်ဆဲ ဥပဒေများအား ဖောက်ဖျက်ကျူးလွန်သည့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား အမြန်ဆုံးအရေးပေးရေးတို့အရေးဟု ကြွေးကြော် ချီတက်ခဲ့ပြီး ပင်မဆောင်ရှေ့တွင် ထိုင်သပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Food Court ၂၀၁၈ ခုနှစ်က စတင်တည်ဆောက်နေခြင်းဖြစ်ပြီး ထိုစဉ်ကပင် ကန့်ကွက်မှုများ ပြုလုပ် ခဲ့သော်လည်း ဆက်လက်တည်ဆောက်ခဲ့ရာ ယခုအခါတွင် ပြီးစီးနေပြီဖြစ်သည်။ ယခုလို ဆန္ဒပြ ထိုင် သပိတ်ပြုလုပ်နေခြင်းနှင့်ပတ်သက်၍ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ပြန်လည်တုန့်ပြန်ပြောဆိုမှုများ မရှိသလို မန္တလေးတက္ကသိုလ်အဝင်အထွက်ကိုလည်း ကျောင်းသားကဒ်ပါမှသာလျှင် ဝင်ထွက်ခွင့်ပြု မည်ဟု ကန့်သတ်လိုက်ကြောင်းသိရသည်။
#PeopleMedia

No comments:

Post a Comment

My Blog List